Saturday, November 16, 2013

မုဒုံဝင်းစိန်တောရရှိ လျောင်းတော်မူဘုရားကြီးအား ကမ္ဘာ့လှည့်ခရီးသည်တစ်ဦးမှ မှတ်တမ်းတင်ထားသော (ဗီဒီယိုဖိုင်)

မုဒုံတန်ဆောင်တိုင်မြင်ကွင်းဓါတ်ပုံများ

မုဒုံတန်ဆောင် တိုင်ညမြင်ကွင်းဓါတ်ပုံများကို လက်လှမ်းမီးသမျှတင်ပြလိုက်ပါတယ်။ အဝေးရောက် မုဒုံသူ/မုဒုံသားတွေအတွက်ရည်ရွယ်ပါတယ်။
လမ်းမကြီးဝိဇယလမ်း
မသိုးသင်္ကန်းကို ဆုတောင်းပြည့်ဘုရားရှေ့မှာ ယခုလိုရက်လုပ်ယှဉ်ပြိုင်ကြသည်။

အကြိတ်အနယ်ယှဉ်ပြိုင်နေသော မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ

မသိုးသင်္ကးန်ပြိုင်ပွဲနှင့် ပရိတ်သတ်များ

ဆုတောင်းပြည့်ရှေ့မြင်ကွင်း

တောင်ကလေးဘုန်းကြီးကျောင်း ကထိန်အဖွဲ့က ကလေးတွေလည်း ဖျော်ဖြေနေစဉ်


မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲမြင်ကွင်း

မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲမြင်ကွင်း

သင်္ဘောဦးဘုရားနှင့်ရှင်ဥပဂုတ်မထေရ်မဏ္ဍပ်


ဗိုလ်ချုပ်လမ်းဧရာဝတီဘဏ်ရှေ့မြင်ကွင်း

ဧရာဝတီဘဏ်

ဗိုလ်ချုပ်လမ်း ဆေးရုံရှေ့မှ လမ်းမကြီးအ၀ိုင်းသို့သွားရာမြင်ကွင်း

ဗိုလ်ချုပ်လမ်း ဆေးရုံရှေ့မှ လမ်းမကြီးအ၀ိုင်းသို့သွားရာမြင်ကွင်း


လမ်းမကြီး ၀ိဇယလမ်း



ဘိုတဲ၊ အရဟံလမ်း

လမ်းမကြီး မော်-သံလမ်း

ဘုရားလေးဆူ အင်ကြင်းမြိုင်လမ်း

ဆုတောင်းပြည့်ရှေ့မှာ ဖျော်ဖြေနေတဲ့ မုဒုံကလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Star World  တေးဂီတအဖွဲ့

မသိုးသင်္ကန်းယှဉ်ပြိုင်ရာ ဆုတောင်းပြည့်ရှေ့မြင်ကွင်း

မသိုးသင်္ကန်းဆုပေးပွဲမြင်ကွင်း

မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဆုချီးမြင့်နေစဉ်

Monday, September 30, 2013

အလက သင်္ဘောဦး မြတ်ဆရာပူဇော်ပွဲကျင်းပမည်


မုဒုံမြို့၊ အလက သင်္ဘောဦး (ဘုတ်ကျောင်း) ၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲကို ၂(၂၆-၁-၂၀၁၄) ရက်နေ့တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါ မြတ်ဆရာပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။

ပထမအကြိမ်ကျင်းပမည့် မြတ်ဆရာပူဇော်ပွဲတွင် အလက သင်္ဘောဦး၌ ပညာသင်ကြားပြသခဲ့ကြသော အောက်ဖော်ပြပါ အသက် (၆၀) နှစ်အထက် ဆရာကြီး/ဆရာမကြီးများကို ပူဇော်ကန်တော့သွားရန် ရည်ရွယ်ထားပြီး နာမည် မပါရှိသေးသော ဆရာကြီး/ဆရာမကြီးများရှိပါကလည်း ကျင်းပရေးကော်မတီသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်-(၁) ဦးအုန်းသော် (၂) ဒေါ်ခင်လေး၊ (၃) ဒေါ်အေးသန်း၊ (၄) ဒေါ်ကြင်ကြင်ဝင်း၊ (၅) ဒေါ်ရင်ငွေ၊ (၆) ဒေါ်ကျင်သန်း၊ (၇) ဒေါ်တင်လှ (၈) ဒေါ်အေးကြည်၊ (၉) ဒေါ်ရီရီညွန့်၊ (၁၀) ဦးကြီးစိန်၊ (၁၁) ဒေါ်မြင့်မြင့်သန်း၊ (၁၂) ဒေါ်မြင့်မြင့်ကြည် (၁၃) ဒေါ်ကြည်ကြည်ဝင်း၊ (၁၄) ဒေါ်ရီရီမြင့်၊ (၁၅) ဒေါ်ခင်မြင့်လွင်၊ (၁၆) ဒေါ်အေးအေးမြင့် (၁၇) ဒေါ်တင်ရှိန်၊ (၁၈) ဦးလှဝင်း 
မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီအနေဖြင့် အလက သင်္ဘောဦးတွင် ပညာရည်နို့သောက်စို့ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူဟောင်းများအားလုံး ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ဆက်သွယ်လှူဒါန်းမှုများကို စတင်လက်ခံလျှက်ရှိပြီး ပူဇော်ပွဲကျင်းပမည့်နေ့တွင်လည်း ကျောင်းသား/ကျောင်းသူ ဟောင်းများ စုံညီစွာ တက်ရောက်နိုင်ရေးအတွက် နှိုးဆော်ထားသည်။
ရပ်ဝေး/ရပ်နီးမှ ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်-ဦးအောင်ကြည်စိုး (ကျောင်းအုပ်ကြီး) 09 31407926၊ ကိုတင်ဦး 09 425353053၊ မခိုင်ဝေသွယ်ဦး 09 421729342၊ ကိုညီထွေး (ရွှေသီး) 09 49267258၊ မ၀ါဝါဦး 09 425288114၊ မအိအိမိုး 09 425310802

Tuesday, September 10, 2013

ဒို့ရွှေမုဒုံ လူမှုဖွံ့ဖြိုးရေးအင်အားစု လုပ်ငန်းစတင်အကောင်ထည်ဖော်ဆောင်ရွက်

မကြာမီကာလက မုဒုံမြို့သူ/မြို့သားများဖြင့် ဖွဲ့စည်းခဲ့သော ဒို့ရွှေမုဒုံလူမှုဖွံ့ဖြိုးရေး အင်အားစု သည် 

အဖွဲ့၏ ရည်မှန်းချက်အတိုင်း ပထမအဆင့် လုပ်ငန်းများစတင်အကောင်အထည်ဖော်သည့် အနေဖြင့် မြို့တွင်း လမ်းမကြီးများပေါ်ရှိ ဓါတ်တိုင်များတွင် (၆၅) ၀ပ် မီးသီး (မီးစလောင်းပါ) တပ်ဆင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများဖြစ်သည့် မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်စည်ပင်သာယာရေး အပါအ၀င် မြို့နယ်စီမံကော်မတီများနှင့် အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ ရပြီး အခုလိုပူးပေါင်း အကောင်အထည်ခြင်းဖြစ်သည်။ 

ယခုကဲ့သို့ လမ်းများထွန်းညှိလာနိုင်ခြင်းသည် မြို့သာယာလှပရေးနှင့် မြို့လုံခြုံရေး ကိုပါအထောက်အကူပြုနိုင်ခြင်းကြောင့် အဖွဲ့ရဲ့ ပထမလုပ်ငန်းအဖြစ် စတင်အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း ဒို့ရွှေမုဒုံ အဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

" ကျွန်တော်တို့မြို့မှာက လမ်းမီးမရှိတာ ကြာပြီဗျ.. ကျွန်တော်တို့ ကလေးဘ၀က တောင် ဓါတ်တိုင်မှာ မီးလုံးတွေ မီးချောင်းတွေ တွေ့ဖူးသေးတယ်.. နောက်ပိုင်း အဲဒီ မီးချောင်း တွေ မီးလုံးတွေ မတွေ့ရတာ ကြာပြီပေါ့.. အခုလို မီးတွေလင်းနေတော့ မြို့လည်း သာသာ ယာယာရှိလာတယ်.. နောက် မြို့လုံခြုံရေးအတွက်ပါ အထောက်အကူပြုလာနိုင်တာပေါ့ဗျာ.. 
ဒီအလုပ်က အမှန်တကယ်က စည်ပင်နဲ့ မြို့နယ်လျှပ်စစ် ပူးပေါင်းလုပ်ရမယ့် ကိစ္စပေါ့ဗျာ.. ဒါပေမယ့်လည်း ကျွန်တော်တို့က ဘယ်သူ့အလုပ် ဘယ်ဝါအလုပ်ရယ်လို့ ခွဲမနေတော့ဘူး.. မြို့အတွက် မြို့အကျိုးတွက်ပဲရှေ့ရှုတဲ့အတွက် ဘယ်သူ့အလုပ်မဆို ပူးပေါင်းလုပ်မယ်... သူ့အလုပ် ငါ့အလုပ် ခွဲနေရင် မြို့ပဲနစ်နာမယ်.. နောက်ပြီး အခုဆိုရင် သူတို့ ဌာနဆိုင်ရာ အပိုင်းကလည်း သူတို့နိုင်သလောက်ဝိုင်းကူပေးတဲ့အတွက်လည်း လုပ်ငန်းတွေက ပိုပြီး အဆင်ပြေပြေနဲ့ လုပ်လာနိုင်တာပေါ့.."

ဒို့ရွှေမုဒုံအဖွဲ့သည် မုဒုံမြို့သူမြို့သားအဖွဲ့ဝင်များ၏ တစ်ဦးလျှင် တစ်လ (၁၀၀၀) ကျပ် ထည့်ဝင်သော အလှူငွေများဖြင့် မြို့ဖွံ့ဖြိုးသာယာလှပရေး၊ ချို့တဲ့ပညာသင်ကျောင်း များနှင့် ကျောင်းသားများအားထောက်ပံ့ရေးနှင့် အခြားသော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း များကို လိုအပ်သလိုချက်ချင်းဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသော မုဒုံမြို့၏ အင်အားစု တစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။
 



Monday, September 2, 2013

ဗုဒ္ဓဟောကြားသည့်အနိစ္စ၊ဒုက္ခ၊အနတ္တတရားကိုနားလည်အောင်ကြိုးစားခြင်း


လွန်ခဲ့သည့်နှစ်ပေါင်း(၂၅၅၀)ကျော်ခန့်က မဇ္ဈိမဒေသမှာပွင့်ထွန်းတော်မူခဲ့တဲ့ဂေါတမဗုဒ္ဓကအနိစ္စ၊ ဒုက္ခ၊အနတ္တတရားတွေကို ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီအချိန်တုံးကမဇ္ဈိမဒေသမှာ အယူဝါဒမျိုးစုံဖြစ်ထွန်း ပေါ်ပေါက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ အချို့ဝါဒတွေမှာအနိစ္စနဲ့ဒုက္ခကို လက်ခံထားကြပေမဲ့ အနတ္တကိုတော့အတ္တလို့သာ စွဲစွဲမြဲမြဲလက်ခံထားကြတဲ့အတွက် ဗုဒ္ဓကအနတ္တတရားကို ဟောကြားလိုက်တဲ့အချိန်မှာ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပါတယ်။
လူတွေရဲ့အမြင်မှာ တခုခုပျက်စီးဆုံးရှုံးသွားရင် အနိစ္စ (မမြဲခြင်း)လို့ သတ်မှတ်ထားကြပါတယ်။ ပန်းကန်တစ်လုံးကျကွဲသွားတာ ၊ အရာဝတ္ထု တစ်ခုသစ်ရာမှဟောင်းလာတာ၊ လူတစ်ယောက် ကွယ်လွန်သွားတာတွေကို အနိစ္စဆိုပြီးသံဝေဂယူကြပါတယ်။ ဒါကတော့ခလေးငယ်တွေအပါအ၀င် လူတိုင်းသိတဲ့အနိစ္စတရားပါ။ ဗုဒ္ဓဆိုလိုတဲ့အနိစ္စကအဲဒါထက်ကို အများကြီးနက်နဲပါတယ်။ ဗုဒ္ဓက”သဗ္ဗေသင်္ခါရာအနိစ္စာ”- အကြောင်းတရားတို့၇ဲ့ပြုပြင်စီရင်မှုကြောင့် ဖြစ်ရတဲ့အရာ အားလုံးဟာမမြဲဘူး၊ အမြဲပဲပြောင်းလဲနေတယ် ဖစ်ပျက်တရားတွေ၇ဲ့နှိပ်စက်ခြင်းကို အမြဲခံနေရတယ်လို့အတိအလင်း ဟောခဲ့ပါတယ်။ သက်ရှိသက်မဲ့အရာဝတ္ထုအားလုံးကို ပထ၀ီ၊တေဇော၊အာပေါ၊၀ါယောလို့ခေါ်တဲ့ ဓါတ်ကြီးလေးပါးးနဲ့ဖွဲ့စည်းထားပြီး အဲဒီဓါတ်ကြီးလေးပါးဟာလည်းတည်မြဲမှုမရှိပဲ အချိန်တိုင်းအချိန်တိုင်းဖေါက်ပြန်ပြောင်းလဲနေတယ်။ ကံ၊စိတ်၊ဥတု၊ အဟာရအစရှိတဲ့ အကြာင်းတရားတခုခုကို တည်မှီပြီးဖြစ်လာရတဲ့အကျိုးတရား(ရုပ်)တခုဟာ ဖြစ်ပြီးတာနဲ့ချက်ချင်းပျက်စီး ပျောက်ကွယ်သွားပြီး အဲဒီပျက်စီးပျောက်ကွယ်သွားတဲ့နေရာမှာ နောက်အကြောင်းတရားတခုကြောင့် နောက်ထပ် အကျိုးတရား(ရုပ်)တခုထပ်ဖြစ်လာပါတယ်။ ဒီလိုနည်းနဲ့ပဲရုပ်နာမ်တရားတွေဟာ ဖြစ်လိုက်ပျက်လိုက် နောက်ထပ်ပြန်ဖြစ်လိုက်ပြန်ပျက်လိုက်နဲ့သံသရာလည်နေပါတယ်။ဒါကြောင့်သက်ရှိသက်မဲ့ အရာအားလုံးဟာတကယ်တော့အကြောင်းကြောင့် ဖြစ်ရတဲ့အကျိုးတရားတွေရဲ့ မရပ်မနားဖြစ်ပျက်မှု အစဉ်တန်းကြီးဖြစ် နေပါတော့တယ်။ ဖြစ်ပျက်ကိုသာမန်မျက်စိနဲ့ မမြင်နိုင်လို့ နားလည်ရခက်ပေမဲ့ လုံးဝနားမလည်နိုင်တာမျိုးတော့ လည်းမဟုတ်ပါဘူး။ ဖြစ်ပျက်ပြောင်းလဲမှု အစဉ်သာမရှိခဲ့ရင်သက်ရှိသက်မဲ့ အရာဝတ္ထုတွေငယ်ရာမှကြီးလာမှာ မဟုတ်သလိုသစ်ရာမှ ဟောင်းနွမ်းဆွေးမြေ့ပျက်စီးသွားစရာလည်း အကြောင်းမရှိတော့ပါဘူး။ ဖြစ်ပျက်အစဉ် ကသေးငယ်လွန်း၊ မြန်လွန်းအားကြီးလို့သာ ကျနော်တို့ရဲ့သာမန်မျက်စိနဲ့ မမြင်နိုင်ခြင်းဖြစ်ပါတယ်။ ဗုဒ္ဓရဲ့သဗ္ဗညုတရွှေဥာဏ်တော်ကသာ မြင်နိုင်ပါတယ်။ ဗုဒ္ဓက၇ုပ်တရားတွေဟာ လက်ဖျစ်တတွတ်မှာ ကုဋေငါးထောင်ကျော်၊ နာမ်တရားတွေဟာ ကုဋေတစ်သိန်းကျော် ဖြစ်ပျက်နေတယ်လို့အတိအကျ ဟောခဲ့ပါတယ်။ကျနော်တို့နေ့စဉ်အသုံးပြုနေတဲ့လျှပ်စစ်ပစ္စည်းတိုင်းမှာလျှပ်စစ်ရဲ့ကြိမ်နှုန်းကို50Hz သို့မဟုတ်60Hz ဆိုပြီးးရေးသားဖေါ်ပြထားတာကို သတိပြုမိကြမယ်ထင်ပါတယ်။ ဆိုလိုတဲ့အဓိပါယ်က လျှပ်စစ်ဓါတ်ဟာတဆက်တည်း အဆက်မပြတ်စီးဆင်းနေတာ မဟုတ်ပဲတစ်စက္ကန့်မှာ အကြိမ်ပေါင်း 50သို့မဟုတ်60 စီးလိုက် ၊မစီးလိုက်ဖြစ်နေတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ လျှပ်စစ်စီးဝင်နေတဲ့အချိန်မှာ မီးချောင်းဟာလင်းနေပြီး လျှပ်စစ်မစီးတော့တဲ့အချိန်မှာ မီးမှိတ်သွားပါတယ်။ ဒါပေမဲ့လင်းလိုက်မှိတ်လိုက်က မြန်လွန်းအားကြီးတော့ ကျနော်တို့ရဲ့မျက်စိကမလိုက်နိုင်ပဲ တဆက်တည်းလင်းနေတယ်လို့ထင်ရခြင်းဖြစ်ပါတယ်။ အသံကလည်းဒီအတိုင်းပါပဲ။ စောင်းကြိုးကိုတီးခတ်လိုက်လို့ တုန်ခါမှုကြောင့်ထွက်ပေါ်လာတဲ့ အသံဟာလည်းတဆက်တည်း မဟုတ်ပါဘူး။ နောက်ဥပမာတစ်ခုက ညအမှောင်ထဲမှာမီးစွဲလောင်နေတဲ့ ထင်းစတစ်ခုကိုကိုင်ပြီး အ၀ိုင်းဖြစ်အောင်ခပ်မြန်မြန်လှည့်မယ်ဆိုရင်အဝေးကကြည့်နေတဲ့လူတစ်ယောက်ကမီးစလို့မမြင်ရပဲမီးကွင်းတစ်ခုလိုမြင်ရပါတယ်။ မြန်လွန်းလို့တဆက်တည်း လိုမြင်ရခြင်းဖြစ်ပါတယ်ဲ။ ဒီလိုတစ်စက္ကန့်မှာ အကြိမ်ပေါင်းငါးဆယ်ခြောက်ဆယ် လောက်ပဲဖြစ်ပျက်နေတာကို ကျနော်တို့ကမမြင်နိုင်မကြားနိုင်ရင် ဗုဒ္ဓဟောပြခဲ့တဲ့ကုဋေငါးထောင်ကျော်၊ ကုဋေတစ်သိန်းကျော် ဖြစ်ပျက်မှုကိုမမြင်နိုင်တာ တကယ်တော့မဆန်းပါဘူး။
ဆေးပညာအရကြည့်မယ်ဆိုလို့ ရှိရင်လူ့ခန္ဓာကိုယ်မှာအသေးဆုံး ယူနစ်လို့သတ်မှတ်ထားတဲ့ ဆဲလ်(cell)ထဲကို သွေးလွှတ်ကြော၊ သွေးပြန်ကြောကတဆင့်သွေးတွေ၊ အစာအဟာရတွေ အချိန်ပြည့်ဝင်ထွက်သွားလာနေတာကြောင့် ဆဲလ်အတွင်းမှာမပြောင်းမလဲတည်ငြိမ်နေတဲ့ အချိန်ဆိုလို့ရှိကိုမရှိပါဘူး။ သိပ္ပံပညာနဲ့ကြည့်ရင် သက်ရှိသက်မဲ့အရာဝတ္ထုတွေအားလုံးကို မျက်စိနဲ့မမြင်နိုင်လောက်အောင်သေးငယ်တဲ့ အက်တမ်(Atoms)တွေနဲ့ဖွဲ့စည်းထားတယ်။ အက်တမ်ဟာအရာဝတ္ထုအားလုံး၇ဲ့ အသေးဆုံးယူနစ်ပဲဖြစ်ပါတယ်။ အက်တမ်တစ်ခုကိုပရိုတွန်(Protons)၊ နျူထရွန(်Neutrons)၊ အီလက်ထရွန်(Electrons)တို့နဲ့ ဖွဲ့စည်းထားတယ်၊ ပရိုတွန်နဲ့နျူထရွန်ပေါင်းပြီး နျူကလိယပ်စ်(Nucleus)အနေနဲ့ အက်တမ်၇ဲ့အလည်မှာတည်နေပြီး အီလက်ထရွန်ကနျူကလိယပ်စ်ကို လှည့်ပတ်နေတယ်လို့ဆိုထားပါတယ်။ ဒါဟာအရာဝတ္ထုတွေရဲ့ အသေးဆုံးယူနစ်မှာတည်ငြိမ်မှုမရှိဘူးဆိုတာကို ဖေါ်ပြခြင်းဖြစ်ပါတယ်။ အချို့အက်တမ်ကအချိန်အတိုင်းအတာတခုအထိ တည်ငြိမ်နေပြီးအချို့ကတည်ငြိမ်မှုမရှိပဲ အလိုအလျှောက်ပြိုကွဲပျက်စီးပြီး အခြားအက်တမ်တစ်ခု အဖြစ်ပြောင်းလဲသွားပါတယ်။ ဒီလိုပဲအက်တမ်တွေဟာဖြစ်လိုက် ပျက်လိုက်၊ အခြားအက်တမ်တခုအဖြစ်ကို ပြောင်းသွားလိုက်ထပ်ပျက်လိုက်နဲ့ ဆင့်ကဲဆင့်ကဲဖြစ်နေပါတော့တယ်။ အငယ်ဆုံးယူနစ်ဖြစ်တဲ့ အက်တမ်ကမှမတည်ငြိမ်ရင်အက်တမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူး၊ဆဲလ်၊ တစ်ရှူး၊အင်္ဂါ(Organs)စတဲ့ အရာတွေကတည်မြဲမှုမရှိနိုင်ဘူးဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ ဗုဒ္ဓကအနိစ္စတရားကို အပေါ်ယံသဘောမဟုတ်ပဲ Cellular,Molecular,Atomic level အထိရောက်အောင်အတွင်းကျကျ၊ အခြေခံကျကျ ဟောကြားခဲ့ပါတယ်။ သိပ္ပံပညာရဲ့တွေ့ရှိချက်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း(၂၅၀၀)ကျော်က ဗုဒ္ဓဟောကြားခဲ့တဲ့ အနိစ္စတရားမှန်ကန်ကြောင်း သက်သေပြနေသလိုပါပဲ။ အနိစ္စတရားရဲ့အနှစ်ချုပ်ကတော့ ဖြစ်ပေါ်တည်ရှိခြင်းတရားဟာ မမြဲဘူး၊ အမြဲတမ်းဖေါက်ပြန်ပြောင်းလဲနေတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ အနိစ္စကိုနားလည်သဘောပေါက်ရင်တော့ဒုက္ခနဲ့ အနတ္တကိုနားလည်ဖို့မခဲယဉ်းတော့ပါဘူး။
                                                                                          
Ko Mon Thein Chit

Sunday, September 1, 2013

Myanmar Daily News ပါ မုဒုံတွင် လူငယ်မူးယစ်ဂိုဏ်းများပေါ်ပေါက်နေ ဆိုသည့်သတင်းမဟုတ်မှန်

မုဒုံ (အထက -၁) ကျောင်း

မုဒုံအထကကျောင်းတစ်ကျောင်းမှ ကျောင်းသားအချင်းချင်းအသင်းအဖွဲ့များ စည်းရုံးဖွဲ့စည်းသည့် သတင်းကို အခြေခံကာ Online သတင်းဌာနတစ်ခုဖြစ်သည့် Myanmar Daily News တွင် မကြာမီက ရေးသားခဲ့သော '' မုဒုံတွင် လူငယ်မူးယစ်ဂိုဏ်းများပေါ်ပေါက်နေ" ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ.. မုဒုံအထကကျောင်းတစ်ကျောင်း၏ အထက်တန်းကျောင်း သားလူငယ်တစ်ဦးမှ ရင်ထိုးအမှတ်တံဆိပ်ပုံတူများ ပြုလုပ်ပြီး ကျောင်းသားကျောင်းသူအချင်းချင်း ရောင်းချခဲ့ပြီး အမှတ်တံဆိပ်ရင်ထိုးဝယ်ယူသူများ ကိုလည်း အပြန်အလှန်အကူအညီပေးနိုင်သည့် ကျောင်းသား/သူအဖွဲ့တစ်ခုဖွဲ့ရန် စည်းရုံးဆဲကာလတွင် ကျောင်းဆရာ/ဆရာမများက သိရှိတားဆီးနိုင်ခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရသည်။

ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်တွင်း နာမည်ကြီးသတင်းဂျာနယ် တစ်ခုဖြစ်သော Eleven Daily သတင်းစာနှင့် ကျောင်းအုပ်ကြီးတို့ တွေ့ဆုံရာတွင်လည်း ကျောင်းအုပ်ကြီးမှ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

''သြဂုတ်လ ၂၇ ရက်နေ့က ကျောင်းသားတွေကြားမှာ အသင်းတွေ လုပ်နေတာကြားလို့ အထက်တန်းကလေးတွေကို လိုက်စစ်တာ အသင်းအဖွဲ့ ရင်ထိုးတံဆိပ် (၃/၄) ခုတွေ့တာနဲ့ သိမ်းလိုက်ပါတယ်.. စိတ်ကြွဆေးပြားလို ဟာမျိုးမတွေ့ပါဘူး'' ဟု ပြောကြားခဲ့သည်။

ယခုနှစ်များအတွင်း မုဒုံမြို့နယ်အတွင်း စိတ်ကြွဆေးဝါးရောင်းဝယ် ဖောက်ကားသုံးစွဲသူများကို သက်ဆိုင်ရာမှ မကြာခဏဖမ်းဆီးရမိနေခြင်း ကြောင့်လည်း မြို့နယ်အတွင်း စိတ်ကြွဆေးဝါးသုံးစွဲသူများပြားလျှက်ရှိနိုင် ကြောင်း ခန့်မှန်းကြပြီး ကျောင်းသားလူငယ်များအကြားတွင်လည်း သုံးစွဲမှုများရှိ နိုင်ကြောင်း ခန့်မှန်းသတင်းများသာ ကြားရပြီး လက်တွေ့တွင် ယနေ့ထိ ဖမ်းဆီးရမိမှုမရှိကြောင်းလည်း သိရှိရသည်။

Myanmar Daily News အနေဖြင့် ယခုကဲ့သို့ '' မုဒုံတွင် လူငယ်မူးယစ်ဂိုဏ်းများ ပေါ်ပေါက်နေ'' ဆိုသည့် ခေါင်းစဉ်ဖြင့် ချဲ့ကား ရေးသားခြင်း သည် ပညာရေးထွန်းကားသော မုဒုံမြို့နှင့် ကျောင်းသားလူငယ်များ၏့ ဂုဏ်သိက္ခာအား များစွာ ထိခိုက်စေနိုင်သဖြင့် ဖြစ်စဉ်အမှန်အား သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။

Tuesday, August 13, 2013

မွန်တိုင်းရင်းသားတို့စည်းလုံးညီညွတ်ချိန်တန်ပြီ


မကြာသေးမီက မုဒုံသားတစ်ယောက်သုံးသပ်ရေးသားခဲ့တဲ့ post တစ်ခုကို ဖတ်လိုက်ရတော့ လက်ရှိမွန်လူမျိုးတို့အတွက် သူ့အနေနဲ့ အင်မတန်စေတနာ ထားပြီး လူမျိုးချစ်စိတ်တွေနဲ့ ရေးထားတဲ့အတွက် မုဒုံမြေ ပရိတ်သတ်များ အနေဖြင့်လည်း လေ့လာဖတ်ရှုနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်..
--------------------------------------------------------------------------------------------ရခိုင်တိုင်းရင်းသားပါတီနှစ်ခုကတော့ ပူးပေါင်းကြဖို့ အတော်လေး အခြေအနေကောင်းနေပါပြီ။ ချင်းပါတီနှစ်ခုကလည်း အလားတူပါပဲ။ ကျနော်ဟာ မွန်လူမျိုးတစ်ယောက်ဖြစ်ပေမဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို လေးစားမိတယ်။ ရခိုင်လူမျိုးတွေဟာမျိုးချစ် စိတ်ဓာတ်ပြင်းထန်တယ်၊ အမျိုးသားရေး စိတ်ဓာတ်နိုးကြားတယ်၊ မဟုတ်မခံစိတ်ရှိတယ်၊ ပညာ၇ှင်တွေပေါတယ်၊ မိမိအမျိုးသားအကျိုးအတွက် ဆိုရင်အတ္တနဲ့မာနကို ခ၀ါချနိုင်ကြပါတယ်။ ရခိုင်တွေမျိုးချစ်စိတ်ရှိလို့သာ ကျနော်တို့တိုင်းပြည်ရဲ့ အနောက်ဖက်တံခါးက ဒီလောက်ပဲကျိုးပေါက်တာ။ နို့မဟုတ်ရင်ဒီထက်ပိုဆိုးနိုင်ပါတယ်။ အခုဆိုရင် ရခိုင်ပါတီနှစ်ခုပူးပေါင်းမယ်ဆိုတဲ့ အသံကြားလို့ ရခိုင်တစ်ပြည်နယ်လုံးက တောင်ပြိုကမ်းပြို(landslide) သောင်းသောင်းဖြဖြ ထောက်ခံကြပါတယ်။ အရင်ကထောက်ခံမှုနဲခဲ့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေတခဲနက် ထောက်ခံလာကြပါတယ်။ ဒါဟာစည်းလုံးညီညွတ်ခြင်းရဲ့ အကျိုးတရားတစ်ခုပဲဖြစ်ပါတယ်။ ကျနော်တို့မွန်လူမျိုးတွေဟာ တိုင်းရင်းသားတွေထဲမှာ လူမျိုးကွဲမရှိတဲ့၊ စာပေကွဲပြားမှုမရှိတဲ့တစ်ခုတည်းသော မွန်လူမျိုးဖြစ်ပါတယ်။ ဒါနဲ့တောင် မွန်ပါတီနှစ်ခုကွဲပြားနေတာ အံ့သြမိပါတယ်။ ဒီပါတီနှစ်ခု(2014)ခုနှစ်အကုန်မှာ ပူးပေါင်းဖို့မူအားဖြင့်သဘောတူထားကြပေမဲ့ ကြားရတဲ့သတင်းတွေကတော့ သိပ်မကောင်းလှပါဘူး။ ညှိနှိုင်းဖို့ကြိုးစားဆဲ အနေအထားမှာပဲရှိပါသေးတယ်။ အမျိုးသားအရေး၊ နိုင်ငံ့အရေးလုပ်မယ်လို့ ကြွေးကြော်နေကြတဲ့သူတွေ ဟာမိမိတို့ရဲ့အတ္တနဲ့ မာနတွေကိုချိုးနှိမ်ထားကြရပါမယ်။ မိမိရဲ့အရေးနဲ့နှိုင်းယှဉ်လာရင် အမျိုးသားအရေးနဲ့ နိုင်ငံ့အရေးကို ဦးစားပေးရပါမယ်။ မိမိရဲ့အတ္တနဲ့မာနတွေကို ရှေ့တန်းတင်နေသမျှ ကာလပါတ်လုံးအမျိုးသားရေးအတွက်၊ တိုင်းပြည်အတွက် လုပ်နေပါတယ်လို့ ဘယ်လောက်ပဲပြောပြော ယုံကြည်လို့မရပါဘူး။ မွန်ပါတီနှစ်ပါတီ မပေါင်းဖြစ်ဘူးဆိုရင် (2015)မှာ မွန်ပြည်သူတွေရဲ့ ဆန္ဒမဲရဖို့မသေချာတော့ပါဘူး။  ပါတီကြီးတွေကပဲရသွားပါလိမ့်မယ်။ အချို့ရွာတွေကဆိုရင်မွန်နှစ်ပါတီ မပူးပေါင်နိုင်ရင်ရွာထဲကို ၀င်မလာနဲ့၊ ပါတီဆိုင်းဘုတ်လာမတင်ပါနဲ့လို့ တောင်အသံလွှင့်ထားပါတယ်။ ဒါကြေင့်မွန်ပါတီနှစ်ခုကို အမြန်ဆုံးပူးပေါင်းစေချင်တယ်။ မတူညီတာတွေကို ခဏဘေးဖယ်ထားပြီး အမျိုးသားအရေးဆိုတဲ့ ဘုံရည်မှန်းချက်ကို အတ္တမာနဘေးချိတ်ပြီး ရှေးရှုသွားရမဲ့ အချိန်ရောက်ပါပြီ။ မွန်ပါတီနှစ်ပါတီ ပူးပေါင်းလိုက်မယ်ဆိုရင်တော့ မွန်တိုင်းရင်းသားအားလုံးရဲ့ ထောက်ခံမှုကိုတခဲနက် ရရှိရုံသာမက(2015)မှာ မွန်ပြည်နယ်အတွင်း တောင်ပြိုကမ်းပြိုအနိုင်၇ပြီး မွန်တိုင်းရင်းသားတွေရဲ့အကျိုးကို ယခုထက်ပိုမိုလုပ်ဆောင်ပေးနိုင်မှာကတော့မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါကြောင့်မွန်ပါတီနှစ်ခုအမြန်ဆုံးပူးပေါင်းပြီးတစ်ခုတည်းသောမွန်ပါတီအနေနဲ့မိမိလူမျိုးရဲ့အကျိုးကိုဆထက်တံပိုးတိုးတက်လုပ်ဆောင်နိုင်ပါစေကြောင်းဆန္ဒပြုလိုက်ရပါတယ်။

 Credit To>> Ko Mon Thein Chit

Tuesday, July 16, 2013

“ရွှေမုဒုံ (Golden Mudon) ဆီသို့ အလှမ်း မဝေးတော့ပြီ"





နို်င်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့ မုဒုံသူ မုဒုံသားတွေဟာ တကယ်တော့ အိမ်တစ်အိမ်ရဲ့ စီးပွားရေးကို ဆောင်၇ွက်နေကြရတဲ့ အိမ်ထောင်ဦးစီးတွေနဲ့ တူပါတယ်။ ကိုယ့် အိမ်လေးတိုးတက်အောင် တတ်နိုင်သမျှ ကြံဆောင်ချင်ကြတဲ့ သူတွေပါ။ အိမ်မှာ ကျန်ခဲ့ ကြတဲ့ မြို့ သားတွေက လည်း အိမ်ရှင်မတွေနဲ့ တူပါတယ်။ အိမ်တစ်အိမ်ရဲ့ လိုအပ်ချက်တွေကို စီမံ ဆောင်ရွက် ကြရတဲ့ သူတွေပါ။ ဒီ မိသားစု အိမ် “မုဒုံမြို့” လေးကို ရွှေမုဒုံ Golden Mudon ဖြစ်အောင် ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ဖို့ ဒီလို “ပန်းပွင့်ပုံလေး” လို ကွန်ယက်တစ်ခု စိတ်ကူးကြည့်မိပါတယ်။ သူ့ နိုင်ငံအလိုက် တက်ညီလက်ညီ ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ရွှေမုဒုံ (Golden Mudon) ဆီသို့ အမြန်ဆုံးလှမ်းနိုင်တော့မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံ မှာ ရောက်ရှိနေကြတဲ့ မုဒုံသူမုဒုံသားတွေ ကတော့ အောက်ပါအစီစဉ် အတိုင်း စတင်ဆောင် ရွက်တော့မှာ ဖြစ်တဲ့ အကြောင်း သတင်းပေးရင်း ကျန်ရှိနေတဲ့ နိုင်ငံများမှ မုဒုံမောင်နှမ များလည်း အသီးသီး ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~
မုဒုံမြို့ ၏ ဘက်စုံ တိုးတက်ရာ တိုးတက်ကြောင်း လှုပ်ရှားမှုများတွင် တစ်ဖက် တစ်လမ်း က ပါဝင်နိုင်စေရန်
လစဉ်ကြေး အလှူငွများ (အနည်းဆုံး စင်ကာပူဒေါ်လာ ၅ ဒေါ်လာ) ကို ယခု ဇူလိုင်လမှ စတင်ကောက်ခံပါမည်။ သို့ဖြစ်ပါ ၍ Golden Mudon SG အဖွဲ့ဝင်အဖြစ် စာ၇င်းပေးကြပါရန် နှိုးဆော်အပ်ပါသည်။
ကိုဇော်ဝင်း - ၈၁၁၂၀၄၃၄
ကိုဇေယျာစိုး(ကင်းချောင်း) - ၈၄၀၅၇၃၇၅
ကိုအောင် - ၉၇၃၀၆၇၅၃
ကိုအောင်ဆန်းဝင်း - ၉၃၈၅၂၉၄၃
ကိုဝင်းထွန်းနိင် - ၉၈၈၂၀၆၁၆
ကိုထွန်း(ဗိုလ်သောက်) - ၉၀၆၇၆၇၀၅
မခိုင်ဝေသွယ်ဦး (မဝေ) နှင့် မသီတာဖြိုး ( golden.mudon.sg@gmail.com )
သို့ ဆက်သွယ် စာရင်းပေးသွင်းကြစေလိုပါသည်။ စာရင်းပေးသွင်းရာတွင် လစဉ် မိမိထည့်ဝင်လိုသော ငွေပမာဏ ၊ စာရင်းတွင် ဖော်ပြလိုသော မိမိနာမည် နှင့် ဆက်သွယ်ရန် email နှင့် ဖုန်းနံပါတ် နှစ်ခုလုံး ကို ပါ ဖော်ပြ စေလိုပါသည်။ ဆက်သွယ်လာသော Golden Mudon SG အဖွဲ့ သားများ အား ငွေလွဲရန် bank acc များ အသေးစိတ်ကို အကြောင်းပြန်ပေးသွားပါမည်။
ငွေလှူဒါန်းရာတွင် bank acc ကို add လုပ်သည့်အခါ မိမိ ဖော်ပြစေလိုသော (Golden Mudon SG တွင် စာရင်းထည့်ထားသော) နာမည် ကို reference ထည့်ပေးစေလိုပါသည်။ လွှဲလိုက်သော reference no. များ ကို လည်း သိမ်းထားပေးစေလိုပါသည်။ အလှုငွေလက်ခံ ရရှိကြောင်း ကို သက်ဆိုင် ရာ ဆက်သွယ်ထားသူမှ အကြောင်းပြန်ပေးသွားပါမည်။ ၃ လ တစ်ခါ ငွေ စာရင်းရှင်းတမ်းများနှင့် အလှူ ငွေ လှူ ဒါန်းမှုများ ကို Mudon Facebook group တွင် လည်းကောင်း နှင့် email contact ရှိသူများထံသို့လည်ကောင်း ပေးပို့ တင်ပြပေးသွားပါမည်။ အလှူ ရေစက်လက်နဲ့ မကွာရုံမျှမက မုဒုံ ရွှေမြို့တော်ကြီး ဖြစ်အောင် မုဒုံသူ မုဒုံ သားတို့ တက်ညီ လက်ညီ ဆောင်၇ွက်ကြပါစို့။
(မှတ်ချက် ။ ။ ဤလူများမှ အပ ပြင်ပ အလှူ ခံများ ကို Golden Mudon SG နာမည်ဖြင့် စင်ကာပူ တွင်စေလွှတ်ထားခြင်းမရှိပါ။ သိရှိလိုသည်များ ကို စုံစမ်းမေးမြန်းနိုင်ပါသည်။
By; Ma Wai

Monday, July 15, 2013

ကန်ကြီးကန်ပတ်လမ်းရှိသစ်ပင်များ စတင်ထိန်းသိမ်းဆောင်ရွက်

 မုဒုံမြို့၏ အထင်ရကန်ကြီးကန်တော်မင်္ဂလာ၏ ကန်ပတ်လမ်းစိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးအတွက် ယခုနှစ်တွင် စတင်စိုက်ပျိုးခဲ့သော စိန်ပန်း၊ ငု၊ ပိတောက်ပင်ငယ်များအား ထိန်းသိမ်းခြင်းလုပ်ငန်းများကို မုဒုံလူငယ်တစ်စုမှ စတင်ဆောင်ရွက်နေပြီဖြစ်သည်။  အဆိုပါ ကန်ပတ်လမ်းတွင် လွန်ခဲ့သော နှစ်များတွင်လည်း အပင်များစိုက်ပျိုးခဲ့ကြပြီး 
ထိန်းသိမ်းမှုမရှိခြင်းကြောင့် စိုက်ပျိုးသမျှ ရှင်သန်မှုမရှိခဲ့သဖြင့် ယခုကဲ့သို့ လူငယ်များမှ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဆိုပါသစ်ပင်ထိန်းသိမ်းရာတွင် ပါဝင်သော လူငယ်တစ်ဦးမှ ပာကြားသွားသည်။ '' အပင်တွေကတော့ နှစ်စဉ်လာစိုက်ကြတာပဲ စိုက်ပြီးပစ်ပစ်သွားကြတယ် လှည့်ကိုမကြည့်ကြတော့ဘူး ၊ ဒီနှစ်လည်း ဒီလိုပဲပစ်ထားရင် အပင် (၅၀၀) စိုက် (၁၀) ပင်ရှင်ရင်ကံကောင်းပဲ။ နောက်ပြီး ဒါကို ကျွန်တော်တို့က အနည်းဆုံး (၂) နှစ်လောက် အချိန်ယူထိန်းသိမ်းရမယ်။ ဆောင်းနဲ့နွေဆိုရင် ရေပေးဖို့လိုလာတော့မယ်။ ကျွန်တော်တို့က တစ်ယောက် (၁၀) ပင်နှုန်းနဲ့ ကိုယ့်အပင်ကိုယ်ရှင်အောင် ပြုစုပျိုးထောင်မယ့်နည်းလမ်းနဲ့ တစ်စိုက်မတ်မတ်ဆောင်ရွက်သွားမယ်။ အပင်က လောလောဆယ် (၃၀၀) ကျော်လောက်တော့ရှိတယ်ဆိုတော့ အားလုံး လူအယောက် (၃၀) ကျော် (၄၀) လောက် ကိုယ့်အပင်ကိုယ်ရှင်အောင် တာဝန်ယူထိန်းသိမ်းမယ်ဆိုရင် (၂) နှစ်ကျော်ရင် ကောင်းကောင်းရှင်ပြီလို့ထင်ပါတယ်။ ကျွန်တော်တို့လည်းဒါကို ရေရှည်မျှော်မှန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ " 
မုဒုံကန်ကြီးကန်ပတ်လမ်းသည် လွန်ခဲ့သော (၃) နှစ်ခန့်မှစ၍ ကားများအလွယ်တကူသွားလာနိုင်ရန်ဆောင်ရွက်ခဲ့ပြီး နေ့စဉ်လာရောက်လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိခြင်းကြောင့် ဆောင်းနှင့်နွေရာသီများတွင် လာရောက်လည်ပတ်အပန်းဖြေသူများအတွက် ကန်ပတ်လမ်းအတွင်း သစ်ပင်သစ်ရိပ်များသည် မရှိမဖြစ် လိုအပ်လျှက်ရှိသဖြင့် ကန်ပတ်လမ်းစိမ်းလန်းစိုပြေရေးလုပ်ငန်းများတွင် မုဒုံမြို့သူ/မြို့သားများအနေဖြင့် ယခုထက်ပိုမိုပူးပေါင်းပါဝင်ကြရန် နှိုးဆော်အပ်ပါသည်။ —
စည်းစည်းလုံးလုံးဆောင်ရွက်
ယခုကဲ့သို့ စိတ်ရှည်လက်ရှိပြုလုပ်ရသည်။
အပင်ကာရံရန်အတွက် ၀ါးများကို သယ်ယူလာစဉ်
အပင်အမြန်ကြီးထွားရေး ၀ဲထည့်ရန်အတွက် ပေါင်းသင်းနေစဉ်
အပင်ဝဲထည့်နေစဉ်

Tuesday, June 18, 2013

ကန်ကြီးကန်ပတ်လမ်းရှိ သစ်ပင်များအား ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်



 ကန်ကြီးကန်ပတ်လမ်းကို ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ကားများဖြင့် အလွယ်တကူသွားလာနိုင်ရေးအတွက် ပြုပြင်မှုများဆောင်ရွက်ခဲ့ပြီး လမ်းနှင့် မလွတ်ကင်းသော သစ်ပင်များကိုလည်း ခုတ်လှဲခဲ့သည့်အတွက် ယခင်က သစ်ပင်သစ်ရိပ်တို့ ဖုံးလွှမ်းခဲ့သော ကန်ပတ်လည်သည် ကန်ကတုံးကဲ့သို့ ဖြစ်ခဲ့ရပါသည်။
               ခုတ်လှဲခဲ့သော သစ်ပင်များနေရာတွင် အစားထိုးနိုင်ရန်အတွက်  နှစ်စဉ် မိုးဦးရာသီများတွင် သစ်တောဦးစီးဌာနနှင့် စည်ပင်တို့မှ သစ်ပင်များ လာရောက်စိုက်ပျိုးကြသော်လည်း ထိန်းသိမ်းမှုမရှိခြင်းကြောင့် စိုက်သမျှသစ်ပင်အားလုံးရှင်သန်မှုမရှိကြောင်းလည်း တွေ့ရှိခဲ့ရပါသည်။ ယခုနှစ် မိုးရာသီတွင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မုဒုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများက ကန်ပတ်လမ်းတစ်လျှောက် ပိတောက်၊ စိန်ပန်းနှင့် အခြားအရိပ်ရပင်ပေါင် (၄၀၀) ခန့်ကိုစိုက်ပျိုးပြီးဖြစ်သည်။ 
                သို့ရာတွင် ယခုစိုက်ပျိုးသော သစ်ပင်များသည် လူအများဖြင့် စိုက်ပျိုးမှုကြောင့် စနစ်တကျစိုက်ပျိုးမှု မရှိခြင်း၊ သစ်ပင်များအား နွား/ဆိတ် တို့၏ ဖျက်ဆီးမှုမှ ကာကွယ်ရန် စနစ်တကျကာရံထားမှုမရှိခြင်း နှင့် ပူးပြင်းသော ရာသီများတွင် ရေလောင်ပေါင်းသင်းခြင်းမရှိပါက ယခင်နှစ်များကဲ့သို့ပင် စိုက်ပျိုး သမျှအပင်များ ရှင်သန်မည်မဟုတ်ကြောင်း သုံးသပ်ရပါသည်။
                သို့ဖြစ်ပါ၍  ကန်ကြီးကန်ပတ်လမ်းစိမ်းလန်းစိုပြေရေးအတွက် မုဒုံမြို့ပေါ်ရှိ မြို့သူ/မြို့သားများအနေဖြင့် လူတစ်ဦးလျှင် (၅) ပင် (၁၀) ပင်သော်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း တစ်ပိုင်တစ်နိုင်  စနစ်တကျ တာဝန်ယူ ၀ိုင်းဝန်းထိန်းသိမ်းခြင်းဖြင့် မိမိတို့မြို့ရှိ တန်ဖိုးမဖြတ်နိုင်သော ကန်ကြီးကန်တော်မင်္ဂလာကို အလှဆင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။




Saturday, June 15, 2013

မြို့နယ်စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီကို ပြည်သူ့ဆန္ဒနှင့် အညီဖွဲ့စည်းရန်လိုအပ်


သန့်ရှင်းသာယာလှပသော မြို့တစ်မြို့ဖြစ်ရန် ယင်းမြို့ကို တာဝန်ယူရသော စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်ချက်များသည် လွန်စွာအရေးကြီးသကဲ့သို့ မြို့နေလူထုများ၏ စည်းကမ်းလိုက်နာမှု၊ တာဝန်သိမှု တို့သည်လည်း အလွန်အရေးကြီးပေသည်။  စည်ပင်သာယာရေးအဖွဲ့သည် စည်ပင်နယ်နိမိတ်အတွင်းရှိ အခွန်အရပ်ရပ်မှ ရရှိသော အခွန်ငွေများဖြင့် မြို့သာယာလှပရေးလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲကြရပြီး အခွန်ဝင်ငွေများလျှင်များသည့်အလျှောက် မြို့သာယာလှပရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင် လုပ်ဆောင် နိုင်ကြသည်။  သို့ရာတွင် လွန်ခဲ့သော နှစ် (၂၀) ကျော်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများသည်  စည်ပင် အဖွဲ့တစ်ခုတည်း၏ လုပ်ပိုင်ခွင့်နှင့် အိုင်ဒီယာဖြင့် ဆောင်ရွက်နေခဲ့ရာ စည်ပင်ဝန်ထမ်းများ၏ မြို့ပေါ်စေတနာပါလျှင် ပါသည့် အလျှောက် မြို့များသန့်ရှင်းသာယာလှပလာနိုင်ပြီး စေတနာနည်းပါးလျှင် နည်းပါးသည့်လျှောက် အခွန်ငွေများ ပြုန်းတီးမှုများပြီး မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများမှာ ကျဆင်း လျော့နည်းလာနိုင်ပေ သည်။ ထို့ပြင်        မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများထိရောက် အောင်မြင်ရေး အတွက် မြို့နေလူထု၏ ပူးပေါင်းပါဝင်မှုများ အထူးလိုအပ်ပေရာ နှစ် (၂၀) ကျော်ကာလအတွင်း စည်ပင်၏ ၀င်ငွေနှင့်ကဏ္ဍအလိုက်သုံးစွဲငွေများကို ပြည်သူများ သိရှိခွင့်မရခြင်းကလည်း စည်ပင်သာယာရေး လုပ်ငန်းများ အပေါ် ပြည်သူလူထုပူးပေါင်းပါဝင်မှုများ အလှမ်းဝေးသွားစေပါသည်။
          လက်ရှိ အစိုးရလက်ထက်တွင် အထက်ဖော်ပြပါ အားနည်းချက်များအား ပြုပြင်နိုင်ရေးအတွက် မြို့မိမြို့ဖများနှင့်  ဌာနဆိုင်ရာအချို့မှ ပုဂ္ဂိုလ်များပါဝင်သော မြို့နယ်စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီကို  ဖွဲ့စည်းရန် ညွှန်ကြားလိုက်ပြီဖြစ်သည်။ ထိုညွှန်ကြားချက်အား အပြည့်အ၀လိုက်နာအကောင်အထည်ဖော်နိုင် ပါက မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ၏ ၀င်ငွေ/ထွက်ငွေများကို ပြည်သူများ သိရှိခွင့်ရရှိလာနိုင်ပြီး ယခင်က စည်ပင်ဌာနတစ်ခုတည်း၏ လုပ်ပိုင်ခွင့်နှင့် အိုင်ဒီယာများဖြင့် ဆောင်ရွက်ခဲ့သော မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများတွင် မြို့နေလူထု၏ ဆန္ဒနှင့် အိုင်ဒီယာများအတိုင်း ဆောင်ရွက်လာနိုင်သည့်အတွက် မြို့များ အမြန်ဖွံ့ဖြိုးတိုးတက်လာနိုင်သကဲ့သို့ ပြည်သူလူထု အနေဖြင့်လည်း စည်ပင်သာယာရေးလုပ်ငန်းများ တွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်တော့ မည်ဖြစ်သည်။
            သို့ရာတွင် ဖော်ပြပါ စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရာ၌ မြို့နယ်လူထု၏ အမှန်တကယ်ကြည်ညိုလေးစားသူများဖြစ်ရန်လိုအပ်သကဲ့သို့ မြို့ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် လိုလား သော မြို့မိမြို့ဖဖြစ်ရန်လည်း အလွန်အရေးကြီးပါသည်။ ထို့ပြင် ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝပြီး လက်ရှိ မြို့၏ လူမှုရေးဘာသာရေးလုပ်ငန်းများတွင် ပါဝင်နေသူများဖြစ်သင့်သကဲ့သို့ စည်ပင်သာယာရေး အဖွဲ့ကို ကြီးကြပ်နိုင် သော ပညာအရည်အချင်း၊ အမျှော်အမြင်နှင့် ပြည်သူလူထုယုံကြည်လေးစား အားကိုးလောက်သည့် ပါဝါ ရှိသူ ဖြစ်ရန်လည်း လိုအပ်ပါသည်။ 

             အကြံပြုလိုသည်မှာ စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီသည် မြို့နေလူထု၏ အားကိုးယုံကြည် လေးစားထိုက်သူများဖြင့်သာ ဖွဲ့စည်းရမည့် အဖွဲ့အစည်းဖြစ်သဖြင့် ထိုကဲ့သို့ ဖွဲ့စည်းလိုပါက မြို့နယ်အတွင်း နယ်ပယ်အသီးသီးမှ ဖိတ်ကြားသင့်ဖိတ်ကြား ထိုက်သူရပ်မိရပ်ဖများ အားလုံးအား ဖိတ်ကြားရှင်းလင်းပြီး ယင်းတို့၏ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းပေးရမည်ဟု ယူဆပါသည်။  ထိုကဲ့သို့ ဖွဲ့စည်းခြင်းမရှိဘဲ နီးစပ်ရာ အသိုင်းအ၀ိုင်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါက မြို့နေလူထုယုံကြည်လေးစားသော  အဖွဲ့အစည်းဖြစ်မလာနိုင်သည့်အတွက် နိုင်ငံတော်၏ မူလရည်မှန်းချက်ကိုလည်း အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ပါ၍ မြို့များအမြန်သန့်ရှင်း သာယာလှပပြီး ခတ်မီဖွံ့ဖြိုးလာစေရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ဦးဆောင်နိုင်မည့် မြို့နယ်စည်ပင်သာယာရေးကြီးကြပ်မှုကော်မတီကို မြို့နေလူထု၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းနိုင်ပါစေကြောင်း အကြံပြုတင်ပြအပ်ပါသည်။

Thursday, May 30, 2013

မုဒုံမြို့ ၊ ရေတောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း


မူလအထက်ရေတောင်ရှိ သာသနိကအဆောက်အဦများ
မုဒုံမြို့ရှိ ရေတောင်လူငယ်ပရဟိတဂေဟာနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် မုဒုံမြို့၏အရှေ့ ဘက် အဇင်းဆည်၏မြောက်ဘက်နှင့် အနောက်ဘက်ကပ်လျှက်တွင်တည်ရှိသော မုဒုံမြို့နယ်ရှိ တစ်ခုတည်းသော နိုင်ငံတော်အသိအမှတ်ပြုပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ပြီး မုဒုံမြို့ ရေတောင်တောရဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တ ပညာဝရ မှစတင်တည်ထောင်ခဲ့သည်။ 
ဤကျောင်းမဖြစ်ပေါ်လာမီ 1962 ခုနှစ်ခန့်တွင် မူလရေတောင် ဆရာတော်အမှ အဇင်းဆည်၏ မြောက်ဘက် တောင်ညိုတောင်တန်းပေါ်တွက် ရေတောင်တောရကျောင်းကို စတင်တည်ထောင်ခဲ့ပြီး သာသနာပြု လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကာ အထက်ရေတောင်ဟု ခေါ်တွင်ခဲ့သည်။  ထို့နောက်ဆရာတော် ယင်းတောင်ခြေတွင်ပင် အလယ်ရေတောင် စခန်းကို ဆက်လက်ထူထောင်ခဲ့ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
1993 ခုနှစ် တွင် ဆရာတော်သည် မုဒုံမြို့နယ်မှ ကျောင်းမနေနိုင်သော မိဘမဲ့ကလေးငယ်များအား ကိုယ်ထူ ကိုယ်ထစာသင်ကျောင်း ဖွင့်လှစ်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို စတင်ထူထောင်ခဲ့ကာ1996 ခုနှစ်တွင် နိုင်ငံတော်မှ မူလတန်းလွန်ကျောင်းအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။  ထိုမှတဖန် မိဘမဲ့ ကလေးသူငယ်များနှင့် လေလွင့်နေသော ကလေးငယ်များအသိဉာဏ်ဗဟုသုတတိုးပွားဖွံ့ဖြိုးစေရန် ပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာကိုလည်း ထူထောင်ခဲ့သည်။
လက်ရှိ ရေတောင်ပရဟိတကျောင်းတွင် ကျောင်းသားကျောင်းသူ (၂၁၇) ဦးရှိပြီး ဆရာ/ဆရာမ (၈) ဦးဖြင့် စေတနာအလျှောက် လာရောက်သင်ကြားပြသပေးလျှက်ရှိပြီး ကျောင်းအိပ်ကျောင်းစား မိဘမဲ့ကလေး (၄၁) ဦး တို့၏ စားဝတ်နေရေးကိုလည်း တာဝန်ယူပေးလျှက်ရှိသည်။
ထိုကဲ့သို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းများ အဆင်ပြေချောမွှေ့စွာ လည်ပတ်နိုင်ရေးအတွက် ထာဝရငွေပဒေသာပင်များကိုသော်လည်းကောင်း၊ လစဉ်ကြေးများကိုသော်လည်း ကောင်း လှူဒါန်းနိုင်ကြောင်းသိရှိသည်။
လှူဒါန်းလိုသူများအနေဖြင့် ဘဒ္ဒန္တပညာဝရ (ဘကကျောင်းအုပ်ကြီး)၊ ဖုန်း-057-70836၊ 09826296 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ 
စာသင်ဆောင်တစ်ခု


ဘုရားဝတ်ပြုရာနေရာ

ဝတ်ပြုရာနေရာရှိ ဗုဒ္ဓရုပ်ပွါးတော်
 

Wednesday, May 8, 2013

မုဒုံမြို့နယ်ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရား သမိုင်းအကျဉ်း


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ၀င်စိန်သာသနာပြုစခန်ရှိ အတောင် (၄၀၀) ပြည့် လျောင်းတော်မူဘုရားကြီး။
လျောင်းတော်မူဘုရားကြီးမှာ အတောင် (၄၀၀) ရှိပြီးခေါင်းပွဖြစ်ပါသည်။ အတွင်းတွင် (၁၅) တောင်ပတ်လည်အခန်ပေါင်း (၂၀၀) ခန့်ရှိပါသည်။အမြင့်ဆုံးပခုံးတော်နေရာတွင်အထပ်(၈) ထပ်ရှိပါသည်။ အခန်တိုင်းတွင်ရုပ်လုံး၊ ရုပ်ကြွ၊ ပန်းချီ၊ များရှိပါသည်။အမြင့်ပေ(၁၂၀)ရှိတောင်စောင်းတွင် ကျောက်ဖျာများကိုထုထွင်းပြီးခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသည်။
ရည်ရွယ်ချက်---
(၁)ဂုံတော်ကိုးပါးနှင့်ပြည့်စုံသောမြက်စွာဘုရားကိုမမေ့မပျောက်စေရန်ရည်ရွယ်ပြီး။ ကမ္ဘာ့အကြီးဆုံးလျှောင်းတော်မူဘုရားအဖြစ်တည်ဆောက်ခဲ့ပါသည်။
(၂)ဦခေါင်းတော်အနောက်သို့လှည့်ထားသည်မှာ နေရဗာန် အနေအထားဖြစ်ပြီးအရိမေတ္တယျဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားဟော
ကြားတ်ာမူနေဟန်ဖြစ်ပြီး အေးချမ်းသာယာပြီး၊စိင်ချလက်ချနေနိုင်စေရန်ရည်ရွယ်ပါသည်။
ထူခြားချက်---
(၁) လျောင်းတော်မူဘုရားကြီးကိုတည်ဆောက်ခဲ့သူ--
ဝင်းစိန်ဆရာတော်ကြီးမှာ ယ္ခု သက်တော် (၉၃)ျနှစ်ရှိပြီ-ကိုယ်တော်တိုင်ပါဝင်ပြီဘုရားတည်နေခြင်းဖြစ်ပါသည်။
(၂) အင်ဂျင်နီယာမပါ၊ ကန်တော့ပွဲမပေး၊ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရ။ ရံပုံငွေပြဿနာမရှိဘဲတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
(၃) မျက်နှာချင်းဆိုင်အရပ်တွင်ယ္ခုအတောင် (၆၀၀) လျှောင်းတော်မူဘုရာတစ်ဆူကိုဆောက်နေခြင်းဖြစ်ပါသည်။
နတ်လူသာဓုခေါ်စေသော်။

The reclinning Buddha Statue (400 hall-yard-600 feet)
Win Sein Monestry, Mudon, Mon State.
It is a hollow structure, in which there are 200 measuring rooms, 15*15*15 half-yard, at the site of shoulder, it is (8) story high. There are statue and painting of life of Buddha in each room.
The reclinning Buddha Statue is build on a slope of 120 feet high mountain, with much difficult to crush the rocks.
Arms---
(1) The world biggest reclinning Buddha Statue is build to highlight and not to forget the Lord Buddha.
(2) The head of the Buddha Statue is place to the west, Nay-Rha-Ban positon meanning the Buddha (Arhein-Myitta-Ya) is giving a sermon.
(3) The meanning of placing the right hand asiad is to rest assured and to get peace for the country.
Distinct Features---
(1) The presiding monk Win Sein Sayadaw, Who Build this reclining Buddha Statue, is (93) years old, who himself participating the construction work.
(2) The reclinning Buddha Statue is build without Engineer, no serious injury and no finicial problem.
(3) At present Win Sein presiding monk is building another (600 half-yard ) reclinning Buddha Statue.