|
တည်ဆောက်ဆဲ ပန်းဥယျာဉ်အား မျှော်စင်အပေါ်ဆုံးထပ်မှ မြင်ရပုံ |
မုဒုံမြို့ကန်ကြီးစေတီတော်ပရ၀ုဏ်အတွင်း ဘုရားဖူးများ အပန်းဖြေအနား
ယူနိုင်ရန်အတွက်လည်းကောင်း၊ ရပ်ဝေး/ရပ်နီးမှ ဘုရားဖူးများအနေဖြင့်
မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးရန်အတွက်လည်း စေတီတော်မြတ်ကြီးနှင့် ပိုပြီးပဏာတင့်စေရန်အတွက် လည်းကောင်း နောင်တော်ကြီးစေတီတော်၏ မျက်နှာစာရှေ့တွင် ယခုအခါ ပန်းဥယျာဉ်တစ်ခုကို
တည်ဆောက် ပြီးစီးနေပြီးဖြစ်သည်။
အဆိုပါပန်းဥယျာဉ်၏လူသွားစင်္ကြန်များကို
နောက်ဆုံးပေါ် နေပူခံကျောက်ပြားများဖြင့် အလှဆင်ထားပြီး၊ ပန်းဥယျာဉ်အတွင်း
လင်ပိုင်းရေပန်းတစ်ခုကိုလည်း တည်ဆောက်ထားသည်။ ယခုတည်ဆောက်သော ပန်းဥယျာဉ်မှာ
စနစ်တကျ Plan ရေးဆွဲတည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါ ပန်းခြံပြီးစီးပါက
ဘုရားဖူးများအတွက် ခေတ်မီလှပသော အပန်းဖြေရန် နေရာတစ်ခု
ထပ်မံတိုးလာမည်ဖြစ်သည်။
|
တည်ဆောက်ဆဲ ပန်းဥယျာဉ်အား မျှော်စင်အလယ်ထပ်မှ မြင်ရပုံ
|
|
ပန်းဥယျာဉ်အတွင်းပန်းများစိုက်ပျိုးပြီးပါက အလွန်လှပသာယာနေမည်ဖြစ်သည်။ |
။
No comments:
Post a Comment