ဗိုလ်ချုပ်လမ်းတစ်လျှောက် မြို့တော်ခန်းမအထိ ဆိုင်ကယ်များတန်းစီစောင့်ဆိုင်းနေစဉ် |
ယနေ့
(၂-၁၀-၂၀၁၂) ရက်နေ့ နံနက်ပိုင်းမှစ၍ မုဒုံမြို့နယ်အတွင်း
လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်များပြုလုပ်ပေးလျှက်ရှိကြောင်းသိရှိရသည်။ လိုင်စင်များပြုလုပ်ပေးရာတွင် တန်းစီ နစ်ဖြင့်
ပြုလုပ်ပေးလျှက်ရှိခြင်းကြောင့် လိုင်စင်ပြုလုပ်လိုသူများသည် မနေ့ည (၁-၁၀-၂၀၁၂)
ရက်နေ့မှစ၍ မြို့တော်ခန်းမ (ရွှေဟင်္သာခန်းမရှေ့) မှ ဗိုလ်ချုပ်လမ်းအတိုင်း၊ ထိုမှ
မြစေတီလမ်းအတိုင်း၊ ထိုမှ အထက (၂) ကျောင်းလမ်း (အနီကျောင်းလမ်း) အတိုင်း
စုစုပေါင်း အစီ (၈၀၀) ကျော် (၉၀၀) နီးပါးခန့် ညအိပ်တန်းစီစောင့်ဆိုင်ခဲ့ကြရသည်။
မြစေတီလမ်းတစ်လျှောက်မှ ဗိုလ်ချုပ်လမ်းအထွက်ထိ ဆိုင်ကယ်များတန်းစီစောင့်ဆိုင်နေစဉ် |
မွန်ပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်များကို သြဂုတ်လမှစ၍
စတင်ပြုလုပ်ပေးခဲ့ရာ မုဒုံမြို့သို့ စုစုပေါင်း (၃) ကြိမ်တိုင်တိုင်
ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့လိုင်စင်ပြုလုပ် ခြင်းများကို
(၄-၂-၂၀၁၂) ရက်နေ့တွင် ရပ်နားမည်ဟု ဆိုထားခြင်းကြောင့်လည်း ယခုအခါ
လိုင်စင်လာရောက်လျှောက်ထားသူများ ပိုမိုများပြားလျှက်ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment