၁၃၇၄ ခုနှစ် တော်သလင်းလပြည့်နေ့ညက မုဒုံမြို့
ဆံတော်ရှင်ကန်ကြီးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့်
မုဒုံမြို့နယ်သား/နယ်သား ဒေသခံဘုရားဖူးများဖြင့် စည်းကားခဲ့ကြောင်း
သိရှိရပါသည်။
ဘုရားဖူးများအနေဖြင့် ၀ါတွင်း/၀ါပကာလများ၏ ဥပုသ်နေ့တိုင်းတွင် ကန်ကြီးစေတီတော်သို့ စုရုံးဘုရားဖူးလာရောက်တတ်ကြပြီး ယင်းနေ့များတွင် ကန်ကြီးစေတီရင်ပြင်၌ ကြိတ်ကြိတ်တိုး စည်းကား လှ၏။
ကန်ကြီးစေတီတော်ကို ယခုအခါ စေတီတော်၏ ခေါင်းလောင်တော်အထိ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့်စိန်ဖူးတော်အသစ်တင်လှူပူဇော်ခြင်းများကို ၂၀၁၀ ခုနှစ် ဧပြီလက တင်လှူပူဇော်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment