|
ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၄-၁-၂၀၁၃) ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၃) ဖြင့် ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်
ဆက်ကပ်လှူဒါန်းခြင်းခံရသော မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက် မြဟေ၀န်လမ်းရှိ
ဗုဒ္ဓအေးရိပ်သာ တေဇစက္ကီ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ
မဏိဇောတသီရိ အား မုဒုံမြို့နယ်အသင်း (ရန်ကုန်) အလုပ်အမှုဆောင်အဖွဲ့မှ ထပ်ဆင့်
ဂုဏ၀ိသိဋ္ဌပူဇော်ပွဲကို (၂၈-၃-၂၀၁၃)၊ ကြာသပတေးနေ့ နံနက် (၈း၀၀) နာရီအချိန်တွင်
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၀ရဒါဌာဓါတုစေတိယ စွယ်တော်မြတ်စေတီတော်၊
လောက၀ိဒူဓမ္မာရုံ (မုဒုံမြို့နယ်အသင်း-ရန်ကုန်) ၌ ဒဿမအကြိမ်မြောက် ဂုဏ၀ိသိဋ္ဌ
ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မုဒုံအသင်း-ရန်ကုန်မှ အသင်းသား (၁၀၀) ကျော်
တက်ရောက်ပူဇော်ခဲ့ကြသည်။
ဆရာတော်သည်
(၂၉-၃-၂၀၁၃) ရက်နေ့တွင် မုဒုံမြို့သို့ပြန်လည်ကြွရောက်တော်မူပြီး ယင်းနေ့
ညနေပိုင်းတွင် မုဒုံမြို့တွင်းလှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရှိရသည်။
တပည့်ဒါယကာ/ဒါယိကာမများနှင့်အတူ မုဒုံမြို့အတွင်း လှည့်လည်အပူဇော်ခံစဉ် |
|
ဆရာတော်အား ပင့်ဆောင်လာသည့် မုဒုံမြို့နယ်မှ တပည့်ဒါယကာ/ဒါယိကာမများ |
=============
(၁) ဘွဲ့တော် - မဏိဇောတသီရိ
(၂) ကျောင်းတိုက် - ဗုဒ္ဓအေးရိပ်သာ တေဇစက္ကီဝိပဿနာ၊ ကမ္မဋ္ဌာန်းကျောင်းတိုက်၊ မြဟေ၀န်
(ဆည်မြောင်းလမ်း)၊ မုဒုံမြို့၊ မွန်ပြည်နယ်
(၃) သက်တော် - ၅၀ နှစ်
(၄) သိက္ခာတော် - (၃၀) ၀ါ၊
(၅) ဂိုဏ်း - မူလဒွါရဂုဏ်
(၆) မွေးသက္ကရာဇ် - 1352 ခုနှစ် ကဆုန်လဆန်း (၂) ရက်
(၇) ဇာတိရပ်ရွာ - ပဲခူးတိုင်းဒေသကြီး၊ ပြည်ခိုင်ရိုင်၊ ပန်းတောင်မြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်
ကျေးရွာ၊
(၈) ခမည်းတော် - ဦးသာမြိုင်
(၉) မယ်တော် - ဒေါ်ခင်ကြည်
သာသနာဘောင်အတွင်းဖြတ်သန်းရာ
==================
ဆရာတော်အား 1336 ခုနှစ် တန်ခူးလဆန်း (၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်၊ မြောင်ရှည်ကျေးရွာ၊ မြေနီကုန်းကောင်းတွင် ရွှေတောင်မြို့၊ စက္ကပဇ္ဖောတာရုံ ပန်းတောင်ကျောင်းဆရာတော် ဘဒ္ဒန္တစက္ကာဝုဓ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) ကို ဥပဇ္ဈာယ်ပြု၍ ဦးဖိုးရင်+ဒေါ်ငြိမ်းအေးမိသားစု တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ လှိုင်ဂါတ်လမ်း၊ သီရိမင်္ဂလာရုံကျောင်း စာသင်တိုက် ကလျာဏစာရီ (ခဏ္ဍ) သိမ်၌ ၀ိသုတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဒဿနယကို ဥပဇ္ဈာယ်ပြု၍ မိုးညိုမြို့နယ် ထိန်တောကျေးရွာ ဦးလေးမောင်+ဒေါ်ခင်ကြည် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ရှိတော်မူခဲ့သည်။ ဆရာတော်သည် အနယ်နယ်အရပ်ရပ်ရှိ ပရိယတ္တိ စာသင်တိုက်များတွင် စာပေသင်ယူခဲ့ပြီး (ပထမကြီး) တန်းအထိ အောင်မြင်တော်မူခဲ့သည်။
သာသနာရေးဆောင်ရွက်ချက်များ
=================
သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်တွင် ပြည်နယ်သံဃနာယကအဖွဲ့ဝင် (မူလဒွါရ) ဆရာတော် အဖြစ်ဆောင်ရွက်တော်မူခြင်း၊ကမ္မဋ္ဌာန်းနည်းပြသက်တမ်း (၂၀) နှစ်ရှိပြီး အချိန်ပြည့်ယောဂီ ၁၁၀ ဦး အချိန်ပိုင်းယောဂီ (၂၅၀) ဦးတို့အားကမ္မဋ္ဌာန်း တရားများဟောကြားပြသလျှက်ရှိပြီး ကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင်လှစ်ပေးခြင်း၊ အမျိုးဘာသာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇွဲလုံ့လ ၀ီရိယကြီးမားစွာဖြင့် ဆောင်ရွက်တော်မူခြင်း၊ ထေရ၀ါဒကမ္မဋ္ဌာန နယူပဒေသဂုဏ် ၀ိပဿနာဓုရ၀ဟဂုဏ်၊ သီလ၊ သမာဓိ၊ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် ရဟန်း၊ ရှင်၊ လူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူပါသည်။