ယာယီစံကျောင်းတွင် သီတင်းသုံးနေသော ဆရာတော် ဘဒ္ဒန္တကေတုဝါရ (ဥုးဇင်းဝင်း) |
ယခုရက်ပိုင်းအတွင်းက ကန်ကြီးကန်ရှုခင်းတွေကို ဓါတ်ပုံလိုက်ရိုက်ရင်း.. တစ်ချိန်က ရင်းနှီးဘူးခဲ့တဲ့ မုဒုံမြို့နယ်ကမာဝက်လွီမာန်ထော်ကျောင်းတိုက်က ဥုးကေတုဝါရ (ဥုးဇင်းဝင်း) နဲ့ ဆုံဖြစ်ရင်း.. ဒီပို့စ်လေးကို တင်ဖြစ်လိုက်တာပါ။
ဆရာတော်ရဲ့ ညီအစ်ကိုမောင်နှမတွေဟာလည်း နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြ တယ်လို့ ဆရာတော်မှ မြွတ်ကြားခဲ့တဲ့အတွက် နိုင်ငံခြားမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေလည်း ဒီဘလော့ဂ်လေး ထဲအလည်ရောက်ခဲ့လို့ရှိရင် သိနိုင်ဖို့နဲ့ ဆရာတော်တည်ဆောက်နေတဲ့ ကျောင်းတော်ကြီးမှာ အလှူငွေ ထည့်ဝင်လှူဒါန်းနိုင်အောင်လို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်...
ဆရာတော်ကို ဆက်သွယ်လှူဒါန်းချင်ရင်တော့ -- 09-8725502၊ 09-5323001 သို့ ဆက်သွယ်လှူ ဒါန်းနိုင်ကြပါတယ်ခင်ဗျား....
ကျပ်သိန်း (၆၀၀) ခန့်ကုန်ကျမည့် ယာဝဘောဇနကျောင်း |
ဥုးကေတုဝါရ ဟာ
မွန်ဆရာတော်တစ်ပါးဖြစ်ပြီးယခင်ကမာဝက်လွီမာန်ထော်ကျောင်းက
တိုက်အုပ်တစ်ပါးလည်း ဖြစ်ခဲ့ပါသည်။ ရပ်ရွာဒေသအကျိုးနှင့်
မွန်တိုင်းရင်းသား တို့၏ အကျိုးအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့်
တွေ့ဆုံဆွေးနွေးနိုင်သူတစ်ဦးဖြစ်ပြီး လောကီနှင့်လောကုတ္တရာ
အကျိုးနှစ်ခုလုံး ကို ဆောင်ရွက်နေသူဖြစ်ပါတယ်။
ယခုအခါ ဆရာတော်ဟာ
မုဒုံမြို့ပေါ်မှာရှိတဲ့ မွန်တိုင်းရင်းသား/သူများ၊ ဒါယကာ/ဒါယိကာမ များရဲ့
လျှောက်ထားချက်အရ မွန်ပြည်နယ်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်
လှူဒါန်းလိုက်တဲ့ ကန်ကြီးကန်းပတ်လမ်းဘေးမှာရှိတဲ့ မြေဧရိယာ (၀.၁၅) ဧကပေါ်မှာ
ယာဝဘောဇန လို့အမည်ပေးထားတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို
စတင်တည်ထောင်တော်မူနေပြီဖြစ်ပါတယ်။
ကန်ကြီးကန်ပတ်လမ်းဘေးတွင် ခန့်ညားစွာတည်ရှိနေတော့မည့် တည်ဆောက်ဆဲယာဝဘောဇနကျောင်း |
No comments:
Post a Comment