Tuesday, May 29, 2012

မုဒုံမြို့နယ်တွင်လူသစ်တန်းဘောလုံးပြိုင်ပွဲများကျင်းပလျှက်ရှိ

မုဒုံမြို့နယ်တွင် နှစ်စဉ်ကျင်းပလျှက်ရှိသော မိုးရာသီ ကွင်းဖွင့်ဖလား လူသစ်တန်း ဘောလုံးပြိုင်ပွဲကို ဆက်လက် ကျင်းပလျှက်ရှိရာ ပထမ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရွှေဖြူလူငယ်ဘောလုံးအသင်းနှင့် ကြုံတိုင်း လူငယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရွှေဖြူလူငယ်ဘောလုံးအသင်းက ကြုံတိုင်းလူငယ် ဘောလုံးအသင်းကို (၂-၀) ဖြင့် အနိုင်ရရှိသွားကြောင်း သိရှိရသည်။

Friday, May 25, 2012

မုဒုံမြေဘလော့ဂ်တွင် email မှတဆင့် ရေးသားပေးပို့နိုင်



မုဒုံမြေဘလော့အား ကျွန်တော်၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် ရေးသာလွှင့်တင်ထားခြင်းဖြစ်ပါသည်။  မုဒုံမြို့နယ် သား၊ မုဒုံဇာတိဖွားများအနေဖြင့် ဤဘလော့ဂ်ရေရှည်အောင်မြင်ရေးအတွက် ဘလော့ဂ်တွင် ဆောင်းပါး၊ ကဗျာ၊ သတင်း စသည်ဖြင့် ကဏ္ဍအလိုက် ပါဝင်ရေးသားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မုဒုံမြေဘလော့ဂ်တွင် ပါဝင်ရေးသားလိုပါက  mudonmyay@gmail.com မှတဆင့် ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မုဒုံမြို့နယ်အတွင်းလျှပ်စစ်မီးများကို အချိန်ပိုင်းနှင့်အလှည့်ကျ ပေးတော့မည်

ပွင့်လင်းရာသီအတွင်း ရေရှားပါးမှုကြောင့် ရေအားလျှပ်စစ်ကို အမှီပြုနေရသော မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မီးမလုံလောက်မှုများကြောင့် အချို့ပြည်နယ်/တိုင်းများတွင် လျှပ်စစ်မီးများရရှိရေးအတွက် ဆန္ဗပြ သည်အထိ ဖြစ်ပွါးလျှက်ရှိနေပါသည်။
မုဒုံမြို့နယ်တွင်လည်း လျှပ်စစ်မီးမလုံလောက်မှုကြောင့် လျှပ်စစ်မီးအား အများပြည်သူများ မျှတစွာ အသုံးပြု နိုင်စေရန် အလှည့်ကျစနစ်ဖြင့် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမှသိရှိရပြီး အလှည့်ကျ ပေးမည့်အချိန်ဇယားများကိုလည်း ယခုအခါ ထုတ်ပြန်ထားပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များမှတဆင့် အများပြည်သူများသို့ ထပ်ဆင့် ဖြန့်ဝေအကြောင်းကြား ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။

Tuesday, May 22, 2012

မုဒုံမြို့မှ အခမဲ့ဆေးကုခန်း အဆောက်အဦ ဆောက်လုပ်လျှက်ရှိ

မုဒုံမြို့နယ်ဇာတိဖွားရပ်ဝေး/ရပ်နီးမှ စေတနာရှင်အလှူရှင်များ မြို့နေ ရပ်မိရပ်ဖများ၏ ဦးဆောင်မှုများဖြင့် ဖွင့်လှစ်ခဲ့သော မုဒုံမြို့အခမဲ့ဆေးကုခန်းအဆောက်အဦးကို ယခုအခါ မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်၊ ဒေါနလမ်း ရှိ စက်သစ်အမက ကျောင်းအနီးတွင် တည်ဆောက်လျှက်ရှိပါသည်။

ဆေးခန်းအတွက်မြေနေရာကို မုဒုံမြို့ဇာတိဖွား ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်မှ ချမှတ်ပေးခဲ့ပြီး အဆောက်အဦးတည်ဆောက်ရန်အတွက် ငွေကျပ်သိန်း (၃၅၀) ကို မုဒုံဇာတိဖွားအလှူရှင် ဦးမော်စီ မိသားစု တို့မှ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆောက်အဦမှာ နှစ်ထပ်အာစီ နှစ်ထပ်အဆောက်အဦဖြစ်ပြီး ယခုအခါ အုတ်မြစ်စီခြင်းလုပ်ငန်းကို လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

မုဒုံမြို့တွင် အင်တာနက်အသုံးပြုသူများ များပြားလာ

မုဒုံမြို့နယ်အတွင်း မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂ္ဂလိက အင်တာနက်ဆိုင်များ ပေါများလာခြင်း၊ ကွန်ပျူတာ တတ်ကျွမ်းသူများ များပြားလာခြင်း၊ ခတ်ပညာတတ်လူငယ်များ ပေါများလာခြင်း၊ သတင်းထူးသတင်းဦးများ အား အချိန်နဲ့တပြေးညီသိရှိချင်သူများပြားလာခြင်းအပြင် ယခုအခါ GSM mobile ဖုန်းမှတဆင့်လည်း အင်တာနက်အသုံးပြုနိုင်ပြီးဖြစ်သည့်အတွက် မုဒုံမြို့နယ်အတွင်း အင်တာနက်အသုံးပြုသူများ များပြားလာ လျှက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် အင်တာနက်အသုံးပြုသူများအနေဖြင့် မုဒုံမြို့နယ်အတွင်း ရှိ အင်တာနက်ဆိုင်များတွင် ကွန်နရှင် အတော်အသင့်ကောင်းမှုခြင်းကြောင့်လည်း အသုံးပြုသူများပြားလာလျှက်ရှိပြီး မြန်မာ့ဆက်သွယ်ရေး မှ ဖွင့်လှစ်ထားသော အင်တာနက်ကဖေးဆိုင်သည် မုဒုံမြို့နယ်ရှိ အခြားဆိုင်များထက် ကွန်နရှင်ပိုမိုကောင်း မွန်ကြောင်း အင်တာနက်ကို အမြဲတမ်းအသုံးပြုနေသူများထံမှ သိရှရသည်။