မွန်တို့ဌာနေ ရာမညမြေက
ရွှေမြူရစ်ဝိုင်း
ရှစ်ခွင်မှိုင်း၍
ရှုတိုင်းသာသည့်
ရွှေဒုံမြေ ။
ဘာသာအရေး အစဉ်တွေးလျက်
ရောင်းသွေးမတူ
ပေးကာလှူမည်
စေတနာဖြူသည့် ရွှေဒုံမြေ။
သာသနာ့အရောင်
ထွန်းလင်းပြောင်လျှက်
ရွှေတောင်အလား၊
ပုစဉ်းများနှင့်
တရားသံဝေ
အထူးခြွေသည့် ရွှေဒုံမြေ။
ပညာအဆင့်
ပွဲလယ်တင့်လျှက်
ပြိုင်နှင့်သမျှ
အနိုင်ရသည်
စွမ်းစပြည့်ဝ ရွှေဒုံမြေ။
ကျန်းမာအရေး
ပြည်သူ့ရေးတွက်
မနှေးကြိုဆို
စေတနာပိုလျှက်
ကိုသိုလ်ဆေးခန်း
ကြင်နာပန်းနှင့်
ရွှင်းလင်းပြုံးဝေ
ရွှေဒုံမြေ။
စိုက်ပျိုးကဏ္ဍ
နည်းလမ်းကျစွာ
မြို့ရွာအကျိုး
သယ်ဆောင်ပိုးလျှက်
ထွက်တိုးသီးနှံ
လွန်ရှင်သန်သည့်
ရွှေဒုံမြေ။
နိုင်ငံဘဏ္ဍာ၊
ဖြိုးပြည့်ဖြာလျှက်
ညီညာအစွမ်း
အခွန်းထမ်းပြည်သူ
ချစ်စိတ်ဖြူလျှက်
တွဲယူလက်ကမ်း
အသေရေလျှမ်းတဲ့
ရွှေဒုံမြေ။
နိုင်ငံသားကောင်း
ဇာနည်လောင်းနှင့်
နှစ်ပြောင်းချိန်ကြာ
ပြောင်းလဲပါသည်
စဉ်လာမပျက် ပေါ်ကာထွက်သည်
ဂုဏ်တက်လေသည့်
ရွှေဒုံမြေ။
မြို့ပေါ်ကျေးလက်
အလှဖက်စွာ
ပြိုင်လျှက်ဝင့်ကြွား
ဇွဲနှင့်အင်အား
အလှဝင့်ကြ နှိုင်းရသည်
လှပလွန်းပေ ရွှေဒုံမြေ။
(ရွှေဒုံရာဇော်)
မုဒုံမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ကဗျာတစ်ပုဒ်ပါ။
No comments:
Post a Comment