Tuesday, October 30, 2012

သီတင်းကျွတ်လပြည့်နေ့ည ကန်ကြီးစေတီတော်ရင်ပြင်တွင် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲအခမ်းအနားကျင်းပ



ဆီမီး (၉၀၀၀) ဖွင့်ပွဲအခမ်းအနားကျင်းပနေပုံ
ဆီမီး (၉၀၀၀) ဖွင့်ပွဲအခမ်းအနားကျင်းပနေပုံ
ဖွင့်ပွဲအခမ်းအနားအပြီး စေတီတော်ရင်ပြင်တွင် အောင်မြင်ခြင်းအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်လွှတ်နေပုံ
သီတင်းကျွတ်လပြည့်နေ့အခါသမယသည် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအခါတော်နေ့ဖြစ်သည်နှင့်အညီ မုဒုံမြို့ ကန်ကြီးစေတီတော်တွင် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော ဆီမီး (၉၀၀၀) ကပ်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ကန်ကြီးရင်ပြင်၌ ယနေ့ည (၇း၂၀) တွင်ကျင်းပရာ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ကန်ကြီးဂေါပကအဖွဲ့ဝင်များ၊ မုဒုံမြို့သူမြို့သားများ၊ ရပ်နီးရပ်ဝေးမှ ဧည့်ပရိတ်သများ တက်ရောက်ကုသိုလ်တော်ယူခဲ့ကြောင်းသိရှိရသည်။ 
သီတင်းကျွတ်လပြည့်နေ့  ကန်ကြီးစေတီတော်ရင်ပြင်အတွင်းကျင်းပခဲ့သည့် ပုံများအား ရပ်ဝေး/ရပ်နီးမှ မုဒုံမြို့သူ/သားများ၊ မုဒုံမြို့ချစ်သူများ တွေ့မြင်ခံစား ကုသိုလ်တော်ပွါးများနိုင်စေရန် တင်ပြလိုက်ပါသည်။

သီတင်းကျွတ်လပြည့်ညနှင့်အတူ တင့်တယ်နေသော ကန်ကြီးစေတီတော်မြတ်နှင့် ဘုရားဖူးလာဧည့်သည်များ

သီတင်းကျွတ်လပြည့်ညနှင့်အတူ တင့်တယ်နေသော ကန်ကြီးစေတီတော်မြတ်နှင့်ဘုရားဖူးလာဧည့်သည်များ

ဆီမီး (၉၀၀၀) ကပ်လှူပူဇော်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များ

Monday, October 29, 2012

သီတင်းကျွတ်လပြည့်နေ့ မုဒုံမြို့ ဆွမ်းကြီးလောင်းပွဲတော် မြင်ကွင်းများ

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်နှင့်အညီ မုဒုံမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းကြီးလောင်းလှူပွဲတော်ကို ကျင်းပလျှက်ရှိသည်။ ထို့ကြောင့် အဝေးရောက် မုဒုံသား/သူများအနေဖြင့် မိမိမြို့အား အလွမ်းပြေ ခံစားကြည့်ရှုနိုင်စေရန် မုဒုံမြို့၏ သီတင်းကျွတ်လပြည့်နေ့ ဆွမ်းကြီးလောင်းလှူပွဲတော်မြင်ကွင်းများအား တင်ပြလိုက်ပါသည်။
မုဒုံမြို့ အထက (၂) ဆရာ/မ များနှင့်ကျောင်းသား/သူများ၏ ကုသိုလ်တော်ပဒေသာပင်မဏ္ဍာပ်

မုဒုံမြို့ အထက (၁) ကျောင်းသား/သူ၊ ဆရာ/မ များ၏ ကုသိုလ်တော် ပဒေသာပင်မဏ္ဍာပ်

မုဒုံမြို့ ဘာသာရေးလုပ်ငန်းများ ကူညီပံ့ပိုးရေးလူငယ်အဖွဲ့ (အောင်ကောင်းမြတ်ဂုဏ်လူငယ်အဖွဲ့)

မုဒုံမြို့ မြို့နယ်လုံးကျွတ်ဆွမ်းကြီးလောင်းလှူရေးဗဟိုမဏ္ဍာပ်မြင်ကွင်း

မုဒုံမြို့ပေါ်ရှိဆွမ်းလောင်းအသင်းများစုပေါင်း၍ ဒံပေါက်ဆွမ်းလောင်းလှူရေးမဏ္ဍာပ်

မုဒုံမြို့ပေါ်ရှိဆွမ်းလောင်းအသင်းများစုပေါင်း၍ ဒံပေါက်ဆွမ်းလောင်းလှူရေးမဏ္ဍာပ်

မုဒုံမြို့ စေတနာရှင်လူငယ်အဖွဲ့၏ ဒံပေါက်ဆွမ်းလောင်းလှူရေးမဏ္ဍာပ်
ရပ်ဝေးရပ်နီးမှ မုဒုံသူ/သားများ ကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေ.....

Sunday, October 28, 2012

ကန်ကြီးစေတီတော်ပတ်ဝန်းကျင်ရှုခင်း

ကျပ်သိန်း (၈၀၀) တန်ကုသိုလ်ဖြစ်အခမဲ့ဆေးကုခန်းကြီးမကြာမီဖွင့်လှစ်တော့မည်



မုဒုံမြို့နယ်သူ/နယ်သားများ စုပေါင်းအားဖြင့် တည်ထောင်ခဲ့သော မုဒုံမြို့ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းတွင် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌် မုဒုံမြို့နယ်အတွင်းရှိ ဆရာဝန်များမှ အခမဲ့ဆေးကုသခြင်းများဆောင်ရွက်ပေးလျှက်ရှိရာ တစ်နေ့လျှင် လူနာ (၂၀၀) ကျော်ခန့် အခမဲ့ကုသပေးလျှက်ရှိသည်။ အဆိုပါဆေးခန်းကို မုဒုံမြို့၊ လမ်းမကြီးရပ် မော်-သံလမ်းရှိ ကောင်းလွင်ရတနာရွှေဆိုင်မိသားစုမှ ၄င်းတို့၏နေအိမ်အား အခမဲ့ အသုံးပြုခွင့်ပေးလျှက်ရှိပါသည်။  မုဒုံမြို့နယ်သူနယ်သားများ၏ စေတနာသဒ္ဓါတရားထက်သန်မှု များကြောင့် ယခုအခါ မွန်ပြည်နယ်အစိုးရအဖွဲ့မှ သတ်မှတ်ချထားပေးသော မုဒုံမြို့၊ မြို့မ(၁) ရပ်ကွက် ဒေါနလမ်းရှိ  မြေလွတ်နေရာတွင် ကျပ်သိန်း (၈၀၀) တန် ဆေးခန်းအဆောက်အဦးကြီးကို ခန့်ညားထည်ဝါစွာ တည်ဆောက်ပြီးစီးပြီဖြစ်သည်။ အဆိုပါဆေးခန်းအဆောက်အဦးကို မုဒုံဇာတိဖွား အလှူရှင် ကိုခင်မောင်ဝင်း+မစန်းစန်းဝင်း မိသားစု (ကျောက်မျက်လုပ်ငန်း၊ မန္တလေး) က တစ်ဦးတည်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ဆေးခန်းအဆောက်အဦဖွင့်လှစ်ပွဲကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် မှ လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရပ်ဝေး/ရပ်နီးမှ မုဒုံနယ်သူနယ်သားများ စေတနာ/သဒ္ဓါပွါးများစေရန် သတင်းကောင်းပါးအပ်ပါသည်။

Saturday, October 27, 2012

မုဒုံမြို့ ကန်ကြီးရေပြင်တွင် (138) ကြိမ်မြောက် လှေသဘင်ပွဲကျင်းပမည်

ပြိုင်ပွဲမ၀င်မီအသင်းများ လာရောက်လေ့ကျင့်နေသည်ကို ယနေ့ (၂၇-၁၀-၂၀၁၂) ရက်နေ့ညနေက တွေ့ရပုံ


ယခုနှစ်တွင် (၁၃၈) ကြိမ်မြောက်ရှိပြီဖြစ်တဲ့ မုဒုံမြို့ ကန်ကြီးရေပြင်မှာ ကျင်းပမယ့် လှေသဘင်ပွဲတော်ကို ယခင်နှစ်များထက် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယခုဆိုလျှင် ပြင်ဆင်နေကြပြီဖြစ်သည်။ ယခုနှစ်တွင် ပြိုင်ပွဲဝင် အသင်း (၁၈) သင်းအထိ ရှိလာပြီး မုဒုံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ သာမဟုတ်ပဲ မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးအသင်းပါဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြိုင်ပွဲဝင်မည့်အသင်းတစ်သင်း

ကန်ကြီးစေတီတော်တွင် ဆီမီး (၉၀၀၀) ကပ်လှူပူဇော်မည်


မုဒုံမြို့ ကန်ကြီးစေတီတော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ်လပြည့်နေ ဗုဒ္ဓပူဇနိယ ပွဲတော်အဖြစ် ဆီမီး (၉၀၀၀) ကပ်လှူပူဇော်ပွဲကို ကန်ကြီးစေတီတော် ရင်ပြင်တွင် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းနေ့ နံနက်ပိုင်းတွင် မုဒုံမြို့ ကျောက်တိုင်မှ မုဒုံရဲစခန်းရှေ့အထိ ဆွမ်းကြီးလောင်းလှူပွဲနှင့် စာရေးတံမဲ ကပ်လှူပူဇော်ပွဲကိုလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ရပ်ဝေးမြေရောက် မုဒုံနယ်သားတို့ သဒ္ဓါပွါးများနိုင်စေဖို့ တင်ပေးလိုက်ပါတယ်။.

Tuesday, October 9, 2012

ဝင်းစိန်တောရ (မြိုင်ကုန်း) ဆရာတော်ဘုရားကြီး မုဒုံမြို့အတွင်း လှည့်လည်အပူဇော်ခံ

နောက်ပါသံဃာတော်များခြံရံလျှက် ဆရာတ်ာဘုရားကြီးကြွချီတော်မူလာစဉ်
  အတောင် (၄၀၀) ပြည့်ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ဆောက်တော် မူခဲ့သော ၀င်းစိန်တောရ ဆရာတော်ဘုရားကြီးသည့် ယနေ့ နံနက် (၇း၀၀) နာရီမှ စတင်ပြီး မုဒုံမြို့ ဗိုလ်ချုပ်လမ်းအတိုင်း မြို့အန္တရာယ်ကင်းရှင်းရေးအတွင် နောက်ပါသံဃာတော် (၃၀၀) ကျော်နှင့်အတူ ကြွချီတော်မူခဲ့သည်။
လာရောက်ဖူးမျှော်သူတပည့်ဒါယကာ/ဒါယကာမများအား ပန်းစည်းဖြင့်ရိုက်ကာ မေတာပို့နေစဉ်
 
 ဆရာတော်ဘုရားကြီး၏ ဘုန်းတန်ခိုး၊ အာနုဘော်တို့ကို ယုံကြည်ရိုသေလေးစားကြသော မုဒုံမြို့သူ/မြို့သားအပေါင်းတို့သည် ဆရာတော်ကြီး ကြွချီတော်မူရာလမ်းတစ်လျှောက်တွင် လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ကြိတ်ကြိတ်တိုး လှူဒါန်းခဲ့ကြကြောင်း တွေ့ရှိရသည်။


လာရောက်ဖူးမျှော်သူတပည့်ဒါယကာ/ဒါယကာမများအား ပန်းစည်းဖြင့်ရိုက်ကာ မေတာပို့နေစဉ်

ဆရာတော်သည် မုဒုံမြို့နယ်တွင်သာမက၊ မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင်ပါ ထင်ရှားကျော်ကြားသော ထူးမြတ်သည့်ဆရာတော်တစ်ပါးဖြစ်ကြောင်း တပည့်တကာ၊ တကာမ အပေါင်းတို့က ယုံကြည်ကြသည်။  ဆရာတော်သည် ယခုအခါ အတောင် (၄၀၀) ပြည့်လျောင်းတော်မူဘုရားကြီးထက် ပိုမိုကြီးမားသော အတောင် (၆၀၀) ပြည့် လျောင်းတော်မူ ဘုရားကြီးတစ်ဆူကိုလည်း တည်ဆောက်လျှက်ရှိသည်။  အလားတူ ဆရာတော်ဘုရား၏ မွေးရပ်မြေဖြစ်သော မုဒုံမြို့နယ် နိုင်လှုံကျေးရွာအုပ်စု၊ လက်တက်ကျေးရွာတွင်လည်း ဥာဏ်တော် (၁၀၀) ပြည့် ထိုင်တော်မူရုပ်ပွါးတော်မြတ်တစ်ဆူကိုလည်း တည်ဆောက်လျှက် ရှိရာ ယခုအခါ အတော်အတန် ပြီးစီးနေပြီဖြစ်သည်။

ဆရာတော်ဘုရားကြီးကြွချီလာရာ လမ်းတစ်လျှောက်တွင် လာရောက်ဖူးမျှော်သူများဖြင့် ကြိတ်ကြိတ်တိုးစည်းကားနေစဉ်
          ဆရာတော်ဘုရားကြီးသည် ယခုကဲ့သို့ မြို့တွင်းသို့ကြွချီတော်မူခြင်းကို တော်သလင်း လပြည့်ကျော် (၉)ရက်နေ့တိုင် နှစ်စဉ်ပြုလုပ်လျှက်ရှိရာ ယခုနှစ်ပါဆိုလျှင် (၁၀) ကြိမ် ပြည့်မြောက်ပြီဖြစ်သည်။

Monday, October 8, 2012

မုဒုံမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်းကားစွာ ကျင်းပခဲ့

အရှေ့မင်းတန်းရပ်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက် သံဃာတော်များဆွမ်းဆန်စိမ်းအလှူခံယူတော်မူနေကြစဉ်
 ယနေ့ဟာ တော်သလင်းလပြည့်ကျော် (၈) ရက်ဖြစ်တာနဲ့အညီ မုဒုံမြို့နယ်မှာ နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ မြို့လုံးကျွတ်ဆန်ဆွမ်းလောင်းလှူပွဲတော်ကြီးကို စည်းကားသိုက်မြိုက်စွာနဲ့ မြို့လုံးကျွတ်ဆိုတဲ့အတိုင်း မုဒုံတစ်မြို့လုံး ပါဝင်လောင်းလှူဆင်နွှဲခဲ့ ကြပါတယ်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲဟာ ယခုနှစ်ဆိုလျှင် (၃၈) ကြိမ်တိုင်တိုင် ရှိခဲ့ပြီး ဖြစ်ပြီး မုဒုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသာမက မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်မရော၊ စတဲ့ မြို့နယ်ဝန်းကျင်က ဘုန်းတော်ကြီးများပါ အလှူခံလာရောက်သော ဆန်ဆွမ်းလောင်းလှူပွဲလည်းဖြစ်သည်။ 


စက်သစ်ရပ် မြမာလာလမ်းသို့ သံဃာတော်များဆွမ်းဆန်စိမ်းအလှူခံယူတော်မူရန် စတင်ဝင်ရောက်လာစဉ်
 ဆန်ဆွမ်းလောင်းလှူပွဲကို မုဒုံမြို့ စာစင်လမ်းမကြီးမူလတန်းကျောင်းကနေ နေ့လည် (၁) နာရီအချိန်မှ စတင်ထွက်ခွါပြီး မော်-သံလမ်း၊ ထိုမှ ဗိုလ်ချုပ်လမ်းအတိုင်း၊ ထိုမှ ပိန္နဲတိုက်ရပ်ကွက်တွင်းလမ်းများ၊ ထိုမှ ဗိုလ်ချုပ်လမ်းအတိုင်း သင်္ဘောဦးဘုရားလမ်းအတိုင်း၊ ထိုမှမြို့လယ်အ၀ိုင်း၊ ထိုမှ ဘိုတဲရပ် အရဟံလမ်းအတိုင်း၊ ထိုမှ ပိန္နဲတိုက်လမ်းထဲသို့ပြန်ဝင်ကာ
အင်ကြင်းမြိုင်လမ်းမှထွက်ပြီး ကျောက်တိုင်သို့ဆင်းကာ ကျောင်းသစ်၊ ကွမ်တုံ၊ ကျိုက္ကစင်၊ ကျောင်းနောက်၊ မုဒုံကြီးရပ်ကွက်လမ်းများ၊ ထိုမှ မြနန္ဒာလမ်းအတိုင်း တက်ကာ မြမာလာလမ်း၊ ဒေါနလမ်း၊ စာစင်တပင်ရွှေထီးလမ်းအတိုင်းပြန်တက်ပြီး စာစင်လမ်းမကြီးကျောင်းရှေ့သို့ ၀င်ရောက်လှည့်လည်အလှူခံခြင်းဖြစ်သည်။


စက်သစ်ရပ် မြမာလာလမ်းသို့ သံဃာတော်များဆွမ်းဆန်စိမ်းအလှူခံယူတော်မူရန် စတင်ဝင်ရောက်လာစဉ်
  ယခုနှစ်တွင် သံဃာတော်နှင့်သီလရှင်စုစုပေါင်း (၈၃၀၀) ခန့်ရှိပြီး လောင်းလှူချိန်မှ နေ့လည် (၁) နာရီမှ ည (၇) နာရီ (၁၅) မိနစ်အထိ စံချိန်တင်ကြာမြင့်ခဲ့သည်။ ထိုသို့ လောင်းလှူချိန် ကြာမြင့်ရခြင်းမှာ သံဃာတော်များ ယမန်နှစ်များကထက် အလွန်များပြားခြင်း နှင့် လောင်းလှူကြသော အလှူရှင်များလည်း ပေါများခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ည (၆) နာရီကျော်သည်အထိ သံဃာတော်များ ဆွမ်းဆန်းစိမ်များအလှူခံကြွရောက်တော်မူနေစဉ်
ယခုဆွမ်းဆန်စိမ်းလောင်းလှူသည့် ရက်မတိုင်မီ မနေ့ (တော်သလင်းလပြည့်ကျော် ၇ ရက်) နေ့ကလည်း မုဒုံမြို့နယ် ကမာဝက်တိုက်နယ်တွင် ယခုကဲ့သို့ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော် ခဲ့ကြကြောင်းလည်း သိရှိရသည်။

Saturday, October 6, 2012

ကန်ကြီးစေတီရှေ့က လှပနေတဲ့နေရာ


မုဒုံသားတို့သုံးရန်အတွက် facebook cover sheet

မုဒုံသားတွေအနေနဲ့ facebook သုံးတဲ့အခါ မိမိတို့ wall cover မှာ ကြိုက်နှစ်သက်မယ်ဆိုရင် အသုံးပြုနိုင်အောင် တင်ပေးလိုက်ပါတယ်..

Tuesday, October 2, 2012

မုဒုံမြို့တွင် ဆိုင်ကယ်လိုင်စင်များ (နောက်ဆုံးအနေဖြင့်) ကွင်းဆင်းပြုလုပ်ပေးလျှက်ရှိ

ဗိုလ်ချုပ်လမ်းတစ်လျှောက် မြို့တော်ခန်းမအထိ ဆိုင်ကယ်များတန်းစီစောင့်ဆိုင်းနေစဉ်
 ယနေ့ (၂-၁၀-၂၀၁၂) ရက်နေ့ နံနက်ပိုင်းမှစ၍ မုဒုံမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်များပြုလုပ်ပေးလျှက်ရှိကြောင်းသိရှိရသည်။  လိုင်စင်များပြုလုပ်ပေးရာတွင် တန်းစီ နစ်ဖြင့် ပြုလုပ်ပေးလျှက်ရှိခြင်းကြောင့် လိုင်စင်ပြုလုပ်လိုသူများသည် မနေ့ည (၁-၁၀-၂၀၁၂) ရက်နေ့မှစ၍ မြို့တော်ခန်းမ (ရွှေဟင်္သာခန်းမရှေ့) မှ ဗိုလ်ချုပ်လမ်းအတိုင်း၊ ထိုမှ မြစေတီလမ်းအတိုင်း၊ ထိုမှ အထက (၂) ကျောင်းလမ်း (အနီကျောင်းလမ်း) အတိုင်း စုစုပေါင်း အစီ (၈၀၀) ကျော် (၉၀၀) နီးပါးခန့် ညအိပ်တန်းစီစောင့်ဆိုင်ခဲ့ကြရသည်။
မြစေတီလမ်းတစ်လျှောက်မှ ဗိုလ်ချုပ်လမ်းအထွက်ထိ ဆိုင်ကယ်များတန်းစီစောင့်ဆိုင်နေစဉ်
မွန်ပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင်များကို သြဂုတ်လမှစ၍ စတင်ပြုလုပ်ပေးခဲ့ရာ မုဒုံမြို့သို့ စုစုပေါင်း (၃) ကြိမ်တိုင်တိုင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့လိုင်စင်ပြုလုပ် ခြင်းများကို (၄-၂-၂၀၁၂) ရက်နေ့တွင် ရပ်နားမည်ဟု ဆိုထားခြင်းကြောင့်လည်း ယခုအခါ လိုင်စင်လာရောက်လျှောက်ထားသူများ ပိုမိုများပြားလျှက်ရှိကြောင်း သိရှိရသည်။

ကန်ကြီးကန်တော်မင်္ဂလာနှင့်ကန်ကြီးစေတီတော်ပတ်ဝန်းကျင် ရှုခင်းများ

ကန်တော်မင်္ဂလာနှင့် ကန်ကြီးစေတီတော်၏အလှကို ကန်ကြီးတစ်ဖက်ကမ်းမှ အောင်အေးဘုန်းတော်ကြီးကျောင်းအနီးမှ မြင်ရပုံ

ကန်တော်မင်္ဂလာနှင့် ကန်ကြီးစေတီတော်၏အလှကို ကန်ကြီးတစ်ဖက်ကမ်းမှ ရာဘာတောစပ်အနီးမှ မြင်ရပုံ

ကန်တော်မင်္ဂလာနှင့် ကန်ကြီးစေတီတော်၏အလှကို ကန်ကြီးတစ်ဖက်ကမ်းမှ ဘန်ကလိုအနီးမှ မြင်ရပုံ

ကန်တော်မင်္ဂလာနှင့် ကန်ကြီးစေတီတော်၏အလှကို ကန်ကြီးတစ်ဖက်ကမ်းမှ ရာဘာတောစပ်အနီးမှ မြင်ရပုံ

ကန်တော်မင်္ဂလာနှင့် ကန်ကြီးစေတီတော်၏အလှကို ကန်ကြီးတစ်ဖက်ကမ်း ဂျုံးဂျုံးကျဘုန်းတော်ကြီးကျောင်းလမ်းအနီးမှ မြင်ရပုံ

Monday, October 1, 2012

တော်လသလင်းလပြည့်နေ့ညတွင် မုဒုံမြို့ကန်ကြီးစေတီတော်၌ ဘုရားဖူးများဖြင့် စည်းကားလျှက်ရှိ


   ၁၃၇၄ ခုနှစ် တော်သလင်းလပြည့်နေ့ညက မုဒုံမြို့ ဆံတော်ရှင်ကန်ကြီးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် မုဒုံမြို့နယ်သား/နယ်သား ဒေသခံဘုရားဖူးများဖြင့် စည်းကားခဲ့ကြောင်း သိရှိရပါသည်။


                   ဘုရားဖူးများအနေဖြင့် ၀ါတွင်း/၀ါပကာလများ၏ ဥပုသ်နေ့တိုင်းတွင် ကန်ကြီးစေတီတော်သို့ စုရုံးဘုရားဖူးလာရောက်တတ်ကြပြီး ယင်းနေ့များတွင် ကန်ကြီးစေတီရင်ပြင်၌ ကြိတ်ကြိတ်တိုး စည်းကား လှ၏။

          ကန်ကြီးစေတီတော်ကို ယခုအခါ စေတီတော်၏ ခေါင်းလောင်တော်အထိ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့်စိန်ဖူးတော်အသစ်တင်လှူပူဇော်ခြင်းများကို ၂၀၁၀ ခုနှစ် ဧပြီလက တင်လှူပူဇော်ခဲ့ခြင်း ဖြစ်သည်။