Sunday, April 7, 2013

မုဒုံသူ/မုဒုံသားများအနေဖြင့် မိမိတို့၏ လိုလားချက်များအား နိုင်ငံတော်သို့ ရင်ဖွင့်နိုင်ပြီ (မုဒုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှသိန်းမှ အဖွင့်အမှာစကားပြောကြားစဉ်
  မုဒုံမြို့နယ်ပြည်သူ့လွှတ်တော်ရုံးဖွင့်ပွဲကို ယနေ့ (၇-၄-၂၀၁၃) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။  

            ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းသည် မုဒုံမြို့နယ် အတွင်းရှိ ပြည်သူများ၏ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ တိုက်ရိုက် တွေ့ဆုံတင်ပြဆွေးနွေးနိုင်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ ဘက်မှလည်း ပြည်သူများ၏ တင်ပြဆွေးနွေးမှုများကို အလေးထားဖြည့်ဆည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူမြို့နေလူထုမှ သုံးသပ် ကြသည်။

          မည်သို့ပင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်ရုံးများမြို့နယ်တိုင်းတွင် ရှိနေခြင်းက အစိုးရနှင့် ပြည်သူလူထုအကြား ပိုမိုထိတွေ့ရင်းနှီးမှုရှိလာနိုင်ပြီး ပွင့်လင်းမြင်သာမှုလည်း ပိုမိုရရှိလာ မည်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် လည်းမိမိတို့၏ နစ်နာမှုများ၊ လိုလားချက်များကို ရဲရဲဝံ့ဝံ့ တွေ့ဆုံတင်ပြ သွားကြရန် လိုအပ်ပေသည်။ 
အခမ်းအနားတက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ

No comments:

Post a Comment