မုဒုံမြို့နယ်သူ/နယ်သားများ
စုပေါင်းအားဖြင့် တည်ထောင်ခဲ့သော မုဒုံမြို့ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းတွင်
အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌် မုဒုံမြို့နယ်အတွင်းရှိ ဆရာဝန်များမှ
အခမဲ့ဆေးကုသခြင်းများဆောင်ရွက်ပေးလျှက်ရှိရာ တစ်နေ့လျှင် လူနာ (၂၀၀) ကျော်ခန့် အခမဲ့ကုသပေးလျှက်ရှိသည်။
အဆိုပါဆေးခန်းကို မုဒုံမြို့၊ လမ်းမကြီးရပ် မော်-သံလမ်းရှိ
ကောင်းလွင်ရတနာရွှေဆိုင်မိသားစုမှ ၄င်းတို့၏နေအိမ်အား အခမဲ့ အသုံးပြုခွင့်ပေးလျှက်ရှိပါသည်။ မုဒုံမြို့နယ်သူနယ်သားများ၏
စေတနာသဒ္ဓါတရားထက်သန်မှု များကြောင့် ယခုအခါ မွန်ပြည်နယ်အစိုးရအဖွဲ့မှ
သတ်မှတ်ချထားပေးသော မုဒုံမြို့၊ မြို့မ(၁) ရပ်ကွက် ဒေါနလမ်းရှိ မြေလွတ်နေရာတွင် ကျပ်သိန်း (၈၀၀) တန်
ဆေးခန်းအဆောက်အဦးကြီးကို ခန့်ညားထည်ဝါစွာ တည်ဆောက်ပြီးစီးပြီဖြစ်သည်။
အဆိုပါဆေးခန်းအဆောက်အဦးကို မုဒုံဇာတိဖွား အလှူရှင် ကိုခင်မောင်ဝင်း+မစန်းစန်းဝင်း
မိသားစု (ကျောက်မျက်လုပ်ငန်း၊ မန္တလေး) က တစ်ဦးတည်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းလည်း
သိရှိရသည်။
ဆေးခန်းအဆောက်အဦဖွင့်လှစ်ပွဲကို
၂၀၁၂ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဦးအုန်းမြင့် မှ လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရပ်ဝေး/ရပ်နီးမှ
မုဒုံနယ်သူနယ်သားများ စေတနာ/သဒ္ဓါပွါးများစေရန် သတင်းကောင်းပါးအပ်ပါသည်။
ကျေးဇူးတင်ပါတယ်ဗျာ
ReplyDelete