သာသနာ့ဗိမာန်တော်ကြီးအတွင်း ဗုဒ္ဓရုပ်ပွါးတော်မြတ်ရှေ့တွင် ၀တ်ရွတ်ပြိုင်ပွဲဝင်ကြပုံ |
မုဒုံမြို့နယ်အတွင်း
ဗုဒ္ဓသာသနာတော်ပိုမိုထွန်းကား ပြန့်ပွါးရေးအတွက် မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော်
ဂျုံးဂျုံးကျတောရပဓာနနာယကဆရာတော်ကြီး ဦးကိတ္တိဝဏ္ဏ ဦးဆောင်ပြီး ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲကို
မုဒုံမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ (၂၉-၉-၂၀၁၂) ရက်နေ့တွင် မုဒုံမြို့ သာသနာ့ဗိမာန်တော်ကြီး၌ စတင်ကျင်းပရာ ပြိုင်ပွဲသို့
အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်း (၁၅) ကျောင်းဝင်ရောက်ယှဉ်ပြိုင်ကြောင်း
သိရှိရပါသည်။
အိနြေ္ဒပြည့်စုံစွာဖြင့် ပြိုင်ပွဲဝင်နေကြသော ကျောင်းသူများ |
အဆိုပါပြိုင်ပွဲတွင်
ပထမ၊ ဒုတိယ၊ တတိယဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရ၀တ်ရွတ်အသင်း များကို မွန်ပြည်နယ်
ဝတ်ရွတ်ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။
ဂျုံးဂျုံးကျဆရာတော်ဘုရားကြီးနှင့်ဝတ်ရွတ်ကျောင်းသူများ ရင်းရင်းနှီးနှီး |
မုဒုံမြို့နယ်သည်
မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ဘာသာရေးအထွန်းကားဆုံးမြို့နယ် တစ်ခု အဖြစ် သတ်မှတ်ခံရပြီး
သာသနာတော်ထွန်းကား ပြန့်ပွါးရေးလုပ်ငန်းများကို ဆက်တိုက် ဆောင်ရွက် လျှက်ရှိရာ လတ်တလောအချိန်တွင်
မင်းတန်းရပ်၊ ဆုတောင်းပြည့် ဓမ္မာရုံတွင်လည်း အဘိဓမ္မာသင်တန်းကို ဆရာတော်ကြီးများမှ ဦးဆောင်
ပို့ချပေးလျှက်ရှိသည်။
No comments:
Post a Comment