Wednesday, April 24, 2013

မုဒုံမြို့နယ်၊ ကျောက်တစ်လုံး ဟိန္ဒူဘုရားပွဲတော် စည်ကားစွာကျင်းပလျှက်ရှိ


မုဒုံမြို့နယ်ရှိ ကျောက်တစ်လုံး စူဠာမဏိတောင်တော်
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လာရောက်ယှဉ်နွှဲကြသည့် မုဒုံမြို့နယ်၊ ကျောက်တစ်လုံး စူဠာမဏိဟိန္ဒူဘုရားပွဲကို ယမန်နေ့မှစ၍ စတင်ကျင်းပလျှက်ရှိရာ ကျောက်တစ်လုံး တောင်ခြေတစ်ဝိုက် တွင်   အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျှက်ရှိကြောင်းသိရှိရသည်။

 ကျောက်တစ်လုံးစူဠာမဏိဘုရားပွဲတော်သည် မုဒုံမြို့နယ်အတွင်း မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး ဟိန္ဒူဘာသာဝင်တို့၏ အထွတ်အမြတ် ထားရာ ပွဲတော်တစ်ပွဲဖြစ်သည်နှင့် အညီ နှစ်စဉ်ကဆုန်လပြည့်နေ့များတွင်ကျင်းပခဲ့သော်လည်း ယခုနှစ်သည် ၀ါထပ်နှစ်ဖြစ်သည့် အတွက်ကြောင့်လည်း တန်ခူးလပြည့်တွင် ကျင်းပခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

No comments:

Post a Comment