Thursday, May 30, 2013

မုဒုံမြို့ ၊ ရေတောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း


မူလအထက်ရေတောင်ရှိ သာသနိကအဆောက်အဦများ
မုဒုံမြို့ရှိ ရေတောင်လူငယ်ပရဟိတဂေဟာနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် မုဒုံမြို့၏အရှေ့ ဘက် အဇင်းဆည်၏မြောက်ဘက်နှင့် အနောက်ဘက်ကပ်လျှက်တွင်တည်ရှိသော မုဒုံမြို့နယ်ရှိ တစ်ခုတည်းသော နိုင်ငံတော်အသိအမှတ်ပြုပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ပြီး မုဒုံမြို့ ရေတောင်တောရဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တ ပညာဝရ မှစတင်တည်ထောင်ခဲ့သည်။ 
ဤကျောင်းမဖြစ်ပေါ်လာမီ 1962 ခုနှစ်ခန့်တွင် မူလရေတောင် ဆရာတော်အမှ အဇင်းဆည်၏ မြောက်ဘက် တောင်ညိုတောင်တန်းပေါ်တွက် ရေတောင်တောရကျောင်းကို စတင်တည်ထောင်ခဲ့ပြီး သာသနာပြု လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကာ အထက်ရေတောင်ဟု ခေါ်တွင်ခဲ့သည်။  ထို့နောက်ဆရာတော် ယင်းတောင်ခြေတွင်ပင် အလယ်ရေတောင် စခန်းကို ဆက်လက်ထူထောင်ခဲ့ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
1993 ခုနှစ် တွင် ဆရာတော်သည် မုဒုံမြို့နယ်မှ ကျောင်းမနေနိုင်သော မိဘမဲ့ကလေးငယ်များအား ကိုယ်ထူ ကိုယ်ထစာသင်ကျောင်း ဖွင့်လှစ်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို စတင်ထူထောင်ခဲ့ကာ1996 ခုနှစ်တွင် နိုင်ငံတော်မှ မူလတန်းလွန်ကျောင်းအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။  ထိုမှတဖန် မိဘမဲ့ ကလေးသူငယ်များနှင့် လေလွင့်နေသော ကလေးငယ်များအသိဉာဏ်ဗဟုသုတတိုးပွားဖွံ့ဖြိုးစေရန် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာကိုလည်း ထူထောင်ခဲ့သည်။
လက်ရှိ ရေတောင်ပရဟိတကျောင်းတွင် ကျောင်းသားကျောင်းသူ (၂၁၇) ဦးရှိပြီး ဆရာ/ဆရာမ (၈) ဦးဖြင့် စေတနာအလျှောက် လာရောက်သင်ကြားပြသပေးလျှက်ရှိပြီး ကျောင်းအိပ်ကျောင်းစား မိဘမဲ့ကလေး (၄၁) ဦး တို့၏ စားဝတ်နေရေးကိုလည်း တာဝန်ယူပေးလျှက်ရှိသည်။
ထိုကဲ့သို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းများ အဆင်ပြေချောမွှေ့စွာ လည်ပတ်နိုင်ရေးအတွက် ထာဝရငွေပဒေသာပင်များကိုသော်လည်းကောင်း၊ လစဉ်ကြေးများကိုသော်လည်း ကောင်း လှူဒါန်းနိုင်ကြောင်းသိရှိသည်။
လှူဒါန်းလိုသူများအနေဖြင့် ဘဒ္ဒန္တပညာဝရ (ဘကကျောင်းအုပ်ကြီး)၊ ဖုန်း-057-70836၊ 09826296 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ 
စာသင်ဆောင်တစ်ခု


ဘုရားဝတ်ပြုရာနေရာ

ဝတ်ပြုရာနေရာရှိ ဗုဒ္ဓရုပ်ပွါးတော်
 

Wednesday, May 8, 2013

မုဒုံမြို့နယ်ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရား သမိုင်းအကျဉ်း


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ၀င်စိန်သာသနာပြုစခန်ရှိ အတောင် (၄၀၀) ပြည့် လျောင်းတော်မူဘုရားကြီး။
လျောင်းတော်မူဘုရားကြီးမှာ အတောင် (၄၀၀) ရှိပြီးခေါင်းပွဖြစ်ပါသည်။ အတွင်းတွင် (၁၅) တောင်ပတ်လည်အခန်ပေါင်း (၂၀၀) ခန့်ရှိပါသည်။အမြင့်ဆုံးပခုံးတော်နေရာတွင်အထပ်(၈) ထပ်ရှိပါသည်။ အခန်တိုင်းတွင်ရုပ်လုံး၊ ရုပ်ကြွ၊ ပန်းချီ၊ များရှိပါသည်။အမြင့်ပေ(၁၂၀)ရှိတောင်စောင်းတွင် ကျောက်ဖျာများကိုထုထွင်းပြီးခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသည်။
ရည်ရွယ်ချက်---
(၁)ဂုံတော်ကိုးပါးနှင့်ပြည့်စုံသောမြက်စွာဘုရားကိုမမေ့မပျောက်စေရန်ရည်ရွယ်ပြီး။ ကမ္ဘာ့အကြီးဆုံးလျှောင်းတော်မူဘုရားအဖြစ်တည်ဆောက်ခဲ့ပါသည်။
(၂)ဦခေါင်းတော်အနောက်သို့လှည့်ထားသည်မှာ နေရဗာန် အနေအထားဖြစ်ပြီးအရိမေတ္တယျဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားဟော
ကြားတ်ာမူနေဟန်ဖြစ်ပြီး အေးချမ်းသာယာပြီး၊စိင်ချလက်ချနေနိုင်စေရန်ရည်ရွယ်ပါသည်။
ထူခြားချက်---
(၁) လျောင်းတော်မူဘုရားကြီးကိုတည်ဆောက်ခဲ့သူ--
ဝင်းစိန်ဆရာတော်ကြီးမှာ ယ္ခု သက်တော် (၉၃)ျနှစ်ရှိပြီ-ကိုယ်တော်တိုင်ပါဝင်ပြီဘုရားတည်နေခြင်းဖြစ်ပါသည်။
(၂) အင်ဂျင်နီယာမပါ၊ ကန်တော့ပွဲမပေး၊ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရ။ ရံပုံငွေပြဿနာမရှိဘဲတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
(၃) မျက်နှာချင်းဆိုင်အရပ်တွင်ယ္ခုအတောင် (၆၀၀) လျှောင်းတော်မူဘုရာတစ်ဆူကိုဆောက်နေခြင်းဖြစ်ပါသည်။
နတ်လူသာဓုခေါ်စေသော်။

The reclinning Buddha Statue (400 hall-yard-600 feet)
Win Sein Monestry, Mudon, Mon State.
It is a hollow structure, in which there are 200 measuring rooms, 15*15*15 half-yard, at the site of shoulder, it is (8) story high. There are statue and painting of life of Buddha in each room.
The reclinning Buddha Statue is build on a slope of 120 feet high mountain, with much difficult to crush the rocks.
Arms---
(1) The world biggest reclinning Buddha Statue is build to highlight and not to forget the Lord Buddha.
(2) The head of the Buddha Statue is place to the west, Nay-Rha-Ban positon meanning the Buddha (Arhein-Myitta-Ya) is giving a sermon.
(3) The meanning of placing the right hand asiad is to rest assured and to get peace for the country.
Distinct Features---
(1) The presiding monk Win Sein Sayadaw, Who Build this reclining Buddha Statue, is (93) years old, who himself participating the construction work.
(2) The reclinning Buddha Statue is build without Engineer, no serious injury and no finicial problem.
(3) At present Win Sein presiding monk is building another (600 half-yard ) reclinning Buddha Statue.

Friday, May 3, 2013

နှစ်အတန်ကြာ ပိတ်ထားခဲ့သော မုဒုံကန်ကြီးပြတိုက်ပြန်လည်ဖွင့်လှစ်

မုဒုံကန်ကြီးပြတိုက်

အကြောင်းအမျိုးမျိုးကြောင့် နှစ်အတန်ကြာ ပိတ်ထားခဲ့သော ကန်ကြီးစေတီတော်ပြတိုက်ကို မုဒုံမြို့မှ ရပ်မိရပ်ဖ တစ်ဦးမှ ဦးဆောင်ပြီး၊ မုဒုံမြို့မှ ကျေင်းသား/သူ လူငယ်အချို့၏ ကြိုးပမ်းမှုဖြင့် ယခုအခါ အဆိုပါပြတိုက်ကို မူလနေရာဖြစ်သော ကန်ကြီးစေတီတော်ဝင်း ဆင်နှစ်ကောင်စောင်းတန်း၏ ညာဘက်ခြမ်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။ 


     ယခုဖွင့်လှစ်လိုက်သော မုဒုံမြို့၊ ကန်ကြီးစေတီတော်ပြတိုက်တွင် လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာမှ ရှေးဦးလူသားများ ကိုင်ဆောင်အသုံးပြုခဲ့သော ကျောက်လက်နက်ပစ္စည်းများ၊ မွန်လူမျိုးတို့နှင့် ပျူလူမျိုးတို့၏ သမိုင်းအမွှေအနှစ်များ၊ အလောင်းမင်းတရားခေတ် ကျောက်မှုန့်ဖြင့်ရေးခြယ်ထားသော ရှားပါး ပန်းချီပုရပိုက်များ၊ လက်ရာမြောက်လွန်းလှသော ရှေးဟောင်း ပုတီအမျိုးအစားပေါင်းများစွာနှင့် အခြားတန်ဖိုးမဖြတ်နိုင်သော စိတ်ဝင်စားဖွယ် သမိုင်းအမွေအနှစ်များကိုလည်း ခင်ကျင်းပြသထားသည်။

     ပြတိုက်ကို နေ့စဉ် ညနေ (၄း၃၀) တွင် ပုံမှန်ဖွင့်လှစ်ပေးလျှက်ရှိပြီး စေတနာရှင်ကျောင်းသား/သူ လူငယ်များမှ ပြတိုက်နှင့်ပတ်သက်သော ပစ္စည်းများ၏ သမိုင်းရာဇ၀င်များအား အသေးစိတ်ရှင်းလင်း ပြောပြ ပေးသည့် အတွက်လည်း ပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် အသိပညာ ဗဟုသုတများစွာ ရရှိကြမည်ဖြစ်သည့်အတွက် အခါအခွင့်သင့်ပါက မုဒုံကန်ကြီးပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။



ကန်ကြီးပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ

ငယ်ငယ်က အကြွေစေ့ထည့်၍ ကစားခဲ့ဘူးတဲ့နေရာ

ပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ

ရှေးခတ်သုံးငွေဒင်္ဂါးများ

ရှေးခတ်သုံး ငွေဒင်္ဂါးများ

၁၉ ရာစု ငွေဓါး

၁၉ ရာစု ရွှေထည်ငွေထည်ပစ္စည်းများ

အလွန်ရှေးကျသော နတ်ရုပ်

အလောင်းမင်းတရားခတ် မြေမှုန့်ဖြင့်ရေးချယ်ထားသော ပုရပိုက်ပန်းချီများ

မွန်ပုရပိုက်များ

မြေအိုးများ

ရှေးခတ်ပုတီးအမျိုးမျိုး

ပြတိုက်သို့လာရောက်လည်ပတ်သူများအား စေတနာဝန်ထမ်းကျောင်းသူများမှ ရှင်လင်းပြသပေးစဉ်