ဘိုးဘွားများနှင့် အလှူရှင်များမှ ငါးပါးသီလခံယူနေစဉ် |
ရှေးဦးစွာ ဂျုံးဂျုံးကျတောရစာချဆရာတော် ဦးကေတုမှ အခမ်းအနားတက်ရောက်လာသော ဘိုးဘွား ရိပ်သာကြီးကြပ်မှုကော်မတီဝင်များ၊ ရိပ်သာရှိ အဘိုးအဘွားနှင့် အလှူငွေလာရောက်လှူဒါန်းကြသော ဒါနရွှေအိုးကုသိုလ်ရှင်လူငယ်အဖွဲ့မှ လူငယ် (၅၀) ကျော်ခန့်တို့အား ငါးပါးသီလ ချီးမြှင့်ပေးခဲ့သည်။
အလှူရှင်များ၏ လှူဒါန်းငွေ (၅) သိန်းကို အလှူရှင်ကိုယ်စားလှယ်တစ်ဦးမှ ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းထံသို့ ပေးအပ်လှူဒါန်းစဉ် |
ညနေပိုင်းတွင် ဒါနရွှေအိုးကုသိုလ်ရှင်အဖွဲ့မှ အလှူရှင် (၁၀၀) ခန့်သည် ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား (၂၃) ဦးတို့အား တန်ဖိုး (၁၅၀၀) ကျပ်ရှိသော မျက်နှာသုတ်ပ၀ါတစ်ထည်စီ နှင့် ငွေသား တစ်ဦးလျှင် (၅၅၀၀) ကျပ်စီနှင့် ဂျုံးဂျုံးကျတောရကျောင်းမှ စာချဆရာတော် ဦးကေတုမှ ဘိုးဘွားတစ်ဦးလျှင် (၁၅၀၀) ကျပ်စီတို့ဖြင့် ကန်တော့ကြပြီး ကုသိုလ်ရှင်များအဖွဲ့မှ အဘိုးအဘွားများအား ခြေသည်းညှပ်ခြင်း၊ လက်သည်းညှပ်ခြင်း၊ ရေချိုး/ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာလိမ်းကျံပေးခြင်း များကို မြန်မာ့ရိုးရာဓလေ့နှင့်အညီ ကုသိုလ်ယူဆောင်ရွက်ပြီး ကြွရောက်လာသော ဧည့်သည်တော်များနှင့် ဘိုးဘွားများကို မုန့်လုံးရေပေါ်များဖြင့် ဧည့်ခံကျွေးမွေးပါသည်။
ရိပ်သာကြီးကြပ်မှုကော်မတီ ဒုဥက္ကဌ ဦးမောင်နီမှ ကျေးဇူးတင်စကားပြောကြားစဉ် |
ဘိုးဘွားတို့အတွက် မုန့်လုံးရေပေါ် |
ဒါနရွှေအိုးလစဉ်စုပေါင်းအလှူရှင်အဖွဲ့သည် ၀ါသနာတူ လူကြီး/လူငယ်များဖြင့် ဖွဲ့စည်းထားပြီး လစဉ် ငွေကျပ် (၂၀၀၀) နှုန်းဖြင့် အလှူရှင် (၆၂၁) ဦး တို့၏ လှူဒါန်းငွေကျပ် (၁၂၄၂၀၀၀) နှင့် သီးခြားအလှူရှင် (၁၅) ဦးမှ လှူဒါန်းငွေကျပ် (၆၃၀၀၀ိ/-) စုစုပေါင်းအလှူငွေကျပ် (၁၃၀၅၀၀၀ိ/-) ကို လှူဒါန်းသွားမည်ဖြစ်ရာ ဘိုးဘွားရိပ်သာသို့ လှူဒါန်းငွေ (၇၀၅၀၀၀ိ/) ကို လှူဒါန်းခဲ့ပြီး ကျန်ရှိသော ငွေကျပ် (၆) သိန်းကိုလည်း မုဒုံမြို့ဥာဏာရာမ သီလရှင် စာသင်တိုက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် သွားရောက်လှူဒါန်းသွား မည်ဖြစ်သည်။
No comments:
Post a Comment