မုဒုံကန်ကြီးပြတိုက် |
အကြောင်းအမျိုးမျိုးကြောင့် နှစ်အတန်ကြာ ပိတ်ထားခဲ့သော ကန်ကြီးစေတီတော်ပြတိုက်ကို မုဒုံမြို့မှ ရပ်မိရပ်ဖ တစ်ဦးမှ ဦးဆောင်ပြီး၊ မုဒုံမြို့မှ ကျေင်းသား/သူ လူငယ်အချို့၏ ကြိုးပမ်းမှုဖြင့် ယခုအခါ အဆိုပါပြတိုက်ကို မူလနေရာဖြစ်သော ကန်ကြီးစေတီတော်ဝင်း ဆင်နှစ်ကောင်စောင်းတန်း၏ ညာဘက်ခြမ်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။
ယခုဖွင့်လှစ်လိုက်သော မုဒုံမြို့၊ ကန်ကြီးစေတီတော်ပြတိုက်တွင် လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာမှ ရှေးဦးလူသားများ ကိုင်ဆောင်အသုံးပြုခဲ့သော ကျောက်လက်နက်ပစ္စည်းများ၊ မွန်လူမျိုးတို့နှင့် ပျူလူမျိုးတို့၏ သမိုင်းအမွှေအနှစ်များ၊ အလောင်းမင်းတရားခေတ် ကျောက်မှုန့်ဖြင့်ရေးခြယ်ထားသော ရှားပါး ပန်းချီပုရပိုက်များ၊ လက်ရာမြောက်လွန်းလှသော ရှေးဟောင်း ပုတီအမျိုးအစားပေါင်းများစွာနှင့် အခြားတန်ဖိုးမဖြတ်နိုင်သော စိတ်ဝင်စားဖွယ် သမိုင်းအမွေအနှစ်များကိုလည်း ခင်ကျင်းပြသထားသည်။
ပြတိုက်ကို နေ့စဉ် ညနေ (၄း၃၀) တွင် ပုံမှန်ဖွင့်လှစ်ပေးလျှက်ရှိပြီး စေတနာရှင်ကျောင်းသား/သူ လူငယ်များမှ ပြတိုက်နှင့်ပတ်သက်သော ပစ္စည်းများ၏ သမိုင်းရာဇ၀င်များအား အသေးစိတ်ရှင်းလင်း ပြောပြ ပေးသည့် အတွက်လည်း ပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် အသိပညာ ဗဟုသုတများစွာ ရရှိကြမည်ဖြစ်သည့်အတွက် အခါအခွင့်သင့်ပါက မုဒုံကန်ကြီးပြတိုက်သို့ လာရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ကန်ကြီးပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ |
ငယ်ငယ်က အကြွေစေ့ထည့်၍ ကစားခဲ့ဘူးတဲ့နေရာ |
ပြတိုက်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ |
ရှေးခတ်သုံးငွေဒင်္ဂါးများ |
ရှေးခတ်သုံး ငွေဒင်္ဂါးများ |
၁၉ ရာစု ငွေဓါး |
၁၉ ရာစု ရွှေထည်ငွေထည်ပစ္စည်းများ |
အလွန်ရှေးကျသော နတ်ရုပ် |
အလောင်းမင်းတရားခတ် မြေမှုန့်ဖြင့်ရေးချယ်ထားသော ပုရပိုက်ပန်းချီများ |
မွန်ပုရပိုက်များ |
မြေအိုးများ |
ရှေးခတ်ပုတီးအမျိုးမျိုး |
ပြတိုက်သို့လာရောက်လည်ပတ်သူများအား စေတနာဝန်ထမ်းကျောင်းသူများမှ ရှင်လင်းပြသပေးစဉ် |
No comments:
Post a Comment