|
၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့ အား မုဒုံမြို့ခံလူထုမှ ကြိုဆိုနေစဉ် |
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
ဖော်ဆောင်ရေးအတွက် ၈၈ ကျောင်းသားများအဖွဲ့ဖြစ်သော
ကိုမင်းကိုနိုင်နှင့်အဖွဲ့သည် ယနေ့ မုဒုံစံတော်ချိန် (၇း၃၀) အချိန်တွင်
မုဒုံမြို့ ဗိုလ်ချုပ်လမ်း၊ အောင်ဓမ္မရိပ်သာရှိ ဓမ္မာရုံတွင်
ဒီမိုကရေစီလိုလားသူများ၊ မုဒုံမြို့နယ် တက်ကြွလူငယ်များ၊
ရပ်မိရပ်ဖမြို့ခံလူထုများနှင့် တွေ့ဆုံခဲ့သည်။ ဒီနေ့တစ်ရက်တည်းတွင် မော်လမြိုင်၊ ကျိုက်မရော ခရီးစဉ်များကိုပါ သွားရောက်ခဲ့ရသည့်အတွက် အခမ်းအနားကို မူလသတမှတ်ချိန် (၄း၀၀) နာရီထက် များစွာ နောက်ကျပြီး (၇း၃၀) မှသာ ပြုလုပ်နိုင်ခဲ့သော်လည်း အခမ်းအနားသို့ လူအင်အား (၃၀၀) ကျော် (၄၀၀) ၀န်းကျင် တက်ရောက်ခဲ့ကြသည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွင် ဦးမင်းကိုနိုင်နှင့်အတူ အဖွဲ့ဝင်အဖြစ် မုဒုံမြို့နယ်၊ ကမာဝက်ဇာတိဖွား ကိုမင်းဇေယျာလည်း လိုက်ပါလာ သည့်အတွက် မုဒုံမြို့နယ်သားများအနေဖြင့် အားတက်ဝမ်းမြောက်ခဲ့ကြောင်း သိရှိရသည်။
၎င်းတို့အဖွဲ့သည် ဒီမိုကရေစီ အကူအပြောင်းကာလ၌ အနာဂတ်မြန်မာနိုင်ငံတော် တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်သွားနိုင်ရန်အတွက် လုပ်ဆောင်ရာတွင် နိုင်ငံရေးပါတီများနှင့်အတူ အရပ်ဖက်လူ့အဖွဲ့အစည်းများ သည်လည်း မရှိမဖြစ် လိုအပ်သလို ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုသည်လည်း အလွန်ပင်အရေးကြီး
ကြောင်းနှင့် လူထုကြားတွင် ဒီမိုကရေစီယဉ်ကျေးမှုနှင့် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေးကို အလေးထားဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။
|
၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့ အား မုဒုံမြို့ခံလူထုမှ ပန်းဆီးဆက် ကြိုဆိုနေကြစဉ် |
|
၈၈ မျိုးဆက်ကျောင်းသား (၀ဲမှ ယာ) ဦးမင်းဇေယျာ (မုဒုံကမာဝက်သား)၊ ဦးမင်းကိုနိုင်၊ ဦးဋ္ဌေးကြွယ် နှင့်အဖွဲ့ဝင်များ |
|
တွေ့ဆုံပွဲမစတင်မီ ဒီမိုကရေစီအတွက်ကျဆုံးခဲ့သော ဒီမိုကရေစီသူရဲကောင်းများအား အခမ်းအနားတက်ရောက်သူများမှ ဂုဏ်ပြုနေကြစဉ် |
No comments:
Post a Comment