ပြုပြင်ထားသော ခေမာမိဖုရားအား တရားဟောတော်မူခန်း |
ပြောင်းလဲရမှာကသဘာဝပါ။ ကြိုဆိုကြရမှာဘဲ။ အကောင်းကိုပြောင်းလဲတယ်ဆိုရင်တော့၊၀မ်းသာအားရ ကြိုဆိုပါတယ်။ ဒါကခေမာမိဖုရားဝတ်လေး၊ ဆေးရောင်လွင်လွင်၊ ရွှေရည်ဝင်းဝင်း၊ တောက်ပြောင်သွားလို့ ဘုရားဖူးတွေ ၊ စိတ်ချမ်းသာကြမှာပါ။ အပင်ပန်းခံ၊ လုပ်ဆောင်ပေးကြတဲ့၊လူကြီးများကိုလည်းကျေးဇူးတင်ပါတ ယ်။
တခုလေးအကြံပေးချင်တာက၊ ရှေးဟောင်းအနုပညာလက်ရာတွေကို၊မတို့မထိဘဲ၊ ပြူပြင်၊ စေလိုပါတယ်။ မမှတ်မိအောင်မပြောင်းလဲစေချင်ပါ ဘူး။ ပုဂံအာနန္ဒါဘုရားကြီးလှအောင်၊ ဗိုလ်ချုပ်၊ ဟောင်းကြီးတဦး၊ ဆေးသုတ်ခိုင်းစေခဲ့အတွက် (၁၄)ရာစု၊ ပုဂံခေတ်နံရံဆေးရေးပန်းချီ၊ ပျက်စီး၊ ခဲ့လို့အခုပညာရှင်တွေ၊ ခက်ခက်ခဲခဲ၊ ဆေးတွေပြန်ခွါနေရပါတယ်။ အရမ်းမှားခဲ့ပါတယ်။ နောင်လာနောက်သားတွေ၊ မလေ့လာနိုင်တော့ပါဘူး။ ကန်ကြီးဘုရားဟာသမိုင်းဝင်ဆံတော် ရှင်စေတီပါ။ အခုချိန်မှာ၊ ကန်ကြီးစေတီထက် ပိုကြီးတဲ့၊ ပိုခန်းနားတဲ့စေတီတီပါ။ ဆံတော်ရှင်ကိုခဏမေ့ထားပါ။ ဘယ်စေတီကိုပိုတန်ဘိုးပိုထားကြမယ်ထင်ပါသလဲ။ ကန်ကြီးစေတီပါ။ သမိုင်းတန်ဘိုးရှိလို့ပါ။ ရှေးဟောင်းလက်ရာတွေပျက်ရင်၊ ပိုက်ဆံဘယ်လောက်
ပေးပေး၊ ပြန်ပြီးအစားမရတော့ပါဘူး။ အချိန်တခုကိုဖြတ်ခဲ့ရတဲ့၊သမိုင်းသက်သေ၊ သမိုင်းပုံရိပ်တွေ၊
ရှိလို့ပါ။ ထိမ်းသိမ်းထားလေ၊ အချိန်ကြာလေအကျိုးများလေပါ။ အကြိုက်ချင်းမတူလို့ပါလို့ ဒီနေရာမှာဆင်ခြေမပေးစေလိုပါ။ သမိုင်းကထားခဲ့တာကို၊ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်ထိမ်းသိမ်းဘို့သာ၊ အဓိကတာဝန်၊ လက်ဆင့်ကမ်းရမဲ့သမိုင်းတာဝန်ပါ။ မဖြစ်မနေပြင်ဆင်ဘို့လိုအပ်ရင်၊ သမိုင်းကျွမ်းကျင်သူပညာရှင်များ ထံအကြံညဏ်တောင်း၊ ခံရပါမယ်။
အပြစ်များလက်ညိုးထိုး၊ဝေဖန်လိုေ သာဆန္ဒဖြင့်ရေးသားခြင်းမဟုတ်ပါ။ နောင်လူကြီးနေရာဝင်လာကြမဲ့ လူငယ်များကိုအကြံ ပြူချင်တာပါဘဲ။ ကန်ကြီးဘုရားမှာ၊ တခြားခြားဘုရား၊ စေတီများထက်ရှေးလက်ရာ များစွာကျန်နေသေးပါတယ်။ ဘင်လှိုင်ဆံတော်ရှင်ဟာ၊ ကန်ကြီးစေတီထက်စောနိုင်ပါတယ်။
တခုလေးအကြံပေးချင်တာက၊ ရှေးဟောင်းအနုပညာလက်ရာတွေကို၊မတ
ပေးပေး၊ ပြန်ပြီးအစားမရတော့ပါဘူး။ အချိန်တခုကိုဖြတ်ခဲ့ရတဲ့၊သမိုင်
ရှိလို့ပါ။ ထိမ်းသိမ်းထားလေ၊ အချိန်ကြာလေအကျိုးများလေပါ။ အကြိုက်ချင်းမတူလို့ပါလို့ ဒီနေရ
အျပစ္မ်ားလက္ညိုးထိုး၊ေ၀ဖန္လိုေ
ဘင်လှိုင်မြို့ဟာမုဒုံမြှို ထက်ပိုစောခဲ့တာတခုတည်းကိုအခြေခံ ပြီးပြောခြင်းဖြစ်ပါတယ်။ တိတိကျကျမသိပါ။ထားပါ။ ဘင်လှိုင်ဆံတော်ရှင်စေတီရှေးဟန် ပျက်သွားတာနှမြောမိပါတယ်။ ပြင်မိလို့ပါ။ ပညာရှင်တွေကိုတိုင်ပင်၊ ဘို့လိုအ ပ်ပါတယ်။ ယခုဖေါ်ပြပါပုံမှခြင်္သေ့နှစ်ကောင် ကိုကြည့်ပါ။ ငယ်ငယ်ကတွေ့ခဲ့ရသောခြင်္သေ့ပုံများ၊ မဟုတ်တော့ပါ။ ရှေးဟောင်းအနုပညာများဟာခေတ်တွေကိုကိုယ်စားပြုတဲ့ကိုယ်ပိုင်ဟန်အ မြဲရှိပါ တယ်။ဟန်ကိုကြည့်ပြီးခေတ်ကိုဆုံး ဖြတ်ကြရပါတယ်။
ပုဂံခေတ်၊ ဟံသာဝတီခေတ်၊ အင်းဝခေတ်၊ ရတနာပုံခေတ်၊ ပျုဟန်၊ မွန်ဟန်၊
ရှမ်းဟန်၊ စသဖြင့်ရှိတယ်။ အခိုင်မာ သက်သေပြဘို့ နီးစပ်ရာရှေးဟောင်းအနုပညာဟန်တွေနဲ့ချိန်ထိုးရပါတယ်။ ဟန်ပန်အယူဆတွေကို သုတေသနပညာရှင်ေ တွဘဲနက်နက်နဲနဲနားလည်ကြပါတယ်။ ဟန်တွေနားမလည်ဘဲပြင်ရင်တော့ဘီးလူးမှန်း၊ခြင်္သေမှန်းမသိဖြစ်သွားတ တ်ပါတယ်။ အခုပြင်လိုက်တဲ့ခြင်္သေ့နှစ်ကောင် ဟာယနေ့ခေတ်ခြင်္သေ့ဟန် န.၀.တ ခြင်္သေ့နဲ့တောင်မတူပါ။ အဓိက၊ကတော့ ၊မပြင်သင့်တာကိုပြင်ခြင်း၊ ဟန်ကိုနားမလည်ယုံသာမဟုတ်ဘဲ၊ ကိုယ်ပိုင်ဟန်၊ ပိုင်ပိုင်နိုင်မရှိတာကို၊ ခြင်္သေ့နှစ်ကောင်မတူတာက၊ သက်သေပြနေပါတယ်။
ရဟန္တာသိမ်ပုံရှေ့ကခြင်္သေ့နှစ်ကော င်ကိုဆက်လက်လေ့လာကြည့်ပါ။ (မုဒုံဆည်းလည်းသံမှာဝင်ရှာကြည့် )။ နဲနဲတီးခေါက်မိလာမယ်။ တစ်ကောင်ကပြင်ပြီးသား။တစ်ကောင်က မူရင်းပါ။ ဘယ်ခြင်္သေ့ကပိုလှ၊ပိုအဓိပ္ပါလ်ရှိ လဲဆိုတာ...။ သိရင် ကျနော့်ကိုလက်တို့ပါ။ ကွန်မန့်ရေးပေးကြပါ။
ရဟန္တာသိမ်ပုံရှေ့ကခြင်္သေ့နှစ်ကော
ကိုဝင်းနိုင်ဋ္ဌေး၏ Mudonသူ Mudon သား facebook စာမျက်နှာတွင်ဖော်ပြထားသောhttp://www.facebook.com/groups/172706626143794/permalink/414274855320302/ ဖြစ်သည်။
No comments:
Post a Comment