Friday, January 18, 2013

ကန်ကြီးစေတီတော် ဆင်နှစ်ကောင် စောင်းတန်းအား ပြန်လည် ပြုပြင်လျှက်ရှိ


ရင်ပြင်တော်တွင် အလှူရှင်အမည်အား ကြေငြာထားစဉ်

မုဒုံမြို့ ဆံတော်ရှင်ကန်ကြီးစေတီတော်ပရ၀ုဏ်အတွင်းရှိ သာသနာနိကအဆောက်အဦများ၊ ဘုရားစောင်းတန်း များသည်နှစ်ကာလကြာရှည်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းလာလျှက်ရှိရာ ထိုသို့ပျက်စီးတော့မည်   စောင်းတန်း များနှင့် သာသနာနိကအဆောက်အဦများကို မုဒုံမြို့နယ်သူ/နယ်သား ရပ်ဝေးမှ အလှူရှင်များက တတ်နိုင်သည့်အလျှောက် လှူဒါန်းနေကြသည့်အတွက် ယခုအခါ ကန်ကြီးစေတီတော်ဝင်းအတွင်း ဘုရားစေတီပုထိုးတော်များ၊ သာသနိကအဆောက်အဦများ၊ ဘုရားစောင်းတန်းများသည် သစ်လွင်လှပလျှက်ရှိပေသည်။ ထိုကဲ့သို လှူဒါန်းကြသည့် အလှူများအနက် လက်ရှိ လှူဒါန်းဆောင်ရွက် လျှက်ရှိသော ဆင်နှစ်ကောင်စောင်းတန်းပြုပြင်မှုလုပ်ငန်းအား သွားရောက်မှတ်တမ်း တင်ခဲ့ပါသည်။

မုဒုံမြို့၊ ကန်ကြီးစေတီတော်ပရ၀ုဏ်အတွင်းရှိ ဆင်နှစ်ကောင် စောင်းတန်းအား မူလအလှူရှင် ဦးသက်ဖူး+ဒေါ်စိန်မြိုင် (သမီးဖြစ်သူ) ဒေါ်မေရှင် (ခေတ္တ- အမေရိကန်ရောက်) မိသားစုမှ အလှူငွေကျပ် (၂၁၆) သိန်းဖြင့် ပြန်လည်ပြုပြင်လျှက်ရှိကြောင်း မြို့နယ်သူ/နယ်သားအပေါင်းတို့ သာဓုအနုမောဒနာခေါ်ဆိုနိုင်စေရန် အလို့ငှား တင်ပြလိုက်ပါသည်။

လှပသော ကြွေပြားနှင့် မျက်နှာကျက်ပြားများဖြင့် ပြုပြင်မွမ်းမံနေသော ဆင်နှစ်ကောင်စောင်းတန်းအတွင်းနေရာ

ခေတ်မီခမ်းနားလာတော့မည့် ဆင်နှစ်ကောင်စောင်းတန်းပြုပြင်နေမှုမြင်ကွင်း

1 comment: