မုဒုံမြို့နယ်သည် ဘာသာတရားကိုင်းရှိုင်းသော မြို့နယ်တစ်ခုဖြစ်သည်နှင့်အညီ လူမှုကူညီရေးလုပ်ငန်းများ စွာကို အဖွဲ့အလိုက် လုပ်ဆောင်လျှက်ရှိကြပေရာ အဆိုပါလူမှုရေးအဖွဲ့အစည်းများ၏ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရပ်ဝေး/ရပ်နီးရှိ မုဒုံမြို့နယ်သူ/သားများနှင့် မုဒုံဒေသအား စိတ်ပါဝင်စားသူများ၊ လေ့လာလိုသူများအား ဗဟုသုတရရှိ စေရန်နှင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လိုပါကလည်း လိုအပ်သလိုပါဝင်ကူညီဆောင်ရွက်နိုင်ရေး အတွက် အခါအခွင့်သင့်လျှင်သင့်သလို ဤဘလော့ဂ်မှ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
|
အလှူရှင် ဦးဇော်မြင့်+ဒေါ်အေးရှင်မိသားစုမှ လှူဒါန်းထားသော မုခ်ဝ (၂) ခုအနက် တောင်ဘက်အထွက်မုခ်ဝ |
|
|
မုဒုံဘိုးဘွားရိပ်သာပင်မအဆောက်အဦအား တွေ့ရစဉ် |
မုဒုံမြို့ဘိုးဘွားရိပ်သာ
မုဒုံမြို့နယ်ဘိုးဘွားရိပ်သာကို 1986-87 ခုနှစ်လောက်မှာ စတင်တည်ဆောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး 1989 ခုနှစ်မှ နိုင်ငံတော်အစိုးရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ တရားဝင် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ဘိုးဘွားရိပ်သာသည် မုဒုံမြို့၏ တောင်ဘက် မော်-သံလမ်းမ ၏ အနောက်ဘက်ရှိ မြေဧရိယာ (၅.၇၈) ဧကပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။
|
မုဒုံဘိုးဘွားရိပ်သာမှ စောင့်ရှောက်ထားသော ဘိုးဘွားများ |
လက်ရှိအခြေအနေ
မုဒုံမြို့နယ်အတွင်းရှိ သားသမီးကျောထောက်နောက်ခံမရှိသော အသက် (၇၀) ကျော် ဘိုးဘွားများအား တာဝန်ယူပြုစုစောင့်ရှောက်ပေးလျှက်ရှိသော မုဒုံမြို့နယ်ဘိုးဘွားရိပ်သာတွင် ယခုအခါ အဘိုး (၂) ဦးအဖွား (၁၉) ဦးပေါင်း စုစုပေါင်းဘိုးဘွား (၂၁) ဦး၏ စားဝတ်နေရး၊ ကျန်းမာရေးတို့ကို ပြုစုစောင့် ရှောက်ပေးလျှက်ရှိသည်။ ထိုသို့ ပြုစုစောင့်ရှောက်ပေးရာတွင် နေ့စဉ် (ပ်သာဝန်ထမ်းလစာမပါ) ကုန်ကျစရိတ် (၃၅၀၀၀ိ/-) ခန့်ရှိပြီး ထိုငွေများကို ဘိုးဘွားရိပ်သာရှိ အရင်းမပျော်မတည်ငွေများမှ ရရှိသော အတိုးများ၊ မင်္ဂလာဦးဆွမ်းကျွေး၊ မွေးနေ့၊ အခြားသဒ္ဓါဆွမ်းများအဖြစ် လာရောက်လှူဒါန်းမှုများဖြင့် လည်ပတ် လျှက်ရှိသည်။ ဘိုးဘွားများအား နံနက် စာအဖြစ် (လက်ဖက်ရည်+မုန့်)၊ နေ့လည်စာ (ထမင်းဟင်း)၊ နေ့ခင်းဘက် (လက်ဖက်ရည်/ကော်ဖီ) နှင့် ညနေ ထမင်း+ဟင်းများကို အစီအစဉ်တကျ ကျန်းမာရေးနှင့် အညီ ချက်ပြုတ်ကျွေးမွေး လျှက်ရှိသည်။ ကျန်းမာရေစောင့်ရှောက်မှုအနေဖြင့် ပုံမှန်အားဖြင့် တစ်ပတ်လျှင် (၂) ကြိမ်ကျ မုဒုံမြို့မှ ဒေါက်တာဦးမြင့်ဦး ဦးဆောင်သော မြို့နယ်ဆရာဝန်များမှ ဘိုးဘွားများ၏ကျန်းမာရေးကို ပြုစုစောင့်ရှောက် ပေးလျှက်ရှိသည်။
|
ဘိုးဘွားများ၏ မြိန်ရည်ရှက်ရည် ထမင်းဝိုင်း
|
|
ဘိုးဘွားများ၏ နေ့လည်စာစားသုံးနေမှုအား နေ့လည်စာအလှူရှင် မင်္ဂလာဦးဇနီးမောင်နှံနှစ်ဦးမှ ကြည်နူးစွာကြည့်ရှုနေစဉ် |
ဘိုးဘွားများ၏ နေ့စဉ် ဝေယျာဝစ္စများကို ရိပ်သာအုပ်ချုပ်ရေးမှူးအပါဝင် ၀န်ထမ်း (၅) ဦးမှ ဆောင်ရွက် လျှက်ရှိပြီး အဆိုပါဝန်ထမ်းများအား ရိပ်သာ၏ ရန်ပုံငွေမှ လစာပေးခန့်ထားခြင်း ဖြစ်သည်။
|
ရိပ်သာဝန်ထမ်းများ၏ အားထုတ်မှုကြေင့် သန့်ရှင်းသပ်ယပ်နေသော အဘွားဆောင်တစ်ခု |
ရိပ်သာကြီးကြပ်မှုကော်မတီ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ယခုအခါ မုဒုံမြို့နယ်ဘိုးဘွားရိပ်သာ ယခင်ကထက် များစွာ ဖွံ့ဖြိုးတိုးတက်လာလျှက်ရှိပြီး ရိပ်သာအဆောက်အဦများကို လည်း တိုးချဲ့ တည်ဆောက်လျှက်ရှိရာ အရှည် (အလျား -၄၀ပေ၊ အနံ ၂၂ ပေ) ရှိ သိန်း (၁၆၀) ကျော်ကုန်ကျသည့် အဘွား ဆောင်တစ်ဆောင်ကိုလည်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။ ထို့ပြင် ဘိုးဘွားများ ဖျားနာပါက လူနာဆောင်တစ်ဆောင်ကိုလည်း ထပ်မံတည်ဆောက်သွားမည်ဖြစ်ရာ ယခုအခါ အုတ်မြစ်ချထား ဆောင်ရွက်ပြီးဖြစ်သည်။ ထိုဖျားနာဆောင်အတွက် အလှူရှင်များလည်း လိုအပ်လျှက်ရှိကြောင်းသိရှိ ကြောင်းသိရှိရသည်။
|
ကိုးရီးယားရောက်လူငယ်များမှ မုဒုံဘိုးဘွားရိပ်သာသို့ လှူဒါန်းထားသော မြင်ကွင်းတစ်ခု |
ဘိုးဘွားများသည် သီလစင်ကြယ်သည့် သက်ကြီးဝါကြီးပုဂ္ဂိုလ်များဖြစ်သည့်အတွက် ထိုဘိုးဘွား များအား စောင့်ရှောက်ကူညီခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ ရရှိခံစားကြမည်ဖြစ် ပါသည်။ ထို့ကြောင့် မုဒုံနယ်သူ/နယ်သားများအနေဖြင့် မိမိတို့ ရပ်ရွာရှိ အမှီအခိုကင်းမဲ့သော ဘိုးဘွားများ အား အောက်ပါအတိုင်း ပါဝင်ကူညီစောင့်ရှောက်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။
(က) ဘိုးဘွားများ နံနက်စာ - ၅၀၀၀ ကျပ်
( ခ) နေ့လည်စာ - ၁၅၀၀၀ ကျပ်
( ဂ) ညနေစာ - ၁၅၀၀၀ ကျပ်
တစ်နေ့လုံးစာ - ၃၅၀၀၀ ကျပ်
(ဃ) ငွေပဒေသာပင် (အရင်းမပျောက်ငွေ) - စေတနာအလျှောက် ပါဝင်လှူဒါန်းနိုင်သည်။
( င) အဆောက်အဦးပြုပြင်မွမ်းမံခြင်း၊ တည်ဆောက်ခြင်း - စေတနာအလျှောက်ပါဝင်လှူဒါန်းနိုင်သည်။
ပါဝင်လှူဒါန်းလိုပါက - ဒေါက်တာဦးမြင့်ဦး (ကမ္ဘာအထူးကုဆေးခန်း) မုဒုံမြို့၊ ဖုန်း -05770061
ဦးယုနိုင် (အတွင်းရေးမှူး၊ ဘိုးဘွားရိပ်သာ)မုဒုံမြို့၊ ဖုန်း- 09425281214
ဦးမြင့်ဝင်း (အဖွဲ့ဝင်၊ ဘိုးဘွားရိပ်သာ၊ မုဒုံမြို့၊ ဖုန်း - 09 425262420
ဦးဝမ်းကြည်၊ ရိပ်သာအုပ်ချုပ်ရေးမှူး၊ မုဒုံမြို့၊ ဖုန်း - 057 70207
|
အသစ်တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် အဘွားဆောင် (၄၀×၂၂) ပေ |
|
အသစ်တည်ဆောက်ပြီးစီးနေပြီဖြစ်သော အဘွားဆောင်၏ အတွင်းဘက် အချောထည်လုပ်ငန်းဆောင်ရွက်နေစဉ်
|
|
အဖွားဆောင်အတွင်းရှိ သန့်ရှင်းသပ်ယပ်နေသော ရေချိုးခန်းနှင့် အိမ်သာခန်းများ |
|
အသစ်တည်ဆောက်ရန် အုတ်မြစ်ချထားသော ဖျားနာဆေးကုသဆောင် (၂၀×၃၀) ပေ |