အခုတင်ပြလိုက်သော
မုဒုံဘူတာရုံသည် ၂၀၁၁ ခုနှစ်တွင် အသစ်ပြန်လည် ပြင်ဆင် တည်ဆောက်လိုက်သော ဘူတာရုံကြီးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်
လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် (မုဒုံဇာတိဖွား) ဗိုလ်မှူးချုပ်အုန်းမြင့် (အငြိမ်းစား) တာဝန်ယူပြီးနောက်
ဦးစားပေး တည်ဆောက်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါအတွင် အဆိုပါ ဘူတာရုံဘေးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် သာယာလှပရေး အတွက် မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေရပြီး ဘူတာရုံမှ ဗိုလ်ချုပ်လမ်းအထိ ကတ္တရာလမ်းကိုလည်း အသစ်ပြန်လည်းခင်ကျင်းပြီးဖြစ်သည်။

မုဒုံဘူတာရုံသည် မုဒုံမြို့၏ အနောက်ဘက်
လယ်ကွင်းပြင်များနှင့်ဆက်စပ်တည်ရှိပြီး ယခုအခါ ဘူတာရုံဝန်းကျင်အတွင် အရိပ်ရပင်များနှင့်
ပန်းအလှပင်များ စိုက်ပျိုးထားရှိကာ ဘူတာရုံသို့ရောက်ရှိသူများအနေဖြင့် အမောပြေစေမည်ဖြစ်သည့်အပြင်
မြစိမ်းရောင် ကဗ္ဗလာအသွင် ဖန်ဆင်းထားသော တစ်မျှော်တစ်ခေါ်စပါးခင်းများကိုလည်း စိတ်ကြည်နူးဖွယ်
မြင်တွေ့နိုင်သည်။
အဝေးရောက်မုဒုံနယ်သားများအတွက် မုဒုံမြို့၏
ပြောင်းလဲနေသော ဘူတာရုံမြင်ကွင်းလေး တွေကို ကြည့်ရင်း အိမ်ပြန်ချင်စိတ်တွေ တားလို့ရနိုင်ပါစေ..။
No comments:
Post a Comment