အရှေ့မင်းတန်းရပ်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက် သံဃာတော်များဆွမ်းဆန်စိမ်းအလှူခံယူတော်မူနေကြစဉ် |
ယနေ့ဟာ
တော်သလင်းလပြည့်ကျော် (၈) ရက်ဖြစ်တာနဲ့အညီ မုဒုံမြို့နယ်မှာ နှစ်စဉ်ကျင်းပမြဲ
ဖြစ်တဲ့ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ မြို့လုံးကျွတ်ဆန်ဆွမ်းလောင်းလှူပွဲတော်ကြီးကို
စည်းကားသိုက်မြိုက်စွာနဲ့ မြို့လုံးကျွတ်ဆိုတဲ့အတိုင်း မုဒုံတစ်မြို့လုံး
ပါဝင်လောင်းလှူဆင်နွှဲခဲ့ ကြပါတယ်။
အဆိုပါ
ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲဟာ ယခုနှစ်ဆိုလျှင် (၃၈) ကြိမ်တိုင်တိုင်
ရှိခဲ့ပြီး ဖြစ်ပြီး မုဒုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသာမက မော်လမြိုင်၊
သံဖြူဇရပ်၊ ကျိုက်မရော၊ စတဲ့ မြို့နယ်ဝန်းကျင်က ဘုန်းတော်ကြီးများပါ
အလှူခံလာရောက်သော ဆန်ဆွမ်းလောင်းလှူပွဲလည်းဖြစ်သည်။
စက်သစ်ရပ် မြမာလာလမ်းသို့ သံဃာတော်များဆွမ်းဆန်စိမ်းအလှူခံယူတော်မူရန် စတင်ဝင်ရောက်လာစဉ် |
ဆန်ဆွမ်းလောင်းလှူပွဲကို
မုဒုံမြို့ စာစင်လမ်းမကြီးမူလတန်းကျောင်းကနေ နေ့လည် (၁) နာရီအချိန်မှ
စတင်ထွက်ခွါပြီး မော်-သံလမ်း၊ ထိုမှ ဗိုလ်ချုပ်လမ်းအတိုင်း၊ ထိုမှ
ပိန္နဲတိုက်ရပ်ကွက်တွင်းလမ်းများ၊ ထိုမှ ဗိုလ်ချုပ်လမ်းအတိုင်း သင်္ဘောဦးဘုရားလမ်းအတိုင်း၊
ထိုမှမြို့လယ်အ၀ိုင်း၊ ထိုမှ ဘိုတဲရပ် အရဟံလမ်းအတိုင်း၊ ထိုမှ
ပိန္နဲတိုက်လမ်းထဲသို့ပြန်ဝင်ကာ
အင်ကြင်းမြိုင်လမ်းမှထွက်ပြီး
ကျောက်တိုင်သို့ဆင်းကာ ကျောင်းသစ်၊ ကွမ်တုံ၊ ကျိုက္ကစင်၊ ကျောင်းနောက်၊
မုဒုံကြီးရပ်ကွက်လမ်းများ၊ ထိုမှ မြနန္ဒာလမ်းအတိုင်း တက်ကာ မြမာလာလမ်း၊ ဒေါနလမ်း၊
စာစင်တပင်ရွှေထီးလမ်းအတိုင်းပြန်တက်ပြီး စာစင်လမ်းမကြီးကျောင်းရှေ့သို့
ဝင်ရောက်လှည့်လည်အလှူခံခြင်းဖြစ်သည်။
စက်သစ်ရပ် မြမာလာလမ်းသို့ သံဃာတော်များဆွမ်းဆန်စိမ်းအလှူခံယူတော်မူရန် စတင်ဝင်ရောက်လာစဉ် |
ယခုနှစ်တွင်
သံဃာတော်နှင့်သီလရှင်စုစုပေါင်း (၈၃၀၀) ခန့်ရှိပြီး လောင်းလှူချိန်မှ နေ့လည် (၁)
နာရီမှ ည (၇) နာရီ (၁၅) မိနစ်အထိ စံချိန်တင်ကြာမြင့်ခဲ့သည်။ ထိုသို့
လောင်းလှူချိန် ကြာမြင့်ရခြင်းမှာ သံဃာတော်များ ယမန်နှစ်များကထက်
အလွန်များပြားခြင်း နှင့် လောင်းလှူကြသော အလှူရှင်များလည်း ပေါများခြင်းကြောင့်
ဖြစ်ကြောင်း သိရှိရသည်။
ည (၆) နာရီကျော်သည်အထိ သံဃာတော်များ ဆွမ်းဆန်းစိမ်များအလှူခံကြွရောက်တော်မူနေစဉ် |
No comments:
Post a Comment