Friday, November 30, 2012
မုဒုံမြို့နယ် ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ
လမ်းလျှောက်ပွဲစတင်ရာ မုဒုံမြို့သင်္ဘောဦးဘုရားရှေ့
              မုဒုံမြို့ ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲကို ဒီနေ့ (၁-၁၂-၂၀၁၂) ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ မှ စတင်ခဲ့သည်။ နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသော ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ စနေနေ့နံနက်များတွင် ပြုလုပ်လေ့ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ မြို့ပေါ်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ ဆင်နွှဲကြသည်။ ယနေ့လမ်းလျှောက်ပွဲတွင်  စုစုပေါင်းအင်အား (၃၀၀) ခန့်ဖြင့် မုဒုံမြို့ပတ်လမ်းတစ်လျှောက် တစ်ပတ်လျှောက်ခဲ့ကြပြီး လမ်းလျှောက်ပွဲပြီးဆုံးရာ မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွှဲခဲ့ကြသော ကျောင်းသား/သူလေးများ
Thursday, November 29, 2012
ရှုမ၀တဲ့ အဇင်းဆည်အလှ
အဇင်းဆည်နှင့် ကျိုက်ကမော့တောင်တော်
အဇင်းဆည်နှင့် ကျိုက်ကမော့တောင်တော်
ဆည်ရေလွှတ်ပေါက်မှ ရေလွှတ်ထားချိန်
ရှုလို့မ၀တဲ့ အဇင်းဆည် ရှုခင်းအလှ
ဆည်အတွင်း လှေငယ်တစ်စီး ခုတ်မောင်းနေစဉ်
Tuesday, November 27, 2012
မုဒုံတန်ဆောင်တိုင်
လူများ စတင်စည်ကားစပြုလာသော မုဒုံမြို့ တန်ဆောင်တိုင်ည မြင်ကွင်း (လမ်းမကြီးအ၀ိုင်း ညနေ-၇း၀၀) နာရီ
ဘော်ဒါတို့ရေ မုဒုံတန်ဆောင်တိုင်ကတော့ ညက စည်စည်ကားကားနဲ့ ပြီးဆုံးသွားပါပြီ.. လဆန်း (၁၃) ရက်နေ့ညနေ (၆း၃၀) လောက်မှာ ရွာသွန်းခဲ့သည့် မိုးသည်းထည်မှုကြောင့် (၁၄) ရက်နေ့ည တန်ဆောင်တိုင်ပွဲတော်ဟာ မိုးထိတော့မယ်လို့ မူလက ခန့်မှန်းထားကြပေမယ့် တန်ဆောင်တိုင်ည (၆း၀၀) နာရီလောက်မှ မိုးနည်းနည်း အုပ်ဆိုင်းတာကလွဲပြီး မိုးမရွာခဲ့ပဲ ည (၇း၀၀) နာရီအချိန် မှာတော့ ကောင်းကင်မှ တိမ်တွေကင်စင်ပြီး လမင်းဟာ ယခင်နှစ်များလို ထွန်းလင်းပေးခဲ့တဲ့ အတွက် မုဒုံတန်ဆောင်တိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ယှဉ်နွှဲခဲ့ကြပါတယ်... 
          ဒီနှစ်တန်ဆောင်တိုင်မှာ စတင်တေးဂီတအဖြစ် (လေးဇီးကလပ်၊ ဘစ်ဘတ်  တေးဂီတအဖွဲ့နဲ့အတူ) အယ်လွန်းဝါ၊ ဟန်ထူးလွင်၊ ပူစူး၊ အေသင်ချိုဆွေ စသည့်နာမည်ကြီးအဆိုတော်တွေ ပါဝင်တီဆို   ဖျော်ဖြေခဲ့ပြီးတော့ မော်ဒယ်သရုပ်ဆောင် ခေမီကိုနဲ့အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်..
         မူလက မိုးရိပ်တွေကြောင့် မစည်းကားတော့မလိုဖြစ်ခဲ့ပေမယ့် ည (၈း၀၀) နာရီဝန်းကျင်မှာတော့ ယခင်နှစ်များလိုပဲ မော်-သံလမ်းတစ်လျှောက်မှာ မြို့ခံတွေနဲ့ ကျေးရွာတွေက တက်လာသည့် ပရိတ်သတ် တွေနဲ့ တန်ဆောင်တိုင်ညဟာ အသက်ဝင်ခဲ့ပါတယ်.. ည (၇း၀၀) နာရီမှ မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲကို ယခင်နှစ်တွေကလိုပဲ ကျေးရွာ/ရပ်ကွက်အလိုက်ယှဉ်ပြိုင်ပြီးတော့ ည (၈း၀၀) နာရီမှ ပြီးဆုံးခဲ့ပါတယ်..
          ဒါပေမယ့် ယခင်နှစ်မှာ မီးထွန်းခဲ့တဲ့ ဗိုလ်ချုပ်လမ်း (သင်္ဘောဦးထိပ်မှ ဆေးရုံထိပ်အထိ)၊ စက်သစ်ရပ် မြစေတီလမ်း (အောင်ပြည်သာရှေ့လမ်းဝမှ ကင်ချွန်းဘုရား (မြစေတီဘုရားအထိ)၊ မြနန်ဒါလမ်း (ဒေါ်သန်းမြင့်ဘော်ဒါဆောင်လမ်း)၊ မင်းတန်းဗိုလ်ချုပ်လမ်း (သင်္ဘောဦးထိပ်မှ ကျောက်တိုင်ထိ)၊ တပင်ရွှေထီးလမ်း (ကျောက်ဝိုင်းကျောင်းလမ်းဝမှ စာစင်လမ်းမကြီးကျောင်းရှေ့လမ်းဝအထိ)၊ မော်-သံလမ်း (စာစင်လမ်းမကြီးကျောင်းရှေ့မှ မုဒုံမြို့ဝင်အထိ)၊ ဘုရားလေးဆူရပ် (ဗိုလ်ချုပ်လမ်းတစ်လျှောက်) နေရာတွေမှာ မီးထွန်းခဲ့ခြင်းမရှိတော့တဲ့ အတွက်ကြောင့်လည်း အဲဒီနေရာတွေဟာ အစောပိုင်းနဲ့ ညနက်ပိုင်းတွေမှာ   ခြောက်ကပ်ကပ်ဖြစ်ခဲ့ပါတယ်...
လမ်းမကြီး မော်-သံလမ်း၊ တန်ဆောင်တိုင်ည
                 မီးထွန်းတဲ့လမ်းတွေထဲမှာ တပင်ရွှေထီးလမ်း၊ (စာစင်အလယ်ပိုင်းရပ်)၊ အင်ကြင်းမြိင်လမ်း၊ လမ်းမကြီးမော်-သံလမ်း (ဈေးနားမှ ယခင်ဘီအိုစီရှေ့ထိ)၊ မြို့မဈေးနောက်လမ်း၊ ဘိုတဲအရဟံလမ်း၊ ဗိုလ်ချုပ်လမ်း (ဘိုတဲရှေ့မှ လမ်းမကြီးအ၀ိုင်းအထိ) ပိနဲတိုက်အ၀င်လမ်းများ၊ လမ်းမကြီးအ၀ိုင်းရှေ့မှ ကျွန်းရွာလမ်းသို့ ဖြတ်ထွက်သော ၀ိဇယလမ်း၊ ကျွန်းရွာလမ်းတစ်လျှောက် (လစရ-၂) အထိ၊ မော်-သံလမ်း၊ ဦးပိုးရီအိမ်ရှေ့မှ စာစင်လမ်းမကြီးအထိ) တို့တွင်သာ မီးထွန်းခဲ့သည်။ 
          ဇာတ်ပွဲများကျင်းပမှုကတော့ ယခင်နှစ်များအတိုင်းပဲ လမ်းမကြီးရွှေဟင်္သာဈေးရှေ့တွင် တစ်ပွဲ၊ ကျွန်းရွာလမ်းတွင်တစ်ပွဲ၊ ကျိုက်ကမော့တောင်ခြေတွင်တစ်ပွဲ ကပြခဲ့ပါတယ်... ကျိုက်ကမော့လမ်း တစ်လျှောက်တောင်ခြေအထိမှာတော့ လမ်းလျှောက်သူအနည်းငယ်သာရှိပြီး တောင်ပေါ်တက်ဘုရားဖူးဖို့ အတွက် ကား၊ ဆိုင်ကယ်များကို အသုံးပြုပြီး ည (၈) နာရီကနေ နံနက် (၆) နာရီအထိ အဆက်မပြတ် တက်ရောက်ခဲ့ကြပါတယ်..
 ပထမတော့ မုဒုံတန်ဆောင်တိုင်ည ဓါတ်ပုံတွေကို စုံစုံလင်လင်နဲ့တင်ပေးပို့ အများကြီး မျှော်လင့်ခဲ့တယ်.. အခက်အခဲတစ်ချို့ကြောင့် လက်လှမ်းမီသလောက်ပဲတင်ပေးလိုက်ပါတယ်.. ဘော်ဒါတို့ရေ စိတ်မရှိပါနဲ့...နောက်ဆိုရင် ဒီထက်ကြိုးစားသွားပါ့မယ့်.. ရပ်ဝေးမြေရောက်မုဒုံသားတွေလည်း အားလုံး ကျန်းမာကြပါစေဗျာ..
စတင်တေးဂီတဖျော်ဖြေမည့် မုဒုံမိုးလုံလေလုံအားကစားရုံမြင်ကွင်း (ညနေ (၄း၃၀) အချိန်
သင်္ဘောဦးဘုရားနှင့် ရှင်ဥပဂုတ်တရဟန်းသာပူဇော်ထားမှုမြင်ကွင်း (ညနေ ၆း၀၀) နာရီ
မသိုးသင်္ကန်းရပ်လုပ်ယှဉ်ပြိုင်မည့် ဆုတောင်းပြည့်စေတီတော်ရှေ့မြင်ကွင်း (ညနေ ၆း၀၀) နာရီ
လူများ စတင်စည်ကားစပြုလာသော မုဒုံမြို့ တန်ဆောင်တိုင်ည မြင်ကွင်း (လမ်းမကြီးအ၀ိုင်း ည-၇း၀၀) နာရီ
ရိုးရာမပျက်နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲမြင်းကွင်း (လမ်းမကြီး ဈေးဟောင်းရှေ့နေရာ)
လူစည်ကားနေပြီဖြစ်သော ည (၇း၄၅) အချိန် တန်ဆောင်တိုင်ညမြင်းကွင်
ကျိုက်ကမော့ကလေးဘုရားသို့ တက်ရောက်မည့် ကျွန်းရွာလမ်းတစ်လျှောက် မြင်ကွင်း ည (၉း၀၀) နာရီ (အဆိုပါလမ်းမှာ တောင်ပေါ်သို့ ကားများ ဆိုင်ကယ်များနှင့်သာ သွားရောက်သူများပြားသဖြင့် လမ်းလျှောက်သူနည်းပါးနေပါသည်)
မုဒုံမြို့တန်ဆောင်တိုင်ပွဲတော်၏ ယခုနှစ်ထူးခြားသော ပြပွဲတစ်ခု (ပန်ချီကိုနွယ်တို့အဖွဲ့ဦးဆောင်သော ပန်းပညာရှင်များ၏ ချိုတေးသံဝင်းအတွင်းရှိ ပန်းချီပြပွဲ)
ပန်းချီပြပွဲတစ်ကွက်
ပန်းချီပြပွဲ မြင်ကွင်းတစ်ခု
ည (၁၀း၀၀) နာရီအထိ စည်ကားနေသော လမ်းမကြီး မော်-သံလမ်းတစ်နေရာ
Wednesday, November 21, 2012
မုဒုံမြို့ကန်ကြီးစေတီတော် (၁၉-၁၁-၂၀၁၂) ရက်နေ့မြင်ကွင်း (ဗွီဒီယို)
မုဒုံမြို့ကန်ကြီးစေတီတော်ပရ၀ုဏ်၏ ယခင်နှင့် ယခုရှုခင်း
ကန်ကြီးစေတီတော်ဝင်းအတွင်း (၂၀၁၀) ခုနှစ်က မြင်ရပုံ
ကန်ကြီးစေတီတော်ဝင်းအား ယခု (၂၀၁၂) ခုနှစ်တွင် တွေ့မြင်ရပုံ
မုဒုံမြို့ အာဇာနည်ကျောက်တိုင်
မုဒုံမြို့အာဇာနည်ပန်းခြံနှင့် အာဇာနည်ကျောက်တိုင် (စည်ပင်သာယာရေးဝင်းတွင်တည်ရှိသည်)
Monday, November 19, 2012
ကန်ကြီးကန်ပတ်လမ်းတွင် ထပ်မံတည်ထားကိုးကွယ်ထားသည့် မြတ်ဗုဒ္ဓရပ်တော်မူရုပ်ပွါးတော်
တည်ဆောက်ပြီးစီးတော့မည့် ရပ်တော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်
ရပ်တော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်အား ကန်ကြီးစေတီဘက် ကမ်းမှ ဖူးတွေ့ရပုံ
ရော်ဘာတောတန်းတွေရဲ့အရှေ့ဘက်မှ ကြည်ညိုဖွယ် ဗုဒ္ဓရုပ်ပွါးတော်မြတ်
နှစ်ကျိပ်ရှစ်ဆူကိန်းဝပ်စံပယ်ရာ သင်္ဘောဦ ဂန္ဓကုဋိတိုက်
နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်စံပယ်တော်မူရာ၊ မုဒုံမြို့သင်္ဘောဦးဂန္ဓကုဋိတိုက်အား (၁၉-၁၁-၂၀၁၂) ရက်နေ့ညက မြင်တွေ့ရစဉ်
ကန်ကြီးကန်ပတ်လမ်းတွင် မွန်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းထပ်မံတိုးလာ
ယာယီစံကျောင်းတွင် သီတင်းသုံးနေသော ဆရာတော် ဘဒ္ဒန္တကေတုဝါရ (ဥုးဇင်းဝင်း)
                ယခုရက်ပိုင်းအတွင်းက ကန်ကြီးကန်ရှုခင်းတွေကို ဓါတ်ပုံလိုက်ရိုက်ရင်း.. တစ်ချိန်က ရင်းနှီးဘူးခဲ့တဲ့ မုဒုံမြို့နယ်ကမာဝက်လွီမာန်ထော်ကျောင်းတိုက်က ဥုးကေတုဝါရ (ဥုးဇင်းဝင်း) နဲ့ ဆုံဖြစ်ရင်း.. ဒီပို့စ်လေးကို တင်ဖြစ်လိုက်တာပါ။ 
                   ဆရာတော်ရဲ့ ညီအစ်ကိုမောင်နှမတွေဟာလည်း နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြ တယ်လို့ ဆရာတော်မှ မြွတ်ကြားခဲ့တဲ့အတွက်  နိုင်ငံခြားမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေလည်း ဒီဘလော့ဂ်လေး ထဲအလည်ရောက်ခဲ့လို့ရှိရင် သိနိုင်ဖို့နဲ့ ဆရာတော်တည်ဆောက်နေတဲ့ ကျောင်းတော်ကြီးမှာ အလှူငွေ ထည့်ဝင်လှူဒါန်းနိုင်အောင်လို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်...
                     ဆရာတော်ကို ဆက်သွယ်လှူဒါန်းချင်ရင်တော့ -- 09-8725502၊ 09-5323001 သို့ ဆက်သွယ်လှူ ဒါန်းနိုင်ကြပါတယ်ခင်ဗျား....
ကျပ်သိန်း (၆၀၀) ခန့်ကုန်ကျမည့် ယာဝဘောဇနကျောင်း
                   ဥုးကေတုဝါရ ဟာ မွန်ဆရာတော်တစ်ပါးဖြစ်ပြီးယခင်ကမာဝက်လွီမာန်ထော်ကျောင်းက တိုက်အုပ်တစ်ပါးလည်း ဖြစ်ခဲ့ပါသည်။  ရပ်ရွာဒေသအကျိုးနှင့် မွန်တိုင်းရင်းသား တို့၏ အကျိုးအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးနိုင်သူတစ်ဦးဖြစ်ပြီး လောကီနှင့်လောကုတ္တရာ အကျိုးနှစ်ခုလုံး ကို   ဆောင်ရွက်နေသူဖြစ်ပါတယ်။
              ယခုအခါ ဆရာတော်ဟာ မုဒုံမြို့ပေါ်မှာရှိတဲ့ မွန်တိုင်းရင်းသား/သူများ၊ ဒါယကာ/ဒါယိကာမ များရဲ့ လျှောက်ထားချက်အရ မွန်ပြည်နယ်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် လှူဒါန်းလိုက်တဲ့ ကန်ကြီးကန်းပတ်လမ်းဘေးမှာရှိတဲ့ မြေဧရိယာ (၀.၁၅) ဧကပေါ်မှာ ယာဝဘောဇန လို့အမည်ပေးထားတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို စတင်တည်ထောင်တော်မူနေပြီဖြစ်ပါတယ်။
ကန်ကြီးကန်ပတ်လမ်းဘေးတွင် ခန့်ညားစွာတည်ရှိနေတော့မည့် တည်ဆောက်ဆဲယာဝဘောဇနကျောင်း
လှပသောကောင်းကင်နဲ့ တင့်တယ်စွာစံပယ်တော်မူနေသည့် မုဒုံကန်ကြီးစေတီ
ဒီနေ့ (၁၉-၁၁-၂၀၁၂) ရက်နေ့ကပဲ ရိုက်ပြီးတင်ပေးလိုက်တာပါ။
Saturday, November 10, 2012
မုဒုံမြို့မှ လူမှုရေးကူညီစောင့်ရှောက်မှုများ အပိုင်း (၁) မုဒုံဘိုးဘွားရိပ်သာ
      မုဒုံမြို့နယ်သည် ဘာသာတရားကိုင်းရှိုင်းသော မြို့နယ်တစ်ခုဖြစ်သည်နှင့်အညီ လူမှုကူညီရေးလုပ်ငန်းများ စွာကို အဖွဲ့အလိုက် လုပ်ဆောင်လျှက်ရှိကြပေရာ အဆိုပါလူမှုရေးအဖွဲ့အစည်းများ၏ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရပ်ဝေး/ရပ်နီးရှိ မုဒုံမြို့နယ်သူ/သားများနှင့် မုဒုံဒေသအား စိတ်ပါဝင်စားသူများ၊ လေ့လာလိုသူများအား ဗဟုသုတရရှိ  စေရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လိုပါကလည်း လိုအပ်သလိုပါဝင်ကူညီဆောင်ရွက်နိုင်ရေး အတွက် အခါအခွင့်သင့်လျှင်သင့်သလို ဤဘလော့ဂ်မှ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
အလှူရှင် ဦးဇော်မြင့်+ဒေါ်အေးရှင်မိသားစုမှ လှူဒါန်းထားသော မုခ်ဝ (၂) ခုအနက် တောင်ဘက်အထွက်မုခ်ဝ
မုဒုံဘိုးဘွားရိပ်သာပင်မအဆောက်အဦအား တွေ့ရစဉ်
မုဒုံမြို့ဘိုးဘွားရိပ်သာ
          မုဒုံမြို့နယ်ဘိုးဘွားရိပ်သာကို 1986-87 ခုနှစ်လောက်မှာ စတင်တည်ဆောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး 1989 ခုနှစ်မှ နိုင်ငံတော်အစိုးရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ တရားဝင် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။  ဘိုးဘွားရိပ်သာသည် မုဒုံမြို့၏ တောင်ဘက် မော်-သံလမ်းမ ၏ အနောက်ဘက်ရှိ မြေဧရိယာ (၅.၇၈) ဧကပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။
မုဒုံဘိုးဘွားရိပ်သာမှ  စောင့်ရှောက်ထားသော ဘိုးဘွားများ
လက်ရှိအခြေအနေ
      မုဒုံမြို့နယ်အတွင်းရှိ သားသမီးကျောထောက်နောက်ခံမရှိသော အသက် (၇၀) ကျော် ဘိုးဘွားများအား တာဝန်ယူပြုစုစောင့်ရှောက်ပေးလျှက်ရှိသော မုဒုံမြို့နယ်ဘိုးဘွားရိပ်သာတွင် ယခုအခါ အဘိုး (၂) ဦးအဖွား (၁၉) ဦးပေါင်း စုစုပေါင်းဘိုးဘွား (၂၁) ဦး၏ စားဝတ်နေရး၊ ကျန်းမာရေးတို့ကို ပြုစုစောင့်   ရှောက်ပေးလျှက်ရှိသည်။  ထိုသို့ ပြုစုစောင့်ရှောက်ပေးရာတွင် နေ့စဉ် (ပ်သာဝန်ထမ်းလစာမပါ) ကုန်ကျစရိတ် (၃၅၀၀၀ိ/-) ခန့်ရှိပြီး ထိုငွေများကို ဘိုးဘွားရိပ်သာရှိ အရင်းမပျော်မတည်ငွေများမှ ရရှိသော အတိုးများ၊ မင်္ဂလာဦးဆွမ်းကျွေး၊ မွေးနေ့၊ အခြားသဒ္ဓါဆွမ်းများအဖြစ် လာရောက်လှူဒါန်းမှုများဖြင့် လည်ပတ် လျှက်ရှိသည်။  ဘိုးဘွားများအား နံနက် စာအဖြစ် (လက်ဖက်ရည်+မုန့်)၊ နေ့လည်စာ (ထမင်းဟင်း)၊ နေ့ခင်းဘက် (လက်ဖက်ရည်/ကော်ဖီ) နှင့် ညနေ ထမင်း+ဟင်းများကို အစီအစဉ်တကျ ကျန်းမာရေးနှင့် အညီ ချက်ပြုတ်ကျွေးမွေး လျှက်ရှိသည်။  ကျန်းမာရေစောင့်ရှောက်မှုအနေဖြင့် ပုံမှန်အားဖြင့် တစ်ပတ်လျှင် (၂) ကြိမ်ကျ မုဒုံမြို့မှ   ဒေါက်တာဦးမြင့်ဦး ဦးဆောင်သော မြို့နယ်ဆရာဝန်များမှ ဘိုးဘွားများ၏ကျန်းမာရေးကို ပြုစုစောင့်ရှောက်   ပေးလျှက်ရှိသည်။
ဘိုးဘွားများ၏ မြိန်ရည်ရှက်ရည် ထမင်းဝိုင်း
ဘိုးဘွားများ၏ နေ့လည်စာစားသုံးနေမှုအား နေ့လည်စာအလှူရှင် မင်္ဂလာဦးဇနီးမောင်နှံနှစ်ဦးမှ ကြည်နူးစွာကြည့်ရှုနေစဉ်
            ဘိုးဘွားများ၏ နေ့စဉ် ဝေယျာဝစ္စများကို ရိပ်သာအုပ်ချုပ်ရေးမှူးအပါဝင် ၀န်ထမ်း (၅) ဦးမှ ဆောင်ရွက် လျှက်ရှိပြီး အဆိုပါဝန်ထမ်းများအား ရိပ်သာ၏ ရန်ပုံငွေမှ လစာပေးခန့်ထားခြင်း ဖြစ်သည်။
ရိပ်သာဝန်ထမ်းများ၏ အားထုတ်မှုကြေင့် သန့်ရှင်းသပ်ယပ်နေသော အဘွားဆောင်တစ်ခု
          ရိပ်သာကြီးကြပ်မှုကော်မတီ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ယခုအခါ  မုဒုံမြို့နယ်ဘိုးဘွားရိပ်သာ ယခင်ကထက် များစွာ ဖွံ့ဖြိုးတိုးတက်လာလျှက်ရှိပြီး ရိပ်သာအဆောက်အဦများကို လည်း တိုးချဲ့ တည်ဆောက်လျှက်ရှိရာ အရှည် (အလျား -၄၀ပေ၊ အနံ ၂၂ ပေ) ရှိ သိန်း (၁၆၀) ကျော်ကုန်ကျသည့် အဘွား ဆောင်တစ်ဆောင်ကိုလည်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။ ထို့ပြင် ဘိုးဘွားများ ဖျားနာပါက လူနာဆောင်တစ်ဆောင်ကိုလည်း ထပ်မံတည်ဆောက်သွားမည်ဖြစ်ရာ ယခုအခါ အုတ်မြစ်ချထား   ဆောင်ရွက်ပြီးဖြစ်သည်။ ထိုဖျားနာဆောင်အတွက် အလှူရှင်များလည်း လိုအပ်လျှက်ရှိကြောင်းသိရှိ   ကြောင်းသိရှိရသည်။
ကိုးရီးယားရောက်လူငယ်များမှ မုဒုံဘိုးဘွားရိပ်သာသို့ လှူဒါန်းထားသော မြင်ကွင်းတစ်ခု
             ဘိုးဘွားများသည် သီလစင်ကြယ်သည့် သက်ကြီးဝါကြီးပုဂ္ဂိုလ်များဖြစ်သည့်အတွက် ထိုဘိုးဘွား များအား စောင့်ရှောက်ကူညီခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိခံစားကြမည်ဖြစ် ပါသည်။ ထို့ကြောင့် မုဒုံနယ်သူ/နယ်သားများအနေဖြင့် မိမိတို့ ရပ်ရွာရှိ အမှီအခိုကင်းမဲ့သော ဘိုးဘွားများ အား အောက်ပါအတိုင်း ပါဝင်ကူညီစောင့်ရှောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
(က) ဘိုးဘွားများ နံနက်စာ      -   ၅၀၀၀ ကျပ်
( ခ) နေ့လည်စာ                       - ၁၅၀၀၀ ကျပ်    
( ဂ) ညနေစာ                           - ၁၅၀၀၀ ကျပ်
      တစ်နေ့လုံးစာ                    - ၃၅၀၀၀ ကျပ်
(ဃ) ငွေပဒေသာပင် (အရင်းမပျောက်ငွေ) - စေတနာအလျှောက် ပါဝင်လှူဒါန်းနိုင်သည်။
( င) အဆောက်အဦးပြုပြင်မွမ်းမံခြင်း၊ တည်ဆောက်ခြင်း         -  စေတနာအလျှောက်ပါဝင်လှူဒါန်းနိုင်သည်။
 ပါဝင်လှူဒါန်းလိုပါက  - ဒေါက်တာဦးမြင့်ဦး (ကမ္ဘာအထူးကုဆေးခန်း) မုဒုံမြို့၊ ဖုန်း -05770061
                                    ဦးယုနိုင် (အတွင်းရေးမှူး၊ ဘိုးဘွားရိပ်သာ)မုဒုံမြို့၊ ဖုန်း- 09425281214
                                    ဦးမြင့်ဝင်း (အဖွဲ့ဝင်၊ ဘိုးဘွားရိပ်သာ၊ မုဒုံမြို့၊ ဖုန်း - 09 425262420
                                    ဦးဝမ်းကြည်၊ ရိပ်သာအုပ်ချုပ်ရေးမှူး၊ မုဒုံမြို့၊ ဖုန်း - 057 70207     
အသစ်တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် အဘွားဆောင် (၄၀×၂၂) ပေ
အသစ်တည်ဆောက်ပြီးစီးနေပြီဖြစ်သော အဘွားဆောင်၏ အတွင်းဘက် အချောထည်လုပ်ငန်းဆောင်ရွက်နေစဉ်
အဖွားဆောင်အတွင်းရှိ သန့်ရှင်းသပ်ယပ်နေသော ရေချိုးခန်းနှင့် အိမ်သာခန်းများ
အသစ်တည်ဆောက်ရန် အုတ်မြစ်ချထားသော ဖျားနာဆေးကုသဆောင် (၂၀×၃၀) ပေ
ယနေ့ ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့မုဒုံကို ရောက်ရှိ
၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့ အား မုဒုံမြို့ခံလူထုမှ ကြိုဆိုနေစဉ်
                မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈ ကျောင်းသားများအဖွဲ့ဖြစ်သော ကိုမင်းကိုနိုင်နှင့်အဖွဲ့သည် ယနေ့ မုဒုံစံတော်ချိန် (၇း၃၀) အချိန်တွင် မုဒုံမြို့ ဗိုလ်ချုပ်လမ်း၊ အောင်ဓမ္မရိပ်သာရှိ ဓမ္မာရုံတွင် ဒီမိုကရေစီလိုလားသူများ၊ မုဒုံမြို့နယ် တက်ကြွလူငယ်များ၊   ရပ်မိရပ်ဖမြို့ခံလူထုများနှင့် တွေ့ဆုံခဲ့သည်။ ဒီနေ့တစ်ရက်တည်းတွင် မော်လမြိုင်၊ ကျိုက်မရော ခရီးစဉ်များကိုပါ သွားရောက်ခဲ့ရသည့်အတွက် အခမ်းအနားကို မူလသတမှတ်ချိန် (၄း၀၀) နာရီထက် များစွာ နောက်ကျပြီး (၇း၃၀) မှသာ ပြုလုပ်နိုင်ခဲ့သော်လည်း အခမ်းအနားသို့ လူအင်အား (၃၀၀) ကျော် (၄၀၀) ၀န်းကျင် တက်ရောက်ခဲ့ကြသည်။  ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွင် ဦးမင်းကိုနိုင်နှင့်အတူ အဖွဲ့ဝင်အဖြစ် မုဒုံမြို့နယ်၊ ကမာဝက်ဇာတိဖွား ကိုမင်းဇေယျာလည်း လိုက်ပါလာ သည့်အတွက် မုဒုံမြို့နယ်သားများအနေဖြင့် အားတက်ဝမ်းမြောက်ခဲ့ကြောင်း သိရှိရသည်။
ကြောင်းနှင့် လူထုကြားတွင် ဒီမိုကရေစီယဉ်ကျေးမှုနှင့် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေးကို အလေးထားဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။
၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့ အား မုဒုံမြို့ခံလူထုမှ ပန်းဆီးဆက် ကြိုဆိုနေကြစဉ်
၈၈ မျိုးဆက်ကျောင်းသား (၀ဲမှ ယာ) ဦးမင်းဇေယျာ (မုဒုံကမာဝက်သား)၊ ဦးမင်းကိုနိုင်၊ ဦးဋ္ဌေးကြွယ် နှင့်အဖွဲ့ဝင်များ
တွေ့ဆုံပွဲမစတင်မီ ဒီမိုကရေစီအတွက်ကျဆုံးခဲ့သော ဒီမိုကရေစီသူရဲကောင်းများအား အခမ်းအနားတက်ရောက်သူများမှ ဂုဏ်ပြုနေကြစဉ်
ရွှေမြိုင်မှာပဲနေတော့မယ် (မုဒုံရှုခင်းတစ်ချို့ပါလို့တင်ပေးလိုက်ပါတယ်)
Friday, November 9, 2012
မုဒုံမြို့၏ မြို့တော်ခန်းမ (ရွှေဟင်္သာခန်းမ)
ရွှေဟင်္သာခန်းမကို (၁၀-၁၁-၂၀၁၂) ရက်နေ့က တွေ့ရစဉ်
နှစ်ပေါင်း (၁၀၀) ကျော် ရှိပြီးဖြစ်သည့် ယခင်အရေးပိုင်မင်းရုံး၊ ယခုမုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး
နှစ် (၁၀၀) ကျော်သက်တမ်းရှိ ယခင်အရေးပိုင်မင်းရုံး ယခုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို (၉-၁၁-၂၀၁၂) ရက်နေ့က တွေ့ရစဉ်
Wednesday, November 7, 2012
၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့်အဖွဲ့ မုဒုံလာမည်
 မြန်မာ့ပွင့်လင်းလူ့အဖွဲ့အစည်းကွန်ရက်တည်ထောင်သူ ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်နှင့် အဖွဲ့ဝင်များသည် (၁၀-၁၁-၂၀၁၂) ရက်နေ့တွင် မုဒုံမြို့သို့ လာရောက်ရန်ရှိပြီး မုဒုံမြို့ရှိ ပြည်သူလူထုနှင့် လူငယ်များအား ၄င်းတို့၏လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီရေးရာအမြင်ချင်းဖလှယ်ရေးဆောင်ရွက်မှု များကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။  ထိုအစီအစဉ်ကို မုဒုံမြို့ ဗိုလ်ချုပ်လမ်း ရှိ အောင်ဓမရိပ်သာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။