Tuesday, April 30, 2013

အားမာန်သစ်မူလတန်းပညာအထောက်အကူပြုအဖွဲ့မှ နွေရာသီ English Grammer သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျှက်ရှိ



မုဒုံမြို့နယ်၏ ပညာရေးလူမှုအထောက်အကူပြုအဖွဲ့တစ်ခုဖြစ်သည့် အားမန်သစ် မူလတန်းကလေး ပညာသင်ကြားရေးအထောက်အကူပြု အဖွဲ့သည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အလယ်တန်းအဆင့် ကျောင်းသား/သူများအာ်းEnglish grammer အခမဲ့သင်တန်းကို 22.4.2013တနင်္လညနေ့စ၍ နေ့စဉ် နံနက် (၉း၀၀) နာရီမှ (၁၁း၀၀) နာရီအထိ သင်ကြားပေးလျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို ကျွမ်းကျင်ဆရာ/ဆရာမများ၏ အကူအညီဖြင့် ကလေးငယ်စုစုပေါင်း (၉၀) ကျော်အား သင်ကြားလျှက်ရှိပြီး သင်တန်းကာလ အတွင်း ကလေးများအား အဟာရကျွေးမွေးခြင်း၊ သင်ကြားရေး အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးခြင်း အပါအ၀င် အခြားသော ကလေးများအတွက် ပျော်ရွင်စရာ အစီအစဉ်များလည်း ပါဝင်ကြောင်း သိရှိရသည်။



No comments:

Post a Comment