Showing posts with label ၀င်းစိန်တောရ. Show all posts
Showing posts with label ၀င်းစိန်တောရ. Show all posts
Wednesday, May 8, 2013
မုဒုံမြို့နယ်ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရား သမိုင်းအကျဉ်း
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ၀င်စိန်သာသနာပြုစခန်ရှိ အတောင် (၄၀၀) ပြည့် လျောင်းတော်မူဘုရားကြီး။
လျောင်းတော်မူဘုရားကြီးမှာ အတောင် (၄၀၀) ရှိပြီးခေါင်းပွဖြစ်ပါသည်။ အတွင်းတွင် (၁၅) တောင်ပတ်လည်အခန်ပေါင်း (၂၀၀) ခန့်ရှိပါသည်။အမြင့်ဆုံးပခုံးတော်နေရာတွင်အထပ်(၈) ထပ်ရှိပါသည်။ အခန်တိုင်းတွင်ရုပ်လုံး၊ ရုပ်ကြွ၊ ပန်းချီ၊ များရှိပါသည်။အမြင့်ပေ(၁၂၀)ရှိတောင်စောင်းတွင် ကျောက်ဖျာများကိုထုထွင်းပြီးခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသည်။
ရည်ရွယ်ချက်---
(၁)ဂုံတော်ကိုးပါးနှင့်ပြည့်စုံသောမြက်စွာဘုရားကိုမမေ့မပျောက်စေရန်ရည်ရွယ်ပြီး။ ကမ္ဘာ့အကြီးဆုံးလျှောင်းတော်မူဘုရားအဖြစ်တည်ဆောက်ခဲ့ပါသည်။
(၂)ဦခေါင်းတော်အနောက်သို့လှည့်ထားသည်မှာ နေရဗာန် အနေအထားဖြစ်ပြီးအရိမေတ္တယျဘုရားနိဗ္ဗာန်ရောက်ကြောင်းတရားဟော
ကြားတ်ာမူနေဟန်ဖြစ်ပြီး အေးချမ်းသာယာပြီး၊စိင်ချလက်ချနေနိုင်စေရန်ရည်ရွယ်ပါသည်။
ထူခြားချက်---
(၁) လျောင်းတော်မူဘုရားကြီးကိုတည်ဆောက်ခဲ့သူ--
ဝင်းစိန်ဆရာတော်ကြီးမှာ ယ္ခု သက်တော် (၉၃)ျနှစ်ရှိပြီ-ကိုယ်တော်တိုင်ပါဝင်ပြီဘုရားတည်နေခြင်းဖြစ်ပါသည်။
(၂) အင်ဂျင်နီယာမပါ၊ ကန်တော့ပွဲမပေး၊ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရ။ ရံပုံငွေပြဿနာမရှိဘဲတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
(၃) မျက်နှာချင်းဆိုင်အရပ်တွင်ယ္ခုအတောင် (၆၀၀) လျှောင်းတော်မူဘုရာတစ်ဆူကိုဆောက်နေခြင်းဖြစ်ပါသည်။
နတ်လူသာဓုခေါ်စေသော်။
The reclinning Buddha Statue (400 hall-yard-600 feet)
Win Sein Monestry, Mudon, Mon State.
It is a hollow structure, in which there are 200 measuring rooms, 15*15*15 half-yard, at the site of shoulder, it is (8) story high. There are statue and painting of life of Buddha in each room.
The reclinning Buddha Statue is build on a slope of 120 feet high mountain, with much difficult to crush the rocks.
Arms---
(1) The world biggest reclinning Buddha Statue is build to highlight and not to forget the Lord Buddha.
(2) The head of the Buddha Statue is place to the west, Nay-Rha-Ban positon meanning the Buddha (Arhein-Myitta-Ya) is giving a sermon.
(3) The meanning of placing the right hand asiad is to rest assured and to get peace for the country.
Distinct Features---
(1) The presiding monk Win Sein Sayadaw, Who Build this reclining Buddha Statue, is (93) years old, who himself participating the construction work.
(2) The reclinning Buddha Statue is build without Engineer, no serious injury and no finicial problem.
(3) At present Win Sein presiding monk is building another (600 half-yard ) reclinning Buddha Statue.
Sunday, March 24, 2013
အန္တရာယ်ကင်းကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ္တ ရုပ်ထုတော်ကြီး ပူဇော်ပွဲအခမ်းအနားကျင်းပခြင်း
Thursday, March 21, 2013
ကမ္ဘာ့အကြီးဆုံးရှင်ဥပဂုတ်မထေရ်မြတ်ရုပ်ထုတော်နှင့် ၀င်းစိန်သာသနာ့နယ်မြေရှုခင်းများ
![]() |
| ရှင်ဥပဂုတ်မထေရ်ရုပ်ထုနှင့်အတူ ၀င်းစိန်ဆရာတော်ဘုရား၏ သာသနာပြုစခန်းအား မြင်ရပုံ |
![]() |
| ရှင်ဥပဂုတ်ရုပ်ထုနှင့် လျောင်းတော်မူဘုရားကြီးကို ဖူးမျှော်နိုင်သောမဏိသြဂ တောင်းတက်လမ်းပေါ်မှ စေတီတော်တစ်ဆူ |
| ကြည်ညိုဖွယ်ရား ရှင်ဥပဂုတ်မထေရ်မြတ် |
![]() |
| မတူရင်မတုနှင့် ရုပ်ထုနှင့် နိုင်ခရာ ရုပ်ထုတောင်ဘက်ရှိ ရှင်ဥပဂုတ်ရုပ်ထုတော်သို့ ၀င်ရာလမ်း |
![]() |
| တည်ဆောက်ဆဲကာလက ရှင်ဥပဂုတ်ရုပ်ထုနှင့် ၀င်းစိန်တောရဆရာတော်ဘုရားကြီး၏ သာသနာပြုစခန်း |
![]() |
| ဥာဏ်တော် အတောင် (၇၀) ရှိ ရှင်ဥပဂုတ်အထေရ်မြတ်ရုပ်ထုကို 1368 ခုနှစ်က စတင်တည်ဆောက်ခဲ့သည်။ |
Wednesday, March 13, 2013
ဝင်းစိန်ဆရာတော်ဘုရားကြီးမှ မုဒုံမြို့နယ်၏ အသက်အကြီးဆုံးအဘိုးအို အား အလှူငွေပေးအပ်
| ဆရာတော်ကြီးမှ အသက် (၁၀၆) နှစ်ရှိ အဘိုးဦးထွိုင်အား အလှူငွေ (၅) သိန်းကျပ်ပေးအပ်စဉ် |
| မုဒုံမြို့နယ်၏ အသက်အကြီးဆုံးအဘိုးအို ဦးထွိုင်၊ အသက် (၁၀၆) နှစ်၊ မွေးသက္ကရာဇ်-1269 ခုနှစ်ပြာသိုလဆန်း (၁၂) ရက်၊ မှတ်ပုံတင်အမှတ်၊ ၁၀/မဒန (နိုင်) 014784၊ (မွန်/ဗုဒ္ဓဘာသာ) |
အတောင် (၄၀၀) ပြည့်ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီး ကို ဦးစီးတည်ထားကိုးကွယ်တော်မူ ခဲ့သည့် ၀င်းစိန်ဆရာတော် ဘုရားကြီး သည် မိဘများ၏ ကြီးမားသော ကျေးဇူးမေတ္တာတော်တို့ကို ပြန်လည်
အောက်မေ့ ပေးဆပ် သည့် အနေဖြင့် ဆပ်သည့်အနေဖြင့် (၂၀-၂-၂၀၁၃) ရက်နေ့တွင် မုဒုံမြို့နယ်၏ အသက်အကြီးဆုံးအဘိုးအိုဖြစ်သူ ဦးထွိုင် (အသက်-၁၀၆) နှစ် နေထိုင်ရာ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ အခွန်လွတ်ဈေး (၂) လမ်း၊ အမှတ် (၁၈) ရှိ နေအိမ်သို့ ကိုယ်တော်တိုင်ကြွချီတော် မူပြီး ယင်းအဖိုးအိုအား အလှူငွေ ကျပ် (၅) သိန်းတိတိကို ပေးအပ်ချီးမြှင့် ခဲ့သည်။
ဆရာတော်ကြီးသည် မိဘများ၏ကျေးဇူးကို အောက်မေ့ပေးဆပ် သည့်အနေဖြင့် မိမိ၏ (၉၂) နှစ်မြောက်မွေးနေ့မင်္ဂလာတွင်လည်း အသက် (၇၀) နှင့်အထက် ဘိုးဘွား (၂၁၃၄) ဦးအား တစ်ဦးလျှင် ကျပ် (၁) သောင်း နှုန်းဖြင့်လည်းကောင်း၊ အသက် (၈၀) နှစ်နှင့်အထက် ဘိုးဘွား (၁၀၉၃) ဦးအား တစ်ဦးလျှင် (၂) သောင်းကျပ်နှုန်းဖြင့် လည်းကောင်း၊ အသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွား (၂၈၁) ဦးအား တစ်ဦးလျှင် ကျပ် (၁) သိန်းနှုန်းဖြင့်းလည်းကောင်း စုစုပေါင်း ကျပ် (၇၁၃) သိန်းကိုလည်း လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။
Saturday, March 9, 2013
မုဒုံဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ်မထေရ်သံဃာဘိသေက ပူဇော်ပွဲကျင်းပမည်
![]() |
| ၀င်းစိန်တောရကျောင်းဝင်းအတွင်းရှိ ဥာဏ်တော် အတောင် (၇၀) အမြင့်ရှိ ရှင်ဥပဂုတ် မထေရ်ရုပ်ပွါးတော် |
မုဒုံမြို့နယ်ရှိ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ထောင်တော်မူသော ၀င်းစိန် ဆရာတော်ဘုရားကြီးသည် နာဂစ်မုန်တိုင်းမတိုင်မီ ကာလကပင် မြန်မာနိုင်ငံအတွင်း မိုးကြီး လေကြီး ကျရောက်မည်ဖြစ်ပြီး လူအသေအပျောက်များမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီး ယင်းအန္တရာယ်များကို ကာကွယ်ရန် (၂၈) ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွါးတော်မြတ်များနှင့် ရှင်ဥပဂုတ်မထေရ်ရုပ်ပွါးတော်တို့ကို ကိုးကွယ်ဆည်းကပ်ကြရန် မိန့်မှာတော်မူခဲ့သည်။
ယင်းမိန့်မှာချက်အတိုင်း တပည့်ဒါယကာများဖြစ်သော မော်လမြိုင်မြို့နေ ဦးကြင်စိန်+ဒေါ်ရှုဝေ မိသားစုမှ ကျပ်သိန်း (၁၀၀) နှင့် သံဖြူဇရပ်မြို့နေ ဦးမြင့်ဦး မိသားစုတို့က ကျပ်သိန်း (၇၀) မတည်၍ အများဒါယကာများ၏ လှူဒါန်းငွေများဖြင့် ဥာဏ်တော်အတောင် (၇၀) အမြင့်ရှိ ရှင်ဥပဂုတ်မထေရ်မြတ်၏ ပုံတူရုပ်ပွါးတော်တစ်ဆူကို ၀င်းစိန်တောရဘုရားကျောင်းဝင်းအတွင်း အောင်လင်းစေတီတော်၏ခြေရင်း၊ မဏိသြဂတောင်တက်လမ်းဝ တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။
ယခုအခါ အဆိုပါရှင်ဥပဂုတ်မထေရ်မြတ်၏ သံဃာဘိသေက ပူဇော်ပွဲကို 1374 ခုနှစ် တပေါင်းလဆန်း (၁၃) ရက်၊ (၂၄-၃-၂၀၁၃) ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၇း၃၀) နာရီအချိန် တွင် ရုပ်ပွါးတော်မြတ်အနီးတွင် ကျင်းပမည် ဖြစ်ကြောင်းနှင့် တပည့်ဒါယကာ/ဒါယိကာမများ မည်သူမဆို ကုသိုလ်တော်ယူ လာရောက်ပူဇော်နိုင်ပါကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီမှ သိရှိရသည်။
(ရှင်ဥပဂုတ္တမထေရ်မြတ်)
ရှင်ဥပဂုတ် မထေရ်မြတ်သည် ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်အရ မောရ်နတ်မင်းကို အောင်နိုင်သော တစ်ပါးတည်းသော ရဟန္တာမြတ်ဖြစ်ပြီး သီရိဓမ္မာသောကမင်းကြီး၏ စေတီပုထိုး (၈၄၀၀၀) ပူဇော်ပွဲကို လာရောက်ဖျက်ဆီးသော မာရ်နတ်မင်း၏ရန်မှ ရှင်ဥပဂုတ်မထေရ်မြတ်က တားဆီးကာကွယ်ပေးတော် မူခဲ့သည်။ ရှင်ဥပဂုတ်မထေရ်မြတ်သည် တောင်သမုဒ္ဒရာပင်လယ်ပြင်အတွင်း ကြေးပြဿဒ်စံနန်းပေါ်တွင် သီတင်းသုံးလျှက်ရှိပြီး ရေလုပ်သားများသည် ရဟန္တာမြတ်အား ပင့်ဆောင်ပူဇော်လေ့ရှိကြကြောင်း ဗဟုသုတ အလို့ငှါဖော်ပြအပ်ပါသည်။)
Tuesday, February 5, 2013
မုဒုံမြို့နယ် မြိုင်ကုန်းဆရာတော်ဘုရားကြီးမွေးနေ့ပွဲ မြင်ကွင်းဓါတ်ပုံများ

မုဒုံမြို့နယ်၏ အထင်ကရနေရာတစ်ခုနဲ့ ဂုဏ်ယူဖွယ်ရာတစ်ခုဖြစ်သော ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဘုရားကြီးကို ဦးစီးတည်ထောင်တော်မူသည့် ဘဒ္ဒန္တကေသရဆရာတော်ဘုရားကြီး၏ မွေးနေ့မင်္ဂလာ ပွဲတော်အား (၃-၂-၂၀၁၃) မှ (၆-၃-၂၀၁၃) ထိ စည်းကားစွာကျင်းပလျှက်ရှိသည်။ သို့ဖြစ် အဝေးရောက် မုဒုံသားများအနေဖြင့်လည်း ဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲတော်မြင်ကွင်းတစ်ချို့ကို ရိုက်မိသလောက် တင်ပေးလိုက်ပါတယ်..( မနက်ဖြန်လည် ထပ်တင်ပေးပါ့မယ်)
![]() |
| ဆရာတော်ဘုရားကြီး မွေးနေ့ ဖွင့်ပွဲကျင်းပရာ ဓမ္မာရုံအား ညပိုင်းတွင် တွေ့မြင်ရပုံ |
![]() |
| လျောင်းတော်ဘုရားကြီးပေါ်မှ မြင်တွေ့ရသော ပွဲဈေးတန်းရှည်ကြီး (ညး၁၂း၀၀ နာရီဝန်ကျင်) |
![]() |
| (၄-၂-၂၀၁၃) ရက်နေ့ည (၁၁း၀၀) နာရီအထိ လူစည်းကားနေသော မွေးနေ့ပွဲတစ်နေရာ |
![]() |
| ဆရာတော်ဘုရား၏ (၉၂) နှစ်မြောက်မွေးနေ့ကို ဖော်ကျူးထားသော အရုံခံတန်ဆောင်ပေါ်မှ မီးအလှများ |
![]() |
| အတောင် (၄၀၀) ပြည့်ဘုရားကြီးနှင့် မျက်နှာချင်းဆိုင်တွင် ထပ်မံတည်ဆောက်နေသည့် အတောင် (၆၀၀) ပြည့် ဘုရားကြီးအား အကြမ်းထည်ပြီးစီးနေပုံ |
![]() |
| (၅-၂-၂၀၁၃) ရက်နေ့ ညနေပိုင်းတွင် လူစည်ကားသိုးဝှေ့နေသော စတုဒိတာထမင်းကျွေးရာနေရာတစ်ခု |
![]() |
| အမျိုးအစားပေါင်းစုံဖြင့် စတုဒိတာကျွေးမွေးရာ နေရာများ (စုစုပေါင်း (၃၀ ကျော် ၄၀ ၀န်းကျင်ရှိသည်) |
![]() |
| ကမာဝက်ကျေးရွာသူ/ရွာသားများ၏ အအေးအလှူ |
![]() |
| ပွဲတော်အတွင်းတွေ့ရသော လျောင်းတော်မူဘုရားကြီး |
![]() |
| အနယ်နယ်အရပ်ရပ်မှ လက်ဝှေ့ဝါသနာရှင်များဖြင့် စည်ကားနေသော လက်ဝှေ့ပွဲရုံဝန်းကျင်တစ်နေရာ |
![]() |
| စတုဒိတာထမင်းဝိုင်းတွင် မြိန်ရည်ယှက်ရည်သုံးဆောင်နေကြသော ပွဲတော်လာ ဘုရားဖူးများ |
Tuesday, October 9, 2012
ဝင်းစိန်တောရ (မြိုင်ကုန်း) ဆရာတော်ဘုရားကြီး မုဒုံမြို့အတွင်း လှည့်လည်အပူဇော်ခံ
![]() |
| နောက်ပါသံဃာတော်များခြံရံလျှက် ဆရာတ်ာဘုရားကြီးကြွချီတော်မူလာစဉ် |
အတောင်
(၄၀၀) ပြည့်ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ဆောက်တော် မူခဲ့သော
ဝင်းစိန်တောရ ဆရာတော်ဘုရားကြီးသည့် ယနေ့ နံနက် (၇း၀၀) နာရီမှ စတင်ပြီး မုဒုံမြို့
ဗိုလ်ချုပ်လမ်းအတိုင်း မြို့အန္တရာယ်ကင်းရှင်းရေးအတွင် နောက်ပါသံဃာတော် (၃၀၀)
ကျော်နှင့်အတူ ကြွချီတော်မူခဲ့သည်။
![]() |
| လာရောက်ဖူးမျှော်သူတပည့်ဒါယကာ/ဒါယကာမများအား ပန်းစည်းဖြင့်ရိုက်ကာ မေတာပို့နေစဉ် |
ဆရာတော်ဘုရားကြီး၏
ဘုန်းတန်ခိုး၊ အာနုဘော်တို့ကို ယုံကြည်ရိုသေလေးစားကြသော
မုဒုံမြို့သူ/မြို့သားအပေါင်းတို့သည် ဆရာတော်ကြီး
ကြွချီတော်မူရာလမ်းတစ်လျှောက်တွင် လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ကြိတ်ကြိတ်တိုး
လှူဒါန်းခဲ့ကြကြောင်း တွေ့ရှိရသည်။
![]() |
| လာရောက်ဖူးမျှော်သူတပည့်ဒါယကာ/ဒါယကာမများအား ပန်းစည်းဖြင့်ရိုက်ကာ မေတာပို့နေစဉ် |
ဆရာတော်သည်
မုဒုံမြို့နယ်တွင်သာမက၊ မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင်ပါ ထင်ရှားကျော်ကြားသော
ထူးမြတ်သည့်ဆရာတော်တစ်ပါးဖြစ်ကြောင်း တပည့်တကာ၊ တကာမ အပေါင်းတို့က ယုံကြည်ကြသည်။ ဆရာတော်သည် ယခုအခါ အတောင် (၄၀၀)
ပြည့်လျောင်းတော်မူဘုရားကြီးထက် ပိုမိုကြီးမားသော အတောင် (၆၀၀) ပြည့်
လျောင်းတော်မူ ဘုရားကြီးတစ်ဆူကိုလည်း တည်ဆောက်လျှက်ရှိသည်။ အလားတူ ဆရာတော်ဘုရား၏ မွေးရပ်မြေဖြစ်သော
မုဒုံမြို့နယ် နိုင်လှုံကျေးရွာအုပ်စု၊ လက်တက်ကျေးရွာတွင်လည်း ဥာဏ်တော် (၁၀၀) ပြည့်
ထိုင်တော်မူရုပ်ပွါးတော်မြတ်တစ်ဆူကိုလည်း တည်ဆောက်လျှက် ရှိရာ ယခုအခါ အတော်အတန်
ပြီးစီးနေပြီဖြစ်သည်။
![]() |
| ဆရာတော်ဘုရားကြီးကြွချီလာရာ လမ်းတစ်လျှောက်တွင် လာရောက်ဖူးမျှော်သူများဖြင့် ကြိတ်ကြိတ်တိုးစည်းကားနေစဉ် |
ဆရာတော်ဘုရားကြီးသည် ယခုကဲ့သို့
မြို့တွင်းသို့ကြွချီတော်မူခြင်းကို တော်သလင်း လပြည့်ကျော် (၉)ရက်နေ့တိုင်
နှစ်စဉ်ပြုလုပ်လျှက်ရှိရာ ယခုနှစ်ပါဆိုလျှင် (၁၀) ကြိမ် ပြည့်မြောက်ပြီဖြစ်သည်။
Subscribe to:
Posts (Atom)

























