အခမ်းအနားတက်ရောက်လာကြသော ဆရာတော်ကြီးများ |
မုဒုံမြို့နယ်လုံးဆိုင်ရာ ဓမ္မစရိယနှင့် (၅၅) ကြိမ်မြောက်စာအောင်သံဃာတော်များဆုနှင်းသဘင်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသားသင်တန်းသူများ အောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ (11-3-2013) ရက်နေ့၊ မွန်းလွဲ (၁) နာရီက မုဒုံမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မုဒုံမြို့နယ်ရှိ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဒေါက်တာမင်းနွယ်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သံဃာဆွမ်းလောင်းအဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဗုဒ္ဓဘာသာဝင်များတက်ရောက်ပူဇော် ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် မုဒုံမြို့နယ်မှ ဒါယကာ/ဒါယိကာမများက ဆွမ်းဆန်စိမ်းများနှင့်
လှူဖွယ်ဝတ္ထုများကို ကန်ကြီးစေတီ တော်ဝင်းအတွင်းရှိ ဒေါ်ကြူ တန်ဆောင်နှင့်
ဆင်နှစ်ကောင်တန်ဆောင်များတွင် လှူဒါန်းကြရာ တက်ရောက်လာကြသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များမှ အလှူတော်ခံ ယူတော်မူပေကြသည်။
ယခုနှစ်တွင် မုဒုံမြို့နယ်အတွင်း သာသနာ့ဓဇ ဓမ္မစရိယ အရှင်သိရိဓဇ နှင့် သာသနာ့ဓဇသိရီပ၀ရဓမ္မစရိယ အရှင်ကစ္စာယန အပါအ၀င် ပထမကြီးတန်းအောင် (၄၅) ပါး၊ ပထမလတ်တန်းအောင် (၇၄) ပါး၊ ပထမငယ်တန်းအောင် (၈၅) ပါး တို့ဖြစ်ကြောင်းသိရှိရသည်။
အခမ်းအနားတက်ရောက်လာသော စာအောင်သံဃာတော်များ |
အခမ်းအနားတက်ရောက်လာသောဝန်ကြီးဒေါက်တာမင်းနွယ်စိုးနှင့် ပရိတ်သတ်များ |
အခမ်းအနားကျင်းပစဉ် |
အခမ်းအနားကျင်းပရာ မုဒုံမြို့သာသနာ့ဗိမာန်တော်ကြီး |
| ||
သံဃာတော်များမှ ကန်ကြီးစေတီတော်ဝင်းအတွင်း ဆွမ်းဆန်နှင့် လှူဖွယ်များအလှူတော်ခံယူတော်မူစဉ် |
သံဃာတော်များမှ ကန်ကြီးစေတီတော်ဝင်းအတွင်း ဒေါ်ကြူစောင်းတန်းအတွင်း ဆွမ်းဆန်အလှူခံယူတော်မူစဉ် |
သံဃာတော်များမှ ကန်ကြီးစေတီတော်ဝင်းအတွင်း ဒေါ်ကြူစောင်းတန်းအတွင်း ဆွမ်းဆန်အလှူခံယူတော်မူစဉ် |
No comments:
Post a Comment