အသစ်တည်ဆောက်ပြီးစီးသွားသည့် ကျပ် (167) ကျော်တန် အဘွားဆောင်အား (၃၀-၁၂-၂၀၁၂) ရက်နေ့ကတွေ့ရစဉ် |
မုဒုံမြို့ဘိုးဘွားရိပ်သာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရိပ်သာကြီးကြပ်မှုကော်မတီမှ အစွမ်းကုန် ဆောင်ရွက် ကြိုးပမ်းလျှက်ရှိရာ ယခုအခါ မုဒုံမြို့နယ်ဇာတိဖွား အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ကျပ်သိန်း (167) ကျော် ကုန်ကျခံတည်ဆောက်ခဲ့သော အဘွားများအဆောင်သည် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အဘွား ဆောင်ကို ဘိုးဘွားရိပ်သာ၏ (၂၅) နှစ်မြောက် ငွေရတုနှစ်ပတ်လည်နေ့ဖြစ်သော (၃၁-၁၂-၂၀၁၂) ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။
ဖော်ပြပါ အဘွားဆောင်တည်ဆောက်ရေးအတွက် အဓိကအလှူရှင်ကြီးများဖြစ်ကြသော ရန်ကုန်မြို့နေ မုဒုံဇာတိဖွား ဦးညောင်ချင်း (ခ) ဦးဇော်မြင့်+ဒေါ်အေးရှင် မိသားစုတို့မှ အလှူငွေကျပ်သိန်း (၅၀) နှင့် မုဒုံမြို့ ကွမ်ကသောင်ရပ်နေ ဒေါ်မချစ်က ကျပ်သိန်း (၂၀)၊ ညောင်လေးပင်မြို့နေ ဒေါ်သန်းသန်း မှ ကျပ် (၅) သိန်း၊ ဦးစိန်ဝင်း+ဒေါ်ခင်လေး ကန်ကြီးရပ်၊ မုဒုံမြို့တို့က ကျပ် (၄) သိန်းခွဲတို့ဖြင့် မတည်ခဲ့ပြီး ကျပ်တစ်သိန်းအထက် အလှူရှင် (၁၄) နှင့် အခြားအလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း ရပ်ဝေးမြေရောက် မုဒုံသားများ မုဒိတာ ပွါးများနိုင်စေရန် အလို့ငှါ တင်ပြလိုက်ပါသည်။
No comments:
Post a Comment