Saturday, November 3, 2012

မုဒုံမြို့နယ်မဂ္ဂဇင်း ထွက်ရှိလာပြီ

မုဒုံမဂ္ဂဇင်း မျက်နှာဖုံးပုံနှင့်အတွင်းစာမျက်နှာ မာတိကာ
မြို့သက်တမ်း နှစ်ပေါင်း (၁၁၀) ရှိပြီးဖြစ်သော်လည်း ယခုနှစ်တွင်မှ ပထမ အကြိမ်ထုတ်ဝေမည့်  မုဒုံမြို့နယ် မဂ္ဂဇင်းအမှတ် (၁) ကို ဒီရက်ပိုင်းအတွင်း ထုတ်ဝေတော့မယ်လို့ သိရပါတယ်.... မုဒုံမြို့နယ်၏ ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (၆) ဘာသာဂုဏ်ထူးရှင် နှင့်အတူ မုဒုံမြို့နယ်အတွင်း အဓိကနေထိုင်နေကြသော မွန်၊ ဗမာ၊ ကရင် တိုင်းရင်းသူများပုံဖြင့် မျက်နှာဖုံးပြုလုပ်ထားသာ မဂ္ဂဇင်း၏ အဖွင့်ကဗျာတွင် ကဗျာဆရာ မောင်စိမ်းနောင် (လယ်ဝေး) ၏ (မြို့ကလေးများ) ကဗျာဖြင့် စာမျက်နှာစတင်ဖွင့်လှစ်ထားပြီး ၀ါရင့်စာပေပညာရှင်များ၊ မုဒုံမြို့နယ်နှင့် အနယ်နယ်အရပ်ရပ်မှ စာပေ၀ါသနာရှင်များ၏ သမိုင်းဆိုင်ရာအချက်အလက်များ၊ ရသစာပေများ၊ ဗဟုသုတဖြစ်ဖွယ်ရာ စုံစုံလင်လင် ဝေေ၀ဆာဖြင့် ရသစုံ ဖတ်ရှုရမည်ဖြစ်သည့်အပြင် မြို့နယ်၏ သဘာဝအလှရှုခင်းများကိုလည်း ထည့်သွင်းထားကြောင်း သိရှိရသည်။  မဂ္ဂဇင်းကို A4 ဆိုဒ် စက္ကူချောဖြင့် အဆင့်မီစွာ ချုပ်လုပ်ထားပြီး ရောင်းဈေးမှာ ကျပ် (၃၀၀၀) ဖြစ်ကြောင်းလည်း သိရှိရသည်။

 အဆိုပါ မဂ္ဂဇင်းကို ယခုရက်ပိုင်းများအတွင်း တစ်ပြိုင်တည်း ထုတ်ဝေရန်အတွက် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့ရှိ မုဒုံသားများအတွက်လည်း မုဒုံမြို့နယ်အသင်း (ရန်ကုန်) တွင်ဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရှိရသည်။ မဂ္ဂဇင်းစတင်ထုတ်ဝေမည့် ရက်နှင့် ၀ယ်ယူနိုင်သော ဆိုင်များအား ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

No comments:

Post a Comment