Tuesday, April 30, 2013

အားမာန်သစ်မူလတန်းပညာအထောက်အကူပြုအဖွဲ့မှ နွေရာသီ English Grammer သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျှက်ရှိ



မုဒုံမြို့နယ်၏ ပညာရေးလူမှုအထောက်အကူပြုအဖွဲ့တစ်ခုဖြစ်သည့် အားမန်သစ် မူလတန်းကလေး ပညာသင်ကြားရေးအထောက်အကူပြု အဖွဲ့သည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အလယ်တန်းအဆင့် ကျောင်းသား/သူများအာ်းEnglish grammer အခမဲ့သင်တန်းကို 22.4.2013တနင်္လညနေ့စ၍ နေ့စဉ် နံနက် (၉း၀၀) နာရီမှ (၁၁း၀၀) နာရီအထိ သင်ကြားပေးလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို ကျွမ်းကျင်ဆရာ/ဆရာမများ၏ အကူအညီဖြင့် ကလေးငယ်စုစုပေါင်း (၉၀) ကျော်အား သင်ကြားလျှက်ရှိပြီး သင်တန်းကာလ အတွင်း ကလေးများအား အဟာရကျွေးမွေးခြင်း၊ သင်ကြားရေး အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးခြင်း အပါအ၀င် အခြားသော ကလေးများအတွက် ပျော်ရွင်စရာ အစီအစဉ်များလည်း ပါဝင်ကြောင်း သိရှိရသည်။



Wednesday, April 24, 2013

မုဒုံမြို့နယ်၊ ကျောက်တစ်လုံး ဟိန္ဒူဘုရားပွဲတော် စည်ကားစွာကျင်းပလျှက်ရှိ


မုဒုံမြို့နယ်ရှိ ကျောက်တစ်လုံး စူဠာမဏိတောင်တော်
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လာရောက်ယှဉ်နွှဲကြသည့် မုဒုံမြို့နယ်၊ ကျောက်တစ်လုံး စူဠာမဏိဟိန္ဒူဘုရားပွဲကို ယမန်နေ့မှစ၍ စတင်ကျင်းပလျှက်ရှိရာ ကျောက်တစ်လုံး တောင်ခြေတစ်ဝိုက် တွင်   အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျှက်ရှိကြောင်းသိရှိရသည်။

 ကျောက်တစ်လုံးစူဠာမဏိဘုရားပွဲတော်သည် မုဒုံမြို့နယ်အတွင်း မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ် ထားရာ ပွဲတော်တစ်ပွဲဖြစ်သည်နှင့် အညီ နှစ်စဉ်ကဆုန်လပြည့်နေ့များတွင်ကျင်းပခဲ့သော်လည်း ယခုနှစ်သည် ၀ါထပ်နှစ်ဖြစ်သည့် အတွက်ကြောင့်လည်း တန်ခူးလပြည့်တွင် ကျင်းပခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

Tuesday, April 23, 2013

ဝင်းစိန်ဆရာတော်ဘုရားကြီး၏ အဓိဌာန်ရေသပ္ပါယ်ပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပခဲ့

ဝင်းစိန်ဆရာတော်ဘုရားကြီး၏ အဓိဌာန်ရေသပ္ပါယ်ပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ကို မြန်မာနှစ်ဆန်း (၁) ရက်နေ့က မုဒုံမြို့၊ သာသနာ့ဗိမာန်တော်အတွင်း ကျင်းပခဲ့ရာ တပည့်ဒါယကာ/ဒါယိကာမများ တက်ရောက်ကြည်ညို ပရိတ်တရားတော်နာယူခဲ့ကြကြောင်း သိရှိရသည်။
နှစ်ဆန်း (၁)ရက်နေ့တွင် ပရိတ်တရားတော်လာရောက်နာယူကြသော တပည့်ဒါယကာ/ဒါယိကာမများ

မြို့တွင်းသို့ ပရိတ်တရားတော်များ လာရောက်ချီးမြင့်စဉ်

သံဃာတော်များမှ မြို့တွင်းသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်စဉ်

ပရိတ်တရားတော်ချီးမြင့်ကြသော ဆရာတော်ကြီးများနှင့် တပည့်ဒါယကာများ

ဆရာတော်ကြီးအား ရေသန့်စင်ကြည်ညိုနေစဉ်

သင်္ကြန်ကာလအတွင်း ဆရာတော်ဘုရားထံတွင် လာရောက်ရဟန်းပြုခဲ့သော သရုပ်ဆောင်ဟိန်းဝေယံနှင့် ဆရာတော်ဘုရား

Monday, April 15, 2013

သင်္ကြန်အကြတ်နေ့ မုဒုံမြို့မြင်ကွင်းဓါတ်ပုံများ

ဗဟိုမဏ္ဍပ်ရှေ့
ဗဟိုမဏ္ဍပ်ရှေ့မြင်ကွင်း

ဗိုလ်ချုပ်လမ်း

ရေပက်ခံထွက်သူများ

ဗိုလ်ချုပ်လမ်းမြင်ကွင်း
သင်္ဘောဦးဘုရားရှေ့

ကန်ကြီးကန်ဆင်းလမ်း

ကန်ကြီးဘုရားဝင်အတွင်း

ဆင်နှစ်ကောင်စောင်းတန်း

ကန်ကြီးကန်ဆင်းလမ်း

ကန်ကြီးဘုရားဝင်းအတွင်း (မိုးရွာနေစဉ်မြင်ကွင်း)

ကန်ကြီးဘုရားရှေ့ (မိုးရွာနေစဉ်)

ဆင်နှစ်ကောင်စောင်းတန်း

Saturday, April 13, 2013

မုဒုံမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများတွင် သင်္ကြန်ကာလ တရားစခန်းများ ဖွင့်လှစ်လျှက်ရှိ

              မုဒုံမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများတွင် သင်္ကြန်လာလ တရားစခန်းများ ဖွင့်လှစ်နေပုံမြင်ကွင်းအား လက်လမ်းမီသမျှ တင်ပြလိုက်ပါသည်။
(ဓါတ်ပုံများကို ဦးမြင့်ဦးမှ ပေးပို့လာပါသည်)
မုဒုံမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာ မုခ်ဦး
မုဒုံမြို့မိုးကုတ်ဝိပဿနာကျောင်း
မိုးကုတ်ဝိပဿနာကျောင်းအတွင်း တရားအားထုတ်မည့်နေရာများ စီစဉ်နေပုံ
မုဒုံမြို့ ၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အောင်ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း
အောင်ဓမ္မရိပ်သာဓမ္မာရုံပေါ်က ကမ္မဋ္ဌာန်းတရားအားထုတ်နေသူများ
မုဒုံမြို့၊ ဓမ္မဒူတရိပ်သာစာသင်တိုက်
မုဒုံမြို့နယ် သာယာကုန်ကျေးရွာ မဟာစည်ကျောင်း
မုဒုံမြို့ မြို့မ မဟာစည်သာသနာ့ရိပ်သာ

မုဒုံမဟာသင်္ကြန်ဖွင့်ပွဲ (ဗွီဒီယိုဖိုင်)

မုဒုံမြို့နယ်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်လှစ်ခြင်း

1374 ခုနှစ် မုဒုံမြို့နယ် မဟာသင်္ကြန်ဖွင့်ပွဲကို ယနေ့ (၁၃-၄-၂၀၁၃) မဟာသင်္ကြန်အကြိုနေ့ ညနေ (၆း၀၀) နရီက မုဒုံမြို့နယှ်ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများ ရပ်ကွက်ကျေးရွာများမှ ယိမ်းအကအဖွဲ့ဝင်များ တက်ရောက်ကြပြီး အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေသိန်း၊ စီမံကိန်းဦးစီးဌာနမှူး ဦးလှရွှေတို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြသည်။   ယနေ့ညတွင် ယိမ်းအကများ၊ မုဒုံမြို့နယ်မှ တေးသံရှင်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ်

ဖဲကြိုးဖြတ်မဖွင့်လှစ်မီ
ဖဲကြိုးဖြတ် မဖွင့်လှစ်မီ
ရပ်ကွက်အလိုက် လာရောက်ဖျော်ဖြေ ကပြကြမည့် ယိမ်းသမလေးများ
ဖဲကြိုးဖြတ်ဖွင့်လှစ်စဉ်

ဗဟိုမဏ္ဍပ်ဖွင့်လှစ်စဉ်

တက်ရောက်လာသော ဧည့်သည်တော်များ
ယိမ်းသမလေးများ
ဖွင့်ပွဲမြင်ကွင်း