Tuesday, February 5, 2013

မုဒုံမြို့နယ် မြိုင်ကုန်းဆရာတော်ဘုရားကြီးမွေးနေ့ပွဲ မြင်ကွင်းဓါတ်ပုံများ

 
မုဒုံမြို့နယ်၏ အထင်ကရနေရာတစ်ခုနဲ့ ဂုဏ်ယူဖွယ်ရာတစ်ခုဖြစ်သော ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဘုရားကြီးကို ဦးစီးတည်ထောင်တော်မူသည့် ဘဒ္ဒန္တကေသရဆရာတော်ဘုရားကြီး၏ မွေးနေ့မင်္ဂလာ ပွဲတော်အား (၃-၂-၂၀၁၃) မှ (၆-၃-၂၀၁၃) ထိ စည်းကားစွာကျင်းပလျှက်ရှိသည်။ သို့ဖြစ် အဝေးရောက် မုဒုံသားများအနေဖြင့်လည်း ဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲတော်မြင်ကွင်းတစ်ချို့ကို ရိုက်မိသလောက် တင်ပေးလိုက်ပါတယ်..( မနက်ဖြန်လည် ထပ်တင်ပေးပါ့မယ်)

ဆရာတော်ဘုရားကြီး မွေးနေ့ ဖွင့်ပွဲကျင်းပရာ ဓမ္မာရုံအား ညပိုင်းတွင် တွေ့မြင်ရပုံ
လျောင်းတော်ဘုရားကြီးပေါ်မှ မြင်တွေ့ရသော ပွဲဈေးတန်းရှည်ကြီး (ညး၁၂း၀၀ နာရီဝန်ကျင်)

(၄-၂-၂၀၁၃) ရက်နေ့ည (၁၁း၀၀) နာရီအထိ လူစည်းကားနေသော မွေးနေ့ပွဲတစ်နေရာ

ဆရာတော်ဘုရား၏ (၉၂) နှစ်မြောက်မွေးနေ့ကို ဖော်ကျူးထားသော အရုံခံတန်ဆောင်ပေါ်မှ မီးအလှများ

အတောင် (၄၀၀) ပြည့်ဘုရားကြီးနှင့် မျက်နှာချင်းဆိုင်တွင် ထပ်မံတည်ဆောက်နေသည့် အတောင် (၆၀၀) ပြည့် ဘုရားကြီးအား အကြမ်းထည်ပြီးစီးနေပုံ



(၅-၂-၂၀၁၃) ရက်နေ့ ညနေပိုင်းတွင် လူစည်ကားသိုးဝှေ့နေသော စတုဒိတာထမင်းကျွေးရာနေရာတစ်ခု

အမျိုးအစားပေါင်းစုံဖြင့် စတုဒိတာကျွေးမွေးရာ နေရာများ (စုစုပေါင်း (၃၀ ကျော်  ၄၀ ၀န်းကျင်ရှိသည်)

ကမာဝက်ကျေးရွာသူ/ရွာသားများ၏ အအေးအလှူ

ပွဲတော်အတွင်းတွေ့ရသော လျောင်းတော်မူဘုရားကြီး

အနယ်နယ်အရပ်ရပ်မှ လက်ဝှေ့ဝါသနာရှင်များဖြင့် စည်ကားနေသော လက်ဝှေ့ပွဲရုံဝန်းကျင်တစ်နေရာ

စတုဒိတာထမင်းဝိုင်းတွင် မြိန်ရည်ယှက်ရည်သုံးဆောင်နေကြသော ပွဲတော်လာ ဘုရားဖူးများ

No comments:

Post a Comment