|
လူများ စတင်စည်ကားစပြုလာသော မုဒုံမြို့ တန်ဆောင်တိုင်ည မြင်ကွင်း (လမ်းမကြီးအ၀ိုင်း ညနေ-၇း၀၀) နာရီ |
ဘော်ဒါတို့ရေ မုဒုံတန်ဆောင်တိုင်ကတော့ ညက စည်စည်ကားကားနဲ့ ပြီးဆုံးသွားပါပြီ.. လဆန်း (၁၃) ရက်နေ့ညနေ (၆း၃၀) လောက်မှာ ရွာသွန်းခဲ့သည့် မိုးသည်းထည်မှုကြောင့် (၁၄) ရက်နေ့ည တန်ဆောင်တိုင်ပွဲတော်ဟာ မိုးထိတော့မယ်လို့ မူလက ခန့်မှန်းထားကြပေမယ့် တန်ဆောင်တိုင်ည (၆း၀၀) နာရီလောက်မှ မိုးနည်းနည်း အုပ်ဆိုင်းတာကလွဲပြီး မိုးမရွာခဲ့ပဲ ည (၇း၀၀) နာရီအချိန် မှာတော့ ကောင်းကင်မှ တိမ်တွေကင်စင်ပြီး လမင်းဟာ ယခင်နှစ်များလို ထွန်းလင်းပေးခဲ့တဲ့ အတွက် မုဒုံတန်ဆောင်တိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ယှဉ်နွှဲခဲ့ကြပါတယ်...
ဒီနှစ်တန်ဆောင်တိုင်မှာ စတင်တေးဂီတအဖြစ် (လေးဇီးကလပ်၊ ဘစ်ဘတ် တေးဂီတအဖွဲ့နဲ့အတူ) အယ်လွန်းဝါ၊ ဟန်ထူးလွင်၊ ပူစူး၊ အေသင်ချိုဆွေ စသည့်နာမည်ကြီးအဆိုတော်တွေ ပါဝင်တီဆို ဖျော်ဖြေခဲ့ပြီးတော့ မော်ဒယ်သရုပ်ဆောင် ခေမီကိုနဲ့အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်..
မူလက မိုးရိပ်တွေကြောင့် မစည်းကားတော့မလိုဖြစ်ခဲ့ပေမယ့် ည (၈း၀၀) နာရီဝန်းကျင်မှာတော့ ယခင်နှစ်များလိုပဲ မော်-သံလမ်းတစ်လျှောက်မှာ မြို့ခံတွေနဲ့ ကျေးရွာတွေက တက်လာသည့် ပရိတ်သတ် တွေနဲ့ တန်ဆောင်တိုင်ညဟာ အသက်ဝင်ခဲ့ပါတယ်.. ည (၇း၀၀) နာရီမှ မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲကို ယခင်နှစ်တွေကလိုပဲ ကျေးရွာ/ရပ်ကွက်အလိုက်ယှဉ်ပြိုင်ပြီးတော့ ည (၈း၀၀) နာရီမှ ပြီးဆုံးခဲ့ပါတယ်..
ဒါပေမယ့် ယခင်နှစ်မှာ မီးထွန်းခဲ့တဲ့ ဗိုလ်ချုပ်လမ်း (သင်္ဘောဦးထိပ်မှ ဆေးရုံထိပ်အထိ)၊ စက်သစ်ရပ် မြစေတီလမ်း (အောင်ပြည်သာရှေ့လမ်းဝမှ ကင်ချွန်းဘုရား (မြစေတီဘုရားအထိ)၊ မြနန်ဒါလမ်း (ဒေါ်သန်းမြင့်ဘော်ဒါဆောင်လမ်း)၊ မင်းတန်းဗိုလ်ချုပ်လမ်း (သင်္ဘောဦးထိပ်မှ ကျောက်တိုင်ထိ)၊ တပင်ရွှေထီးလမ်း (ကျောက်ဝိုင်းကျောင်းလမ်းဝမှ စာစင်လမ်းမကြီးကျောင်းရှေ့လမ်းဝအထိ)၊ မော်-သံလမ်း (စာစင်လမ်းမကြီးကျောင်းရှေ့မှ မုဒုံမြို့ဝင်အထိ)၊ ဘုရားလေးဆူရပ် (ဗိုလ်ချုပ်လမ်းတစ်လျှောက်) နေရာတွေမှာ မီးထွန်းခဲ့ခြင်းမရှိတော့တဲ့ အတွက်ကြောင့်လည်း အဲဒီနေရာတွေဟာ အစောပိုင်းနဲ့ ညနက်ပိုင်းတွေမှာ ခြောက်ကပ်ကပ်ဖြစ်ခဲ့ပါတယ်...
|
လမ်းမကြီး မော်-သံလမ်း၊ တန်ဆောင်တိုင်ည |
မီးထွန်းတဲ့လမ်းတွေထဲမှာ တပင်ရွှေထီးလမ်း၊ (စာစင်အလယ်ပိုင်းရပ်)၊ အင်ကြင်းမြိင်လမ်း၊ လမ်းမကြီးမော်-သံလမ်း (ဈေးနားမှ ယခင်ဘီအိုစီရှေ့ထိ)၊ မြို့မဈေးနောက်လမ်း၊ ဘိုတဲအရဟံလမ်း၊ ဗိုလ်ချုပ်လမ်း (ဘိုတဲရှေ့မှ လမ်းမကြီးအ၀ိုင်းအထိ) ပိနဲတိုက်အ၀င်လမ်းများ၊ လမ်းမကြီးအ၀ိုင်းရှေ့မှ ကျွန်းရွာလမ်းသို့ ဖြတ်ထွက်သော ၀ိဇယလမ်း၊ ကျွန်းရွာလမ်းတစ်လျှောက် (လစရ-၂) အထိ၊ မော်-သံလမ်း၊ ဦးပိုးရီအိမ်ရှေ့မှ စာစင်လမ်းမကြီးအထိ) တို့တွင်သာ မီးထွန်းခဲ့သည်။
ဇာတ်ပွဲများကျင်းပမှုကတော့ ယခင်နှစ်များအတိုင်းပဲ လမ်းမကြီးရွှေဟင်္သာဈေးရှေ့တွင် တစ်ပွဲ၊ ကျွန်းရွာလမ်းတွင်တစ်ပွဲ၊ ကျိုက်ကမော့တောင်ခြေတွင်တစ်ပွဲ ကပြခဲ့ပါတယ်... ကျိုက်ကမော့လမ်း တစ်လျှောက်တောင်ခြေအထိမှာတော့ လမ်းလျှောက်သူအနည်းငယ်သာရှိပြီး တောင်ပေါ်တက်ဘုရားဖူးဖို့ အတွက် ကား၊ ဆိုင်ကယ်များကို အသုံးပြုပြီး ည (၈) နာရီကနေ နံနက် (၆) နာရီအထိ အဆက်မပြတ် တက်ရောက်ခဲ့ကြပါတယ်..
ပထမတော့ မုဒုံတန်ဆောင်တိုင်ည ဓါတ်ပုံတွေကို စုံစုံလင်လင်နဲ့တင်ပေးပို့
အများကြီး မျှော်လင့်ခဲ့တယ်.. အခက်အခဲတစ်ချို့ကြောင့်
လက်လှမ်းမီသလောက်ပဲတင်ပေးလိုက်ပါတယ်.. ဘော်ဒါတို့ရေ
စိတ်မရှိပါနဲ့...နောက်ဆိုရင် ဒီထက်ကြိုးစားသွားပါ့မယ့်.. ရပ်ဝေးမြေရောက်မုဒုံသားတွေလည်း အားလုံး ကျန်းမာကြပါစေဗျာ..
|
စတင်တေးဂီတဖျော်ဖြေမည့် မုဒုံမိုးလုံလေလုံအားကစားရုံမြင်ကွင်း (ညနေ (၄း၃၀) အချိန် |
|
သင်္ဘောဦးဘုရားနှင့် ရှင်ဥပဂုတ်တရဟန်းသာပူဇော်ထားမှုမြင်ကွင်း (ညနေ ၆း၀၀) နာရီ |
|
|
မသိုးသင်္ကန်းရပ်လုပ်ယှဉ်ပြိုင်မည့် ဆုတောင်းပြည့်စေတီတော်ရှေ့မြင်ကွင်း (ညနေ ၆း၀၀) နာရီ |
|
လူများ စတင်စည်ကားစပြုလာသော မုဒုံမြို့ တန်ဆောင်တိုင်ည မြင်ကွင်း (လမ်းမကြီးအ၀ိုင်း ည-၇း၀၀) နာရီ |
|
ရိုးရာမပျက်နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲမြင်းကွင်း (လမ်းမကြီး ဈေးဟောင်းရှေ့နေရာ) |
|
လူစည်ကားနေပြီဖြစ်သော ည (၇း၄၅) အချိန် တန်ဆောင်တိုင်ညမြင်းကွင် |
|
ကျိုက်ကမော့ကလေးဘုရားသို့ တက်ရောက်မည့် ကျွန်းရွာလမ်းတစ်လျှောက် မြင်ကွင်း ည (၉း၀၀) နာရီ (အဆိုပါလမ်းမှာ တောင်ပေါ်သို့ ကားများ ဆိုင်ကယ်များနှင့်သာ သွားရောက်သူများပြားသဖြင့် လမ်းလျှောက်သူနည်းပါးနေပါသည်) |
|
မုဒုံမြို့တန်ဆောင်တိုင်ပွဲတော်၏ ယခုနှစ်ထူးခြားသော ပြပွဲတစ်ခု (ပန်ချီကိုနွယ်တို့အဖွဲ့ဦးဆောင်သော ပန်းပညာရှင်များ၏ ချိုတေးသံဝင်းအတွင်းရှိ ပန်းချီပြပွဲ) |
|
ပန်းချီပြပွဲတစ်ကွက် |
|
ပန်းချီပြပွဲ မြင်ကွင်းတစ်ခု |
|
ည (၁၀း၀၀) နာရီအထိ စည်ကားနေသော လမ်းမကြီး မော်-သံလမ်းတစ်နေရာ |
No comments:
Post a Comment