Showing posts with label စီးပွါးရေး. Show all posts
Showing posts with label စီးပွါးရေး. Show all posts

Saturday, November 3, 2012

ယခုနှစ်စပါးရိတ်သိမ်းရာသီ မုဒုံမြို့နယ်အပါအ၀င် မွန်ပြည်နယ် အတွင်း ဖလံဖြူပိုးကျရောက်မှုကြောင့် စပါးအထွက်လျော့နည်း



အောင်မြင်ဖြစ်ထွန်းနေသော မုဒုံမြို့နယ်မှ စပါးခင်းတစ်ခု

ယခုနှစ် စပါးရိတ်သိမ်းရာသီတွင် မုဒုံမြို့နယ်အပါအ၀င် မွန်ပြည်နယ်တစ်ခုလုံးနီးပါးတွင် ပိုးဖလံ ကျရောက်မှု ကြောင့် စပါးများ ဖလံဖြူ (အစေ့မပါ) များစွာဖြစ်သဖြင့် လယ်သမားများ များစွာ နစ်နာခဲ့ကြရသည်။
ဖလံဖြူကျနေသော မုဒုံမြို့နယ်မှ စပါးခင်းတစ်ခု  (စက်ဝိုင်းပြထားသောပုံသည် ၀င်းစိန်တောရလျောင်းတော်မူဘုရား)
မုဒုံမြို့နယ် ကမာဝက်ကျေးရွာရှိ လယ်သမားအချို့ဆိုလျှင် ရိတ်စရာမလိုလောက်အောင် စပါးများ ဖလံဖြူ ထိသွားသဖြင့် တစ်ဦးလျှင် ကျပ်သိန်းပေါင်း များစွာဆုံးရှုံးသွားကြရကြောင်းသိရှိရသည်။ ထို့ကြောင့် ယခုလာမည့် မိုးတွင်းကာလတွင် ဆန်းစပါးဈေးနှုန်းကြီးမြင့်မည်ဟုလည်း ခန့်မှန်းချက်များထွက်ပေါ်လျှက်ရှိ သည်။ 

ထိုးစပါးဖျက်ပိုးများသည် ရိုးတံနူးညံ့သော ပေါ်ဆန်းမွှေး၊ ဘေးကြား၊ ကမာကြည် စသည့် စပါးမျိုးများတွင် အများဆုံး ဖျက်ဆီးနိုင်ကြပြီး ရိုးတံရင့်သော အီကလင်၊ အီကလဲ စသည့် စပါးမျိုးများတွင် ဖျက်ဆီးနိုင်စွမ်း မရှိကြောင်းလည်းသိရှိရသည်။  စပါးဈေးနှုန်းများမှာလည်း လက်ရှိအချိန်တွင် ဆန်မွှေးနှင့် ကမာကြည်များကို သာ အများဆုံးစားကြခြင်းကြောင့် အဆိုပါစပါးများမှာ ဈေးကောင်းရသဖြင့် တောင်သူလယ်သမားများ က ပေါ်ဆန်မွှေးများကို အများအပြားစိုက်ပျိုးကြခြင်းကြောင့်လည်း ယခုလို ဖျက်ပိုးကျရောက်ချိန်တွင် အထိနာခဲ့ကြခြင်းဖြစ်သည်။