နောက်ပါသံဃာတော်များခြံရံလျှက် ဆရာတ်ာဘုရားကြီးကြွချီတော်မူလာစဉ် |
အတောင်
(၄၀၀) ပြည့်ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ဆောက်တော် မူခဲ့သော
ဝင်းစိန်တောရ ဆရာတော်ဘုရားကြီးသည့် ယနေ့ နံနက် (၇း၀၀) နာရီမှ စတင်ပြီး မုဒုံမြို့
ဗိုလ်ချုပ်လမ်းအတိုင်း မြို့အန္တရာယ်ကင်းရှင်းရေးအတွင် နောက်ပါသံဃာတော် (၃၀၀)
ကျော်နှင့်အတူ ကြွချီတော်မူခဲ့သည်။
လာရောက်ဖူးမျှော်သူတပည့်ဒါယကာ/ဒါယကာမများအား ပန်းစည်းဖြင့်ရိုက်ကာ မေတာပို့နေစဉ် |
ဆရာတော်ဘုရားကြီး၏
ဘုန်းတန်ခိုး၊ အာနုဘော်တို့ကို ယုံကြည်ရိုသေလေးစားကြသော
မုဒုံမြို့သူ/မြို့သားအပေါင်းတို့သည် ဆရာတော်ကြီး
ကြွချီတော်မူရာလမ်းတစ်လျှောက်တွင် လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ကြိတ်ကြိတ်တိုး
လှူဒါန်းခဲ့ကြကြောင်း တွေ့ရှိရသည်။
လာရောက်ဖူးမျှော်သူတပည့်ဒါယကာ/ဒါယကာမများအား ပန်းစည်းဖြင့်ရိုက်ကာ မေတာပို့နေစဉ် |
ဆရာတော်သည်
မုဒုံမြို့နယ်တွင်သာမက၊ မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင်ပါ ထင်ရှားကျော်ကြားသော
ထူးမြတ်သည့်ဆရာတော်တစ်ပါးဖြစ်ကြောင်း တပည့်တကာ၊ တကာမ အပေါင်းတို့က ယုံကြည်ကြသည်။ ဆရာတော်သည် ယခုအခါ အတောင် (၄၀၀)
ပြည့်လျောင်းတော်မူဘုရားကြီးထက် ပိုမိုကြီးမားသော အတောင် (၆၀၀) ပြည့်
လျောင်းတော်မူ ဘုရားကြီးတစ်ဆူကိုလည်း တည်ဆောက်လျှက်ရှိသည်။ အလားတူ ဆရာတော်ဘုရား၏ မွေးရပ်မြေဖြစ်သော
မုဒုံမြို့နယ် နိုင်လှုံကျေးရွာအုပ်စု၊ လက်တက်ကျေးရွာတွင်လည်း ဥာဏ်တော် (၁၀၀) ပြည့်
ထိုင်တော်မူရုပ်ပွါးတော်မြတ်တစ်ဆူကိုလည်း တည်ဆောက်လျှက် ရှိရာ ယခုအခါ အတော်အတန်
ပြီးစီးနေပြီဖြစ်သည်။
ဆရာတော်ဘုရားကြီးကြွချီလာရာ လမ်းတစ်လျှောက်တွင် လာရောက်ဖူးမျှော်သူများဖြင့် ကြိတ်ကြိတ်တိုးစည်းကားနေစဉ် |
ဆရာတော်ဘုရားကြီးသည် ယခုကဲ့သို့
မြို့တွင်းသို့ကြွချီတော်မူခြင်းကို တော်သလင်း လပြည့်ကျော် (၉)ရက်နေ့တိုင်
နှစ်စဉ်ပြုလုပ်လျှက်ရှိရာ ယခုနှစ်ပါဆိုလျှင် (၁၀) ကြိမ် ပြည့်မြောက်ပြီဖြစ်သည်။
No comments:
Post a Comment